Wednesday , October 12 2016
Home / သတင်း / ခရီးသွားလာရေးသတင်း

ခရီးသွားလာရေးသတင်း

ကျိုက်ထီးရိုးရှိ ထမင်းဆိုင်များတွင် ခရီးသွားများအား အခမဲ့ တည်းခိုခွင့်ပြုမည်

photo for news no 9

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ အောက်တိုဘာ(၁၀)ရက်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးစေတီတော်၏ ၂၀၁၆-၂၀၁၇ ခုနှစ်ဘုရားပွဲတော်ကာလ အတွင်း တောင်ပေါ်ရှိထမင်းဆိုင်လုပ်ငန်းရှင်များအနေဖြင့် ခရီးသွားများအား အခမဲ့တည်းခိုခွင့်ပေးရန်နှင့် အခြားဝန် ဆောင်မှုများအတွက် သင့်တင့်သောဈေးနှုန်းများကောက်ခံပေးရန် ဂေါပကအဖွဲ့ကမှာကြားထားကြောင်း ကျိုက်ထီးရိုးရှိ ထမင်းဆိုင်လုပ်ငန်းရှင်များထံမှ သိရှိရသည်။

Read More »

မွန်ပြည်နယ်အတွင်းသို့လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားများ ယခင်နှစ်ထက် ပိုများလာ

No 30

ချိုမာအောင် (မြစ်မခ) မွန်ပြည်နယ်အတွင်းသို့ လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များမှာ ၂၀၁၅ ခုနှစ်က ထက်များလာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန(မော်လမြိုင်ရုံးခွဲ)မှ သိရှိရသည်။ မွန်ပြည်နယ်သို့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ပြည်တွင်းခရီးသည် (၁၃)သိန်းကျော်ဝင်ရောက်ခဲ့ ကာ ၂၀၁၅ ခုနှစ်ကထက် (၈)သောင်းကျော်တိုးတက်လာခဲ့ပြီး နိုင်ငံခြားသားခရီးသွားဧည့်သည်မှာ ၂၀၁၆ သြ ဂုတ်လအထိ (၁)သိန်းကျော်ဝင်ရောက်ခဲ့ကာ ၂၀၁၅ ခုနှစ်ကထက် (၂)သောင်းကျော်ပိုမိုဝင်ရောက်လာကြောင်း သိရသည်။

Read More »

ချင်းပြည်နယ်တွင် လူထူအခြေပြု ခရီးသွားလုပ်ငန်းနှင့်အတူ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် လိုအပ်

photo for news no 8

မြတ်မိုးကျော် (မြစ်မခ) ဟားခါး၊ စက်တင်ဘာ(၂၇)ရက်။ ချင်းပြည်နယ်တွင် လူထုအခြေပြု ခရီးသွား လုပ်ငန်းများနှင့် အတူ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါက ခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်ကြောင်း ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ခရီးသွားလုပ်ငန်းများထံမှ သိရှိရသည်။

Read More »

မွန်ပြည်နယ် ပေါင်မြို့နယ် နွားလပို့တောင်စေတီ၌ လာမည့် ပွင့်လင်းရာသီ သဘာဝအခြေခံခရီးသွားလုပ်ငန်း စတင်မည်

photo for news no 2 (2)

ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ စက်တင်ဘာ (၂၆)ရက်။ မွန်ပြည်နယ် ပေါင်မြို့နယ် နွားလပို့တောင်စေတီ၌ လာမည့် ပွင့်လင်းရာသီတွင် သဘာဝအခြေခံခရီးသွား လုပ်ငန်း စတင်လုပ်ကိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။

Read More »

နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသွားများအတွက် လိုင်စင်ရတည်းခိုရန်ခွင့်ပြုထားသည့် ဟိုတယ်၊ မိုတယ် စုစုပေါင်း (၁၃၇၁)လုံးရှိ

IMG_4332

ဝေဖြိုး(မြစ်မခ) နေပြည်တော် စတင်ဘာ (၁၄)ရက်။ မြန်မာနိုင်ငံတစ်နိုင်ငံအတွင်း နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသွားများအတွက် လိုင်စင်ရတည်းခိုရန် ခွင့်ပြု ထားသည့် ဟိုတယ်၊ မိုတယ် စုစုပေါင်း (၁၃၇၁)လုံးရှိပြီး အခန်းပေါင်း(၅၃၀၀၀)ကျော် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရှိရသည်။

Read More »