Thursday , March 8 2018
Home / သတင်း / နည်းပညာသတင်း (page 5)

နည်းပညာသတင်း

ထိုင်းအွန်လိုင်း ဗီဇာစနစ် ဧပြီ(၁) ရက်နေ့ စတင်ကျင့်သုံးမည်

ကိုမင်း(မြစ်မခ) ထိုင်းနိုင်ငံရောက် နိုင်ငံခြားသားများအနေဖြင့် သက်မှတ်ရက် ကျော်လွန်နေထိုင်သူများနှင့် ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်၍ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသူများ Visa လျှောက်ထားရာ၌ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်စစ်ဆေးရေးဝန်ကြီးဌာန Website မှတဆင့် လျှောက်ထားနိုင်ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများအား သတ်မှတ်ထားသော ရက်ပေါင်း(၉၀)အား ကျော်လွန်သူများနှင့် ယာယီ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်၍ အလုပ်လုပ်နေသူများကို ဆိုလိုခြင်းဖြစ်ပြီး Visa လျှောက်ထားလိုသူများသည် လိုအပ်သော စာရွက်စာတမ်းများနှင့် Online ပေါ်တွင် လျှောက်ထားနိုင်ပြီး April (၁)ရက်နေ့တွင် စတင် အသုံး ပြုနိုင်မည်ဖြစ်ကြောင်း ထိုင်းလူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဝေါရဝတ်အမွန်ဝိဝတ် ပြောကြားလိုက်ကြောင်း ထိုင်းနိုင်ငံမှမီဒီယာများ၏ ဖေါ်ပြချက်အရ သိရှိရသည်။

Read More »

ရန်ကုန်မှ မြို့ပတ်ဘူတာ ၁၅ ခု၌ မိုဘိုင်းဖုန်းဖြင့် ရထားလက်မှတ် ၀ယ်ယူနိုင်တော့မည်

ယမုံ(မြစ်မခ)။ ရန်ကုန်မြို့အတွင်း လှည့်လည်နေသည့် မြို့ပတ်ရထားလိုင်းများမှ ဘူတာ ၁၅ ခုသည် လာမည့် ဧပြီပထမပတ်မှ စတင်ကာ မိုဘိုင်းဖုန်းဖြင့် ချိတ်ဆက်ကာ ကွန်ပြူတာစနစ်ဖြင့် မြို့ပတ်ရထားလက်မှတ်ဝယ်ယူနိုင်မည့်အစီအစဉ် ကို စတင်တော့မည်ဖြစ်ကြောင်း မြန်မာ့မီးရထားဌာနမှ သိရသည်။ အဆိုပါကွန်ပြူတာစနစ်ဖြင့် မြို့ပတ်ရထားလက်မှတ်များ ရောင်းချနိုင်ရေးကို မြန်မာ့မီးရထားနှင့် Internet Wallet Limited တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။ 

Read More »

ကွန်ပျူတာစနစ်သုံး ရန်ကုန်မြို့ပတ်ရထားလက်မှတ် အသုံးပြုနိုင်ရေး ပြင်ဆင်နေ

ရန်ကုန်မြို့ပတ် ရထားလက်မှတ်များကို ကွန်ပျူတာစနစ်ဖြင့် ရောင်းချရန် I-Pay ကုမ္ပဏီမှ လေ့လာမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရှိရသည်။ I-Pay ကုမ္ပဏီအနေဖြင့် အဆိုပါမီးရထားလက်မှတ်စနစ်အတွက် ၂၀၁၄ခုနှစ်အတွင်းမှ စတင်ဆောင်ရွက်ခဲ့ခြင်းကြောင်း သိရသည်။

Read More »

ဟန်းဆက်သုံးပါက မက်ဆေ့နှင့် မိနစ်(၁၀၀) ဖုန်းပြောခ (၆)လဆက် အလကားပေးမည်

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားသည့် နိုင်ငံခြားကုမ္ပဏီများထဲမှ တစ်ခုအပါအ၀င်ဖြစ်သော တယ်လီနောမှ ဖုန်းဆင်းကဒ်များရောင်းချပြီး တစ်ပတ်ခန့်အကြာတွင် ဖုန်းဟန်းဆက်များပါ ဆက်လက်ရောင်းချလျေက်ရှိကြောင်း ရန်ကုန်မြို့ တယ်လီနော ဖုန်းအရောင်းကိုယ်စားလှယ်ဆိုင်များမှ သိရှိရသည်။ တယ်လီနော (မြန်မာ)မှ  ဖုန်းဆင်းကဒ်များကို နေပြည်တော်၊မန္တလေးမြို့နယ်တို့တွင် အောက်တိုဘာလ ပထမပတ်အတွင်း စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် အောက်တိုဘာ(၂၆)ရက်နေ့မှသာ စတင် ရောင်း ချနိုင်ခဲ့ခြင်းဖြစ်ပြီး (၄)ရက်အကြာတွင် တယ်လီနောမှ ဟန်းဆက်များ စတင်ရောင်းချခြင်းဖြစ်သည်။

Read More »

တယ်လီနောဆင်းကဒ် ရန်ကုန်မြို့တွင် စတင်ရောင်းချ လာရောက်ဝယ်ယူသူများပြားလျက်ရှိ

တယ်လီနောဆင်းကဒ်များ အောက်တိုဘာလ(၂၆)ရက် နံနက်(၁၀း၀၀)နာရီမှ စတင်၍ ရန်ကုန်မြို့ရှိ အရောင်းကိုယ်စားလှယ်ဆိုင်များတွင် စတင်ရောင်းချလျက်ရှိသည်ကြောင်း အရောင်းကိုယ်စားလှယ်ဆိုင်များမှ သိရသည်။ တယ်လီနောဆင်းကဒ်များ ၀ယ်ယူရန်အတွက် သက်ဆိုင်ရာ အရောင်းဆိုင်များတွင် နံနက် (၈း၀၀)နာရီ အချိန်မှစတင်၍  ပြည်သူများမှ စောင့်ဆိုင်းဝယ်ယူခြင်းများ ပြုလုပ်လျက်ရှိသည်။

Read More »