Thursday , June 1 2017
Home / သတင်း / နည်းပညာသတင်း (page 4)

နည်းပညာသတင်း

မဲမသာမာမှုများအား အချက်အလက်ဖြင့်တိုင်ကြားနိုင်သည့် Kyeet software

သီဟလွင်(မြစ်မခ)   ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ၊ ဆန္ဒမဲပေးသည့်နေရာမှ မှားယွင်းနေမှုများ မဲမသမာမှု များကို စောင့်ကြည့်ကာ တိုင်ကြားနိုင်သည့် Kyeet software သစ်ကို အောက်တိုဘာ (၂၂)ရက်နေ့က ပြည်မြို့တွင် မိတ်ဆက်ပွဲပြုလုပ်ခဲ့သည်။ စမတ်ဖုန်းအတွင်း ထည့်သွင်းအသုံးပြုနိုင်သော Kyeet software မိတ်ဆက်ပွဲကို ပြည်မြို့ရှိ တယ်လီနော အလင်းအိမ်တွင် ပြုလုပ်ကာ အဆိုပါပွဲသို့ လာရောက်သည့် လူမှုအဖွဲ့အစည်းများ၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာမည့် စေတနာ့ဝန်ထမ်းများနှင့် ဒေသခံများ၏  လက်ကိုင် စမတ်ဖုန်းများအတွင်းသို့ Kyeet software ထည့်သွင်းပေးကာ အသုံးပြုပုံကို ရှင်းလင်းခဲ့ကြသည်။

Read More »

မြန်မာပြည်၌ သံငြမ်းဆင်နည်းပညာ လိုအပ်ချက်ရှိလာ

ထက်မြက် -မန္တလေး(မြစ်မခ) မန္တလေးမြို့ မင်္ဂလာမန္တလေးစီမံကိန်းအတွင်းရှိ Pullman Hotel တည်ဆောက်ရေးစီမံကိန်း ကွန်ကရစ်လောင်း စဉ် သံငြမ်းပိုက်များပြိုကျခဲ့ခြင်းကြောင့် အသက်သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ သံငြမ်းဆင် နည်းပညာဆိုင်ရာ လိုအပ်ချက်များရှိလာပြီဖြစ်ကြောင်း C.A.D ဆောက်လုပ်ရေး မန်နေဂျင်းဒါရိုက်တာ ဦးဇင်မင်းဆွေက အကြံပြု ပြောကြားလိုက်သည်။ “ သံပိုက်နဲ့ ငြမ်းဆင်တဲ့ အလုပ်ကို မရင်းနှီးသေးဘူး၊ တကယ်တမ်းဖြစ်ဖြစ် သံနဲ့ပဲ ထောက်ထောက်၊ သစ်သားနဲ့ပဲ ထောက်ထောက် ငြမ်းနဲ့ပက်သက်ပြီး အင်ဂျင်နီယာလိုနေပြီဆိုတာ အခုဖြစ်စဉ်က မီးမောင်းထိုးပြလိုက်တာ၊ သစ် သားငြမ်းဟာ  မိရိုးဖလားဖြစ်ပြီး၊ ဘာမှ မဖြစ်ခဲ့ပေမယ့် သံငြမ်းမှာ ပြဿနာနည်းနည်း ရှိနေတာ လက်တွေ့ သိ လိုက်ရပြီပေါ့။ အဲဒီအတွက် နည်းပညာပိုင်းဆိုင်ရာ ယူရပါလိမ့်မယ်။ ဆောက်လုပ်ရေး …

Read More »

မိုးညှင်းမြို့၌ အောရီးဒူးဖုန်းကဒ်ဖြင့် အင်တာနက်အသုံးပြုပြီး MPT ဆင်းကဒ်ကို ဖုန်းပြောရာတွင် အသုံးပြုနေ

သန်းထွန်း (မြစ်မခ) ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ အင်တာနက်သုံးရန်အတွက် အော်ရီဒူးဆင်းကဒ်များကို အသုံးပြုကြပြီး MPT ဆင်းကဒ်များကို ဖုန်းပြောရန်အတွက်သာ သုံးစွဲနေကြကြောင်း မိုဘိုင်းဖုန်း သုံးစွဲသူဒေသခံများထံမှ သိရှိရသည်။ “MPTစပေါ်စမှာ 2Gနဲ့ စပြီး။ 3G ဖြစ်လာပေမယ့် နောက်ပိုင်း 3G နဲ့ စရောင်းခဲ့တဲ့ အော်ရီဒူးဆင်းကဒ်က အသုံးများခဲ့တယ်။ လူအများစုက အရည်အသွေးနဲ့ဈေးနှုန်းအပေါ်မှာ လူကြိုက်များကြတယ်။ ဖုန်းဘေလ် သက်သာပြီး လိုင်အားကောင်းတယ်ဆိုရင် ဒီဆင်းကဒ်က ရောင်းအားလည်းကောင်းတော့ တာပါပဲ။” ဟု မိုးညှင်းမြို့ပေါ်မှ ဆန်းသစ် အီလက်ထရောနစ်ဆိုင် ပိုင်ရှင် ဦးကြည်မြင်က ပြောသည်။

Read More »

မိုဘိုင်းဖုန်းများ ရေစိုဒဏ်ခံနိုင်အောင်ပြုလုပ်ပေးသည့် နာနိုဆစ်ဝန်ဆောင်မှု တာချီလိတ်၌ စတင်

ကိုမင်း-တာချီလိတ် (မြစ်မခ) မိုဘိုင်းဖုန်းများအား Nanosist နည်းပညာဖြင့် ပေါင်းခံကာ ရေစိုဒဏ်ခံနိုင်အောင် ပြုလုပ်ပေးသည့် မြန်မာ့ပထမဆုံးဟု ဆိုသည့် မိုဘိုင်းဖုန်းဆားဗစ်ဝန်ဆောင်မှုလုပ်ငန်းကို တာချီလိတ်မြို့၌ စတင်ဝန်ဆောင်မှုပေးနေ ပြီဖြစ်ကြောင်း သိရှိရသည်။ “Nanosist နည်းပညာကို အနောက်နိုင်ငံတွေမှာတော့ တွင်ကျယ်စွာ အသုံးပြုနေပါတယ်၊ ကျွန်တော်တို့ အာရှမှတော့ အဲ့လောက် ခေတ်မစားသေး၊ ကျွန်တော်က ထိုင်းနိုင်ငံက တင်သွင်းထားတာပါ မြန်မာနိုင်ငံမှာတော့ ကျွန်တော် ပထမဆုံးပဲ”ဟု ၀န်ဆောင်မှုပေးသော App Studio ပိုင်ရှင် စိုင်းထွန်းပွင့်က ပြောသည်။

Read More »

ထိုင်းအွန်လိုင်း ဗီဇာစနစ် ဧပြီ(၁) ရက်နေ့ စတင်ကျင့်သုံးမည်

ကိုမင်း(မြစ်မခ) ထိုင်းနိုင်ငံရောက် နိုင်ငံခြားသားများအနေဖြင့် သက်မှတ်ရက် ကျော်လွန်နေထိုင်သူများနှင့် ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်၍ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသူများ Visa လျှောက်ထားရာ၌ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်စစ်ဆေးရေးဝန်ကြီးဌာန Website မှတဆင့် လျှောက်ထားနိုင်ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများအား သတ်မှတ်ထားသော ရက်ပေါင်း(၉၀)အား ကျော်လွန်သူများနှင့် ယာယီ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်၍ အလုပ်လုပ်နေသူများကို ဆိုလိုခြင်းဖြစ်ပြီး Visa လျှောက်ထားလိုသူများသည် လိုအပ်သော စာရွက်စာတမ်းများနှင့် Online ပေါ်တွင် လျှောက်ထားနိုင်ပြီး April (၁)ရက်နေ့တွင် စတင် အသုံး ပြုနိုင်မည်ဖြစ်ကြောင်း ထိုင်းလူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဝေါရဝတ်အမွန်ဝိဝတ် ပြောကြားလိုက်ကြောင်း ထိုင်းနိုင်ငံမှမီဒီယာများ၏ ဖေါ်ပြချက်အရ သိရှိရသည်။

Read More »