Monday , May 29 2017
Home / သတင်း / နည်းပညာသတင်း (page 16)

နည်းပညာသတင်း

ဆက်သွယ်ရေးရုံးများ၌သာ ရောင်းချမည့် တစ်သိန်းနှင့် တစ်သိန်းနှစ်သောင်းတန် ဖုန်းကတ်များ

ဇန်န၀ါရီလ ဒုတိယအပတ်အတွင်း ထွက်ရှိမည့် တန်ဖိုးနည်း မိုဘိုင်းဖုန်းကတ်များအား မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းရုံများ၌သာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ GSM ဖုန်းကတ်အတွက် ကျပ်တစ်သိန်းနှင့် WCDMA ဖုန်းကတ်အတွက် ကျပ်တစ်သိန်းနှစ်သောင်းနှုန်း သတ်မှတ်ရောင်းချမည်ဖြစ်ကြောင်းနှင့် အလုံးရေ ကန့်သတ်ချက်မရှိပဲ တစ်နိုင်ငံလုံးသို့ တပြိုက်နက် ရောင်းချသွားမည်ဖြစ်သည်။

Read More »

ဖိုက်ဘာအင်တာနက်လိုင်း တပ်ဆင်ခနှုန်းထား လျော့ကျလာ

ယခင်က ငွေကျပ် (၇)သိန်းခွဲဖြင့် ရောင်းချနေသည့် ဖိုက်ဘာအင်တာနက်လိုင်းတပ်ဆင်ခများကို ယခုအခါ ငွေကျပ် (၅)သိန်းသို့ ဈေးနှုန်းလျှော့ချ ရောင်းချလာကြာင်း သိရသည်။ အဆိုပါ ဖိုက်ဘာအင်တာနက်လိုင်းများကို Elite Tech ကုမ္ပဏီနှင့် Fortune ကုမ္ပဏီတို့မှ ရန်ကုန်မြို့ အတွက် တပ်ဆင်ပေးနေကြခြင်း ဖြစ်သည်။ ဖိုက်ဘာအင်တာနက်လိုင်းများအား 512 Kbps, 1Mbps, 2Mbps ဟူ၍ ခွဲခြားရောင်းချနေခြင်း ဖြစ်ပြီး 4Mbps အင်တာနက်လိုင်း အတွက် သီးခြားလျှောက်လွှာများ တင်နိုင်ကြောင်းကိုလည်း သိရသည်။ “လစဉ်ကြေးများနဲ့ နှစ်စဉ်ကြေးတွေကိုတော့ ပြောင်းလဲခြင်း မရှိဘဲ ကနဦး တပ်ဆင်ခကိုသာ လျှော့ချ ခဲ့ခြင်းဖြစ်တယ်”ဟု Fortune ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Read More »

လျှော့ချပေးသည့်နှုန်းထားအလိုက် အရစ်ကျဖုန်းကဒ် ၀ယ်ယူထားသူများပါ ခံစားခွင့်ရရှိမည်

ယခုလဆန်းပိုင်းအတွင်း ဈေးနှုန်းလျော့ရောင်းချပေးမည့် GSM မိုဘိုင်းဖုန်းကဒ်များအား လျှော့ချပေးသည့် ဈေးနှုန်းအတိုင်း ယခင်က အရစ်ကျစနစ်ဖြင့်ဝယ်ယူခဲ့သော မိုဘိုင်းဖုန်းကဒ်ဝယ်ယူသူများပါ ခံစားရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။ ကျေးလက်နေပြည်သူများအတွက် မိုဘိုင်းတယ်လီဖုန်းများကို အရစ်ကျစနစ်ဖြင့် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက စတင်ပြီး တပ်ဆင်ပေးရာတွင် အိမ်ခြေပေါင်း ၂ သန်းကျော်ခန့်နှင့် လူဦးရေပေါင်း ၁၁ သန်းကျော် အထိလွှမ်းခြုံကာ ဒီဇင်ဘာလဆန်းအထိ ကျေးရွာပေါင်း ၅၀၀၀ ကျော်မှ ပြည်သူများအတွက် မိုဘိုင်းတယ်လီဖုန်းပေါင်း လေးသိန်း ငါးသောင်းခန့်ကို တပ်ဆင်ပေး ခဲ့ပြီးဖြစ်သည်။

Read More »

ATMစက်များ၌ CUPကတ်များနှင့်လည်း ငွေထုတ်ယူနိုင်

သမ၀ါယမဘဏ်(CB Bank) ၏ ATMစက်များ၌ ဇန်န၀ါရီလပိုင်းမှ စတင်၍ China Union Pay (CUP)ကတ်များဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးစတင်ငွေထုတ်ယူနိုင်မည်ဖြစ်သည်။ ကမ္ဘာအကြီးမားဆုံး ငွေပေးချေမှုကတ်ဖြစ်သည့် Union Pay မှ ထုတ်ဝေသော China Union Pay (CUP) ကတ်ပိုင်ရှင်များသည် မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ သမ၀ါယမဘဏ်လီမီတက် (CB Bank) ၏ ATMစက် အလုံး(၅၀)တွင် ၂၀၁၃ခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့မှ စတင်ငွေထုတ်ယူနိုင်ခြင်းဖြစ်သည်။

Read More »