Friday , March 9 2018
Home / သတင်း / နည်းပညာသတင်း (page 10)

နည်းပညာသတင်း

လူငယ်များအတွက် Mobile Software သင်တန်းပို့ချမည်

လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် မိုဘိုင်းဖုန်း ဆော့ဝဲလ် ပြုပြင်နည်း သင်တန်း အမှတ်စဉ် (၂)ကို ဇူလိုင်လ ၂၇ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဟု မြန်မာ့လူငယ်အရင်းအမြစ် အသိုက်အ၀န်းမှ (Myanmar Youth Resource Society- MYRS) မှ သိရသည်။

Read More »

Telenor က မိုဘိုင်းဖုန်းအသုံးပြုခ ၂၅ကျပ် အောက်လျှော့ချမည်ဟု တရားဝင် ပြောကြား

Telenor Myanmar ကုမ္ပဏီအနေဖြင့် ပြည်တွင်း မိုဘိုင်းဖုန်းအသုံးပြုခများကို တစ်မိနစ်၂၅ ကျပ်ဈေးနှုန်းအောက် လျှောချပေးမည်ဟု အမူဆောင်အရာရှိချုပ် (CEO) Petter Furberg က ပြောသည်။ အများပြည်သူများ အသုံးပြုရာတွင်အဆင်ပြေစေရန် မိုဘိုင်းဖုန်းအသုံးပြုခများကို ၂၅ ကျပ်အောက် လျှောချ ကောက်ခံရခြင်းဖြစ်ကြောင်းနှင့် စတင်လုပ်ဆောင်သည့် အခါတွင်လည်း 2G နှင့် 3G ကွန်ယက်ကိုပါ တခါတည်း လုပ်ဆောင်သွားမည်ဟု သိရသည်။

Read More »

Telenor အမှုဆောင် အရာရှိချူပ် မီဒီယာများနှင့် ပထမဆုံးအကြိမ်တွေ့ဆုံမည်

Telenor  Group သည် Mr.PetterFurberg အား TelenorMyanmarအမှုဆောင် အရာရှိချုပ်အဖြစ် ခန့်အပ်လိုက်သည်ဟု ဇူလိုင်လ(၁၂)ရက်နေ့က ကြေညာသည်။ MrPetterFurberg သည် လက်ရှိ Telenorမှ ရှုယ်ယာအများဆုံးပိုင်ဆိုင်သည့် ထိုင်နိုင်ငံ၏ ဒုတိယ အကြီးဆုံးမိုဘိုင်းအော်ပရေတာဖြစ်သည့် dtac မှ ဘဏ္ဍာရေး အရာရှိချုပ်အဖြစ် တာဝန်ယူနေသူ ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် ခေတ်မီတယ်လီဖုန်း ဆက်သွယ်ရေးကွန်ယက် နှင့် သက်ဆိုင်ရာဝန်ဆောင်မှုများအား လျင်မြန်စွာ စတင်နိုင်ရေး တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

Read More »

Game Developer နှင့် Animator များ မွေးထုတ်ပေးနိုင်ရေး Info Talk ပြုလုပ်မည်

  Game & Animation ဘာသာရပ်များအား အထူးပြုသင်ကြားပို့ချသော စင်ကာပူနာမည်ကျော် MAGES Institute of Excellent ၏ ကျောင်းတာဝန်ရှိသူမှ မြန်မာကျောင်းသားများအတွက် Game Design & Animation Info Talk Show တစ်ခု ကျင်းပပြုလုပ်ပေးမည်ဖြစ်သည်။ MAGES Institute အနေဖြင့် ထူးချွန်မြန်မာကျောင်းသားများအတွက် တစ်စိတ်တစ်ပိုင်းပညာသင် ထောက်ပံ့ကြေး(၂၀%) ပေးအပ်ချီးမြင့်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။ ၂၀၁၀ ခုနှစ်တွင် တည်ထောင်ခဲ့စင်္ကာပူ MAGES Institute သို့ တက္ကသိုလ်ဝင်တန်းအောင် မြန်မာ ကျောင်းသားများအနေဖြင့်Diploma in Game Design နှင့် Diploma in Animation ဘာသာရပ် များကို လည်းကောင်း၊ …

Read More »

ပြည်ပနိုင်ငံများသို့ အလွယ်တကူဖုန်းခေါ်ဆိုနိင်မည့် Ytalk card အခမဲ့ ဝန်ဆောင်မှုစတင်

မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ အလွယ်တကူဖုန်းခေါ်ဆိုနိုင်သည့် Ytalk card များအား VMG Telecoms companyမှ လွန်ခဲ့သည့် ဒီဇင်ဘာလကတည်းက စတင်ရောင်းချခဲ့ခြင်းဖြစ်သည်ဟု VMG Telecoms companyမှ Marketing manager မဖြိုးမီမီရှိန်ကဆိုသည်။

Read More »