Friday , September 22 2017
Home / သတင်း / အားကစားသတင်း (page 5)

အားကစားသတင်း

ကမ္ဘာကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲကို မြန်မာနိုင်ငံတွင် (၁)နှစ် (၁)ပွဲနှုန်းကျင်းပနိုင်ရန် မြန်မာလက်ခမောင်း ကုမ္ပဏီမှ စီစဉ်နေ

မြင့်ဟိန်း(မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ (၇) ရက်။ မြန်မာနိုင်ငံတွင်ခေတ်စားလာသည့် ကမာ့္ဘကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲကို မြန်မာနိုင်ငံတွင် (၁)နှစ်လျှင်(၁)ပွဲနှုန်း ကျင်းပ နိုင်ရန် မြန်မာ့လက်ခမောင်းကုမ္ပဏီမှစီစဉ်နေကြောင်း သိရသည်။ လက်ရှိတွင် မြန်မာ့လက်ခမောင်းကုမ္ပဏီအနေဖြင့် ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲကို စီစဉ်ကျင်းပနေသည့် ဝမ်း ချန်ပီယံရှစ်အဖွဲ့အစည်းနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံတွင်ကျင်းပနေခြင်းဖြစ်သည့်အပြင် ၂၀၁၆ ခုနှစ်မှစတင်ကာ (၁)နှစ်(၁)ပွဲနှုန်း ဆက်လက်ပြုလုပ်နိုင်ရန်စီစဉ်နေခြင်းဖြစ်သည်။

Read More »

မလေးရှားဆီးဂိမ်း ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ(၂၂)အမျိုးသားအသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင် တာဝန်ယူ ကိုင်တွယ်မည်

မြင့်ဟိန်း (မြစ်မခ) ရန်ကုန်၊ သြဂုတ် (၃၁) ရက်။ မလေးရှားနိုင်ငံတွင်ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲဝင်ပြိုင်ရန်ရှိနေသည့် မြန်မာယူ(၂၂)အမျိုးသားဘောလုံးအသင်း ကို နည်းပြချုပ်အဖြစ်ဦးကြည်လွင်မှ တာဝန်ယူကိုင်တွယ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချူပ်ထံမှ သိရှိရသည်။ “နည်းပြချုပ်အဖြစ်ဦးကြည်လွင်ကို တာဝန်ပေးဖို့ပြောဆိုထားပြီးပါပြီ။ ပြိုင်ပွဲက ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှာဆို တော့ ပြင်ဆင်ချိန်လုံလောက်ပါတယ်။”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။  

Read More »

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ဥရောပခြေစမ်းခရီးစဉ်အတွင်း အင်တာမီလန်လူငယ်အသင်းများနှင့် ကစားနိုင်ရန်စီစဉ်နေ

မြင့်ဟိန်း(မြစ်မခ) ရန်ကုန်၊ သြဂုတ် (၃၀) ရက်။ ၂၀၁၇ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအတွက် အကြိုလေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းသည် ဥရောပခြေစမ်းခရီးစဉ်အတွင်း အင်တာမီလန်လူငယ်အသင်းများနှင့် ကစားနိုင်ရန်စီစဉ် နေကြောင်း သိရှိရသည်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် စက်တင်ဘာ ၁၃ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် ဆိုက်ပရစ်နိုင်ငံများတွင် ခြေစမ်းပွဲများ ကစားမည်ဖြစ်ပြီး အင်တာမီလန်အသင်း  နှင့်ပါ ကစားနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

Read More »

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် ဇွဲကပင်ယူနိုက်တက်အသင်း ဝင်ပြိုင်တော့မည် မဟုတ်ကြောင်း တရားဝင်ထုတ်ပြန်

မြင့်ဟိန်း (မြစ်မခ) ရန်ကုန်၊ သြဂုတ် (၂၃) ရက်။ ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် ဇွဲကပင်ယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ် ကြောင်း အဆိုပါအသင်းမှ တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်သည်။ အဆိုပါတရားဝင်ကြေညာချက်ကို ဇွဲကပင်ယူနိုက်တက်အသင်းဖေ့စ်ဘွတ်စာမျက်နှာမှတဆင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး သြဂုတ် ၂၃ ရက်တွင်ပြုလုပ်သည့် အသင်းအစည်းအဝေး၌ ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

Read More »

စကိတ်စီးသရုပ်ပြပွဲမှရရှိသည့် အလှူငွေများကို မကွေးနှင့် ပြည်မြို့ရှိ ရေဘေးသင့်ပြည်သူများထံလှူဒါန်းမည်

မြင့်ဟိန်း (မြစ်မခ) ရန်ကုန်၊ သြဂုတ် (၁၆) ရက်။ မြန်မာနိုင်ငံစကိတ်စီးဝါသနာရှင်များအသင်းအနေဖြင့် စကိတ်စီးသရုပ်ပြပွဲ (၂)ရက်ပြုလုပ်ခဲ့ရာမှ ရရှိခဲ့သည့် အ လှူငွေများကို မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တို့ရှိ ရေဘေးသင့်ပြည်သူများထံ သွား ရောက်လှူးဒါန်းမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံစကိတ်စီးဝါသနာရှင်များအသင်းသည် စကိတ်စီးသရုပ်ပြပွဲကို သြဂုတ် ၁၀ ရက်က အလုံမြို့ နယ်နှင့် ကျောက်တံတားမြို့နယ်တို့၌့ ပြုလုပ်၍ အလှူခံခဲ့ပြီး သြဂုတ် ၁၄ ရက်ကလည်း ဗဟန်းမြို့နယ်ရှိ နှစ်ကျိပ်ရှစ်ဆူ ဓမ္မာရုံတွင် သရုပ်ပြအလှူခံခဲ့ကြောင်း သိရသည်။ “ဒီနှစ်မှာတော့ (၂)ရက်ပေါင်းကို (၁၅)သိန်းလောက်ရပါတယ်။ ဒီတိုင်း အလှူခံတာထက်စာရင် ကိုယ်တတ်ထား တဲ့ ပညာလေးနဲ့ အလှူခံမှကောင်းတယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အလှူခံခဲ့တာပါ။”ဟု မြန်မာနိုင်ငံ စကိတ်စီး ဝါသနာရှင်များ အသင်း …

Read More »