Monday , May 29 2017
Home / သတင်း / အားကစားသတင်း (page 14)

အားကစားသတင်း

မြန်မာဆီးဂိမ်း၌ အားကစားနည်း(၃၃)မျိုး ထည့်သွင်းယှဉ်ပြိုင်မည်

လာမည့်ဒီဇင်ဘာလအတွင်းမြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA GAME)၌ အားကစားနည်းပေါင်း ၃၃ မျိုး ထည့်သွင်းယှဉ်ပြိုင်မည်ဖြစ်သည်။ ဆီဂိမ်းအကြိုပြိုင်ပွဲအနေဖြင့် Pre Sea Game အား လာမည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

Read More »

FA မှ ပြစ်ဒဏ်ခံရဖွယ်ရှိသည့် ဖာဂူဆန်

မန်ချက်စတာယူနိုက်တက်မန်နေဂျာ ဆာအဲလက်စ်ဖာဂူဆန်အနေဖြင့် ပြီးခဲ့တဲ့ စပါးအသင်းအိမ်ကွင်းတွင် ကစားခဲ့စဉ်က ရသင့်သည့် ပယ်နယ်တီ မပေးခဲ့သော စည်းကြပ်ဒိုင်ကို ဝေဖန်ခဲ့မှုကြောင့် FAမှ ပြစ်ဒဏ်ပေးခံရဖွယ်ရှိကြောင်း သိရသည်။ “ မန်ချက်စတာယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ်ဖာဂူဆန်ကို မန်ယူ-စပါးပွဲ အပြီးမှာ မီဒီယာတွေကို ပြောခဲ့တဲ့ စကားတွေနဲ့ပါတ်သက်လို့ ဆက်သွယ်ခဲ့ပြီးပါပြီ “FA မှ တာဝန်ရှိသူက ပြောသည်။ အထက်ပါကိစ္စတွင် ဖာဂူဆန်အနေဖြင့် စည်းကြပ်ဒိုင် ဆိုင်မွန်ဘက်ကအား စပါးကစားသမားကော်လူကာမှ ၀ိန်းရူနီအပေါ် ပင်နယ်တီဧရိယာအတွင်း (၆၃)မိနစ်၌ ကြမ်းတမ်းစွာကစားခဲ့သည့်အပေါ်တွင် ပြစ်ဒဏ်မပေးခဲ့သည့်အတွက် ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

Read More »

ကြားရက်ကန်ကြမယ့် ဘောလုံးပွဲစဉ်များခန့်မှန်း

ဒီတစ်ပတ်ကြားရက်ထဲမှာ ကန်မယ့် AFN ၊Spanish Cup Quarter Final ၊ English League Cup နဲ့ English Premier League ပွဲကျန်တစ်ပွဲထဲက အနိုင်ရနိုင်ခြေအများဆုံးအသင်းတွေနဲ့ ဂိုးခန့်မှန်းရလဒ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ Spainish Cup နဲ့ League Cup က ဒုတိယအကျော့ပွဲစဉ်တွေ ဖြစ်ပါတယ်။ ပထမအကျော့က ရလဒ်တွေနဲ့ ယှဉ်ပြီး စဉ်းစားဖို့ လိုပါလိမ့်မယ်။ အောင်မြင်မှုရရှိနိုင်ကြပါစေ။

Read More »

ပထမအကြိမ်ရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲ ကျင်းပမည်

အရှေ့တောင်အာရှအားကစားပွဲတော်အကြိုလှုံ့ဆော်လှုပ်ရှားမူအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ တစ်ရပ်အား ဇန်န၀ါရီလ(၂၇)ရက်နေ့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်စည်ပင်သာယာရေးကော်မတီမှ သိရှိရသည်။ “အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲက ပထမဆုံးအကြိမ်ပါ။ မြန်မာပြည်က အားကစားသမား ၅၀၀ ကျော်လောက်ပါဝင် မယ်။” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူတစ်ဦးကပြောသည်။

Read More »