Friday , September 22 2017
Home / သတင်း / အားကစားသတင်း (page 10)

အားကစားသတင်း

အမျိုးသားအားကစားပွဲတော်၌ ရိုးရာခြင်းလုံးပြိုင်ပွဲ ပါဝင်

နေပြည်တော်တွင် ကျင်းပမည့်အမျိုးသားအားကစားတော်၌ မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ သိရှိရသည်။ အမျိုးသားအားကစားပွဲတော်ရိုးရာခြင်းလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီးမြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲများကို Event(ကစားနည်းမျိုးစုံ) အကုန်လုံးထည့်သွင်း ကျင်းပသွား မည်ဟု မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှအထွေထွေအတွင်းရေးမှူးဦးကိုကိုအောင်က ပြောသည်။

Read More »

ဘိလိယက်နှင့် စနူကာအခြေခံသင်တန်း အခမဲ့ပေးမည်

မြန်မာနိုင်ငံအတွင်း ဘိလိယက်နှင့် စနူကာအားကစားနည်းများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်က ဘိလိယက်နှင့် စနူကာအခြေခံသင်တန်းတစ်ရပ်ကို အခမဲ့ပို့ချပေးမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ သင်တန်းကို လာမည့်မတ်လ(၁၆)ရက်နေ့မှ မေလ(၁၅)ရက်နေ့အထိဖွင့်လှစ်သွားမည်ဖြစ်ပြီး အဓိက အားဖြင့် အလယ်တန်း၊ အထက်တန်း၊တက္ကသိုလ်အဆင့်နှင့် ကောလိပ်ကျောင်သားကျောင်းသူများကို ရည်ရွယ်၍နှစ်စဉ်ဖွင့်လှစ်ခြင်းဖြစ်သည်။

Read More »

ခန့်မှန်းကြေးရရှိငွေမှ ၄၀ ရာခိုင်နှုန်းကို မိဘမဲ့ကလေးများအတွက်လှူဒါန်းမည်ဟု ဘောပွဲကျွမ်းကျင်သူတို့ဆို

မိဘမဲ့ကလေးများအတွက် ရံပုံငွေရှာဖွေနိုင်ရေး Tip For ORHANS အစီအစဉ်ဖြင့် မြန်မာလောင်းကစားသမား များ ထံမှ ဘောလုံးပွဲခန့်မှန်းကြေး ရယူမည့်အစီအစဉ်ကို မြန်မာဘောလုံးဂျာနယ်များ၌ ဘောလုံးပွဲ ခန့်မှန်းသူများမှစတင်လိုက်ပြီဟု မြန်မာပြည်မှ ဘောလုံးပွဲခန့်မှန်းသူများထံမှ သိရှိရသည်။ အဆိုပါ ဘောလုံးပွဲခန့်မှန်းသူများမှ တစ်လတာခန့်မှန်းခအဖြစ်ကျပ်တစ်သောင်းကို ဘောလုံးပွဲလောင်း သူများထံမှ ရယူသွား မည်ဖြစ်ပြီးဘောလုံးပွဲများကို ဖုန်းမက်ဆေ့မှ တဆင့် ခန့်မှန်းပေးရင်း စတင်ရရှိလာသည့်အခကြေးငွေများထဲမှ ၄၀%ကို  မိဘမဲ့ကလေးများ ဂေဟာအတွက် လှူဒါန်းမည့် အစီအစဉ်ဖြစ်သည်။

Read More »

ပါးရိုက်ခံရသည့် ဒဏ်ကြေး(၁၅)သိန်း ကွင်းလယ်ဒိုင်လူကြီး ဦးလှမင်း မရဟုသိရ

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တစ်ပွဲ၌ ကွင်းလယ်ဒိုင်ကို ကလပ်အသင်းပိုင်ရှင်မှ လက်ရောက်ကျူးလွန်ခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ဇွဲကပင် အသင်းမှ ဒဏ်ကြေးငွေကျပ် တစ်ဆယ့်ငါးသိန်းကျပ်ပေးဆောင်ရန် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရှိရသည်။ Myanmar National League Myanmar 2014 ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဖေဖော်ဝါရီ(၁၅) ရက်နေ့ အောင်ဆန်းကွင်း၌ ကျင်းပမည့် ဇွဲကပင် အသင်းနှင့် ရတနာပုံ အသင်းတို့ ယှဉ်ပြိုင် ကစားသည့်ပွဲစဉ်အပြီး၌  ကွင်းလယ်ဒိုင် ဦးလှမင်းကို  ဇွဲကပင် ယူနိုက်တက် အသင်းတာဝန်ရှိသူ ဦးလှဌေးမှ လက်ရောက်ကျူးလွန်မှုဖြစ်ပွားခဲ့သည့်အပေါ် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

Read More »

မြန်မာနေရှင်နယ်လိဂ်ဝင် မြန်မာဘောလုံးကစားသမားများကို လစာလျှော့ပြီ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်ခဲ့သည့် ဆီးဂိမ်းတွင် အောင်မြင်မှုမရဖြစ်ခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ ၂၃ ဘောလုံး အသင်းကို ပြန်လည်ပြုပြင်သည့်အနေဖြင့် ၂၀၁၄ မြန်မာနေရှင်နယ်လိဂ်တွင် ၀င်ရောက်ကစားနေကြသည့်  မြန်မာကစားသမား များ၏ လစာငွေများကို တစ်လလျှင် အနိမ့်ဆုံး ၁သိန်းကျပ်မှ အမြင်ဆုံး ၁၀သိန်း အထိသာ ပေးဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး ကစားသမားများကို ခေါ်ယူအသိပေးကာ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း မြန်မာ နေရှင်နယ်လိဂ် ကော်မတီမှ သိရှိရသည်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ  ကလပ်အသင်းပိုင်ရှင်များ၊ ကစားသမားများနှင့် ဇန်န၀ါရီလ(၈)ရက်နေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၌ ပြုလုပ်ခဲ့ပြီး ကစားသမားများကို သုဝဏ္ဏကွင်း၌ ခေါ်ယူအသိပေးကာ အများဆုံးလစာမှာ ကျပ်(၁၀)သိန်းအထိသာ ခွင့်ပြုပေးရန် သတ်မှတ်လိုက် ခြင်းဖြစ်သည်။

Read More »