Tuesday , April 11 2017
Home / သတင်း / အားကစားသတင်း

အားကစားသတင်း

ကသာမြို့တွင် ၂၀၁၇ ခုနှစ် ကသာခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဌဖလား မြို့နယ်အလိုက် စစ်တုရင်ပြိုင်ပွဲကျင်းပ

နေမျိုးလှရွှေ (မြစ်မခ) ကသာ၊ ဧပြီ (၃) ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ၂၀၁၇ ခုနှစ် ကသာခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဌ ဖလား မြို့နယ်အလိုက် စစ်တုရင်ပြိုင်ပွဲကို ဧပြီလ(၃)ရက်မှ(၅)ရက်ထိ ကျင်းပလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါစစ်တုရင်ပြိုင်ပွဲကို လူငယ်များ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စစ်တုရင်ကစားနည်းပိုမိုတိုးတက် စေရန်၊ စဉ်းစားတွေးခေါ်နိုင်စွမ်းမြင့်မား၍ အမှားအမှန်ဝေဖန်ခွဲခြားနိုင်စေရန်၊ ခရိုင်အဆင့်တိုင်းအဆင့်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကျင်းပခဲ့ကြောင်း သိရသည်။

Read More »

ထားဝယ်-မြိတ်သို့ မတ်လအတွင်း ဘောလုံးအကယ်ဒမီအတွက် လူငယ်မျိုးဆက်သစ်များ လာရောက် ရွေးချယ်မည်

  သီဟ (မြစ်မခ) ထားဝယ်၊ မတ်(၂၀)ရက်။ ဘောလုံးအကယ်ဒမီများအတွက် အသက် ဆယ့်တစ်နှစ်နှင့် ဆယ်နှစ်နှစ်အောက် လူငယ်မျိုးဆက်သစ် ကစားသမားများ ရှာဖွေရန် မတ်လအတွင်း ထားဝယ်နှင့် မြိတ်မြို့များသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ်မှ  လာရောက် ရွေးချယ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အားကစားနှင့် ကာယပညာသိပ္ပံဦးစီးဌာနမှ သိရှိရသည်။ ထားဝယ်မြို့သို့ မတ်လ ၂၁ ရက်နှင့် ၂၂ ရက်နေ့နှင့် မြိတ်မြို့သို့ မတ်လ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် လာရောက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။   

Read More »

ထိုင်းနိုင်ငံမှအဆင့်(၆)ပါဝင်မည့် မြန်မာ-ထိုင်း-လာအို ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ပြုလုပ်မည်

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ ဇန်နဝါရီ (၆) ရက်။ မြန်မာ-ထိုင်း-လာအို ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ပထမဆုံးအနေဖြင့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ်အား အလေးပြုခြင်း မြန်မာ့ရိုးရာလက်ဝှေ့သရုပ်ပြအစီအစဉ်များ ထည့်သွင်းပြုလုပ်သွားမည်ဖြစ် ကြောင်း လက်ဝှေ့ပွဲစီစဉ်သူ ဦးဒသ၏ ပြောဆိုချက်အရ သိရှိရသည်။

Read More »

မြန်မာ ယူ-၂၀ ဘောလုံးအသင်းမှ ငြိမ်းချမ်းအောင် ပြန်လည်ကစားနိုင်တော့မည်

မြင့်ဟိန်း(မြစ်မခ) ရန်ကုန်၊ ဒီဇင်ဘာ (၁၆)ရက်။ ဒဏ်ရာကြောင့် တစ်နှစ်ကျော်ကြာအနားယူနေရသည့် မြန်မာ ယူ-၂၀ ဘောလုံးအသင်းမှကစားသမား ငြိမ်းချမ်းအောင် မကြာခင် အချိန်တွင် ဘောလုံးပြန်လည်ကစားနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

Read More »

Fox Sport Asia ရုပ်သံလိုင်းမှ ချီးမြင့်မည့် တစ်ဦးချင်းစွမ်းဆောင်ရည်ဆု ဆန်ခါတင်စာရင်းတွင် ထိုင်းတိုက် စစ်မှူး ရေပန်းစားနေ

မြင့်ဟိန်း(မြစ်မခ) ရန်ကုန်၊ ဒီဇင်ဘာ (၆) ရက်။ Fox Sport Asia ရုပ်သံလိုင်းမှချီးမြှင့်မည့် ၂၀၁၆ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲမှ တစ်ဦးချင်း စွမ်းဆောင်ရည်ဆု များအတွက် ဆန်ခါတင်စာရင်းတွင် ထိုင်းနိုင်ငံလက်ရွေးစင်အသင်းမှ တိုက်စစ်မှူးမှာ ဆုနှစ်ခုအတွက် ရေပန်းစားနေကြောင်း သိရှိရသည်။

Read More »