Tuesday , April 11 2017
Home / သတင်း / ဈေးဝယ်လမ်းညွန်

ဈေးဝယ်လမ်းညွန်

ထားဝယ်တွင် သင်္ကြန်ကာလ အငှားကားဈေးကွက် ပြောင်းလဲမှုမရှိ

သီဟ(မြစ်မခ) ထားဝယ်၊ မတ် (၃၀) ရက်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သင်္ကြန်ကားအငှားဈေးကွက်အတွင်း ငှားရမ်းခနှုန်းထားများမှာ ယ ခင်နှစ်က နှုန်းထားအတိုင်းသာရှိမည်ဖြစ်ကြောင်း ဒေသတွင်းကားအငှားလိုက်သူများထံမှ သိရှိရသည်။ ထားဝယ် သင်္ကြန်လည်ကား အငှားဈေးကွက်အတွင်း Hi Jet ကားအမျိုးအစားများကိုသာ အများဆုံးငှားရမ်းကြ ပြီး ငှားရမ်းခဈေးနှုန်းများမှာ သင်္ကြန်တစ်ရက်လျှင် ကျပ်(၁)သိန်းဖြစ်ကြောင်းသိရသည်။

Read More »

မွန်အခြေခံမဲဆန္ဒရှင်စာရင်းအပေါ်စိတ်ဝင်စားသူနည်းပါး၍ ပညာပေးလုပ်ငန်းများ ထပ်မံ လုပ်ဆောင်မည်

ချိုမာအောင် (မြစ်မခ) ၂၀၁၅ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၏ ခြေခံမဲစာရင်းများကို ရပ်/ကျေးကော်မရှင်ရုံးခွဲများတွင် ကပ်ထားသော်လည်း လာရောက်ကြည့်ရှုသူနည်းပါးနေခြင်းကြောင့် ရွေးကောက်ပွဲကော်မရှင်မှ ပညာပေး လုပ်ငန်းများကို ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရှိရသည်။ “ကျွန်တော်တို့ အခြေခံမဲစာရင်းမကပ်ခင်ပြည်သူတွေကို ပညာပေးလုပ်ငန်းအနေနဲ့ ဇွန်လ(၁) ရက်နေ့ကနေ စပြီးတော့ လော်စပီကာတွေနဲ့ ရပ်ကွက်တွေကိုကားနဲ့လှည့်ပြီး မဲစာရင်းကြည့်ဖို့ နှိုးဆော်တယ်။ ပန်းဖလက်တွေ ဝေတယ်။ ဗွီနိုင်းထောင်တယ်။ တကယ်မဲစာရင်းကပ်တဲ့အခါမှာ လာရောက်ကြည့်ရှုသူတွေနည်းပါတယ်။ ပြည်သူတွေ စိတ်ဝင်စားမှုနည်းပါတယ်။ ဒါကြောင့်အခု ပညာပေးလုပ်ငန်းတွေကို မြို့နယ် ကော်မရှင်အဖွဲ့ တွေနဲ့ပူးပေါင်းပြီး ထပ်မံလုပ်ဆောင်မယ်။”ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယညွှန်ကြား ရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

Read More »