Wednesday , September 27 2017
Home / သတင်း / ဒေသတွင်းသတင်း (page 4)

ဒေသတွင်းသတင်း

မောင်တောခရိုင်အတွင်းဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မောင်တောမြို့ရှိ (၃)မိုင်ဂိတ် ကို ယာယီပိတ်ထား

ပန်လှအောင် (မြစ်မခ) မောင်တော၊ သြဂုတ် ၂၅ ရက်။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း နယ်ခြားစောင့်ရဲကင်းနှင့် ရဲစခန်း(၃၀)ခန့်ကို အစွန်းရောက်ဘင်္ဂါလီအ ကြမ်းဖက်သမားများက တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှုကြောင့် မောင်တော-ဘူးသီးတောင် ကားလမ်းကို သြဂုတ် ၂၅ ရက်၊ နံနက်ပိုင်းမှ စတင်ကာ ယာယီပိတ်ထားကြောင်း ဒေသအာဏာပိုင် တာဝန်ရှိသူများထံမှ သိရှိရသည်။

Read More »

ပြည်ထောင်စုအစိုးရထံမှ နှစ်စဉ်ရရှိသည့် ကျပ်(၇၀)ဘီလီယံခန့်မှာ မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များအတွက် မလုံလောက်ဟုဆို

  အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ သြဂုတ် ၂၃ ရက်။ မွန်ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရထံမှရရှိသည့် နှစ်စဉ် ကျပ် (၇၀)ဘီလီယံခန့်သာရရှိသဖြင့် လုပ်ငန်းများ လစ်ဟာချက်ရှိနေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပအိုဝ်းတိုင်း ရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောဆိုလိုက်သည်။ မွန်ပြည်နယ်၊ သထုံမြို့၊ သုဝဏ္ဏခန်းမတွင် သြဂုတ် ၂၃ ရက်က UNDP ၏ ပံ့ပိုးကူညီမှုဖြင့် ပြုလုပ်သော မြို့နယ် အဆင့်ဝယ်ယူခြင်း၊ ကန်ထရိုက်ချုပ်ဆိုခြင်း(Procurement)ဆိုင်ရာသင်တန်းတွင် ဝန်ကြီးက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

Read More »

ရခိုင်​ပြည်​လွတ်​​မြောက်​​ရေး ပါတီ ALP ၏ ဗဟိုဌာနချုပ် ​ကျရှုံးမှု မရှိကြောင်း ALP တာဝန်ရှိသူများ အတည်ပြုပြောဆို

  ပန်​လှ​အောင် ​(မြစ်​မခ)   မြန်မာ-အိန္ဒိယနယ်​စပ်​ရှိ ရခိုင်​ပြည်​လွတ်​​မြောက်​​ရေးပါတီ ALP ၏ ဗဟိုဌာနချုပ်​ကျရှုံးမှုမရှိကြောင်း  ALP တာဝန်​ရှိသူများက သြဂုတ်​ ၂၃ ရက်​၊​ နေ့လယ်ပိုင်းက အတည်ပြုပြောဆိုချက်အရ သိရှိရသည်။ ရက္ခိုင့်​တပ်​(AA) မှ ALP ဌာနချုပ်သို့ သြဂုတ်​ ၂၂ ရက်​​၊ေ

Read More »

ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာ(၃)ရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ဒဏ်ရာ အနည်းငယ်ရရှိ နေအိမ်(၉)လုံးပျက်စီး

  အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ သြဂုတ် (၁၇)ရက်။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ချောင်းဖျားကျေးရွာအုပ်စုအတွင်း ကျေးရွာ(၃)ရွာတွင် သြဂုတ် ၁၆ ရက်  ညနေပိုင်းက လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးဒဏ်ရာအနည်းငယ် ရရှိကာ နေအိမ်(၉)လုံး အမိုးလန် ပျက်စီးခဲ့ရကြောင်း ရမ်းဗြဲမြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ သိရှိရသည်။ “နေအိမ်က စုစုပေါင်း(၉)လုံးပျက်စီးသွားပါတယ်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးက စုစုပေါင်း ကျပ်(၉)သိန်း ကျော်ကျော် လောက်ရှိပါမယ်။ ကလေးငယ်က ကြီးကြီးမားမား ဒဏ်ရာရတာမဟုတ်ပါဘူး။ ကလေးက လေဆင်နှာမောင်း တိုက်စဉ်မှာ ပြေးလွှားရင်းနဲ့ လဲကျသွားတော့ ခေါင်းလေးထိ သွားတဲ့ အဆင့်လောက်ပါ။ စိုးရိမ်စရာ မရှိပါဘူး။”ဟု ရမ်းဗြဲမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးရဲမြတ်သိန်းက ပြောသည်။

Read More »

မောင်တောမြို့နယ်အတွင်း လုံခြုံရေးအခြေအနေကြောင့် လုပ်ငန်းရှင်များ အကျပ်အတည်းဖြစ်

  အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ သြဂုတ် ၁၆ ရက်။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ခရီးလမ်းလုံခြုံရေး စိုးရိမ်နေရသဖြင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ အကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း လုပ် ငန်းရှင်များထံမှ သိရှိရသည်။ ကုန်သွယ်စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ဘင်္ဂါလီ ကျေးရွာများကို ဖြတ်သန်းသွားလာရသောကြောင့် လမ်းခရီး၌ လုံခြုံရေးစိုးရိမ်နေရသဖြင့် သြဂုတ်လအတွင်း လုပ်ငန်းများ ရပ်တန့်နေရကြောင်း သိရသည်။

Read More »