Thursday , October 18 2018
Home / သတင်း / ဒေသတွင်းသတင်း (page 3)

ဒေသတွင်းသတင်း

ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူးရန်လာရောက်သူတစ်ဦး တည်းခိုခန်းအတွင်း သေဆုံးနေ

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ ဒီဇင်ဘာ ၂၆ ရက်။ မွန်ပြည်နယ်၊ ကျိက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ၊ အလယ်စုပိုင်းရှိ ဟိုတယ်တစ်ခု၌ ကျိုက်ထီးရိုး စေတီတော်သို့ ဘုရားဖူးရန် လာရောက်တည်းခိုနေသည့် ဘုရားဖူးတစ်ဦး ဒီဇင်ဘာ ၂၅ ရက်က သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Read More »

ရန်ကုန်မြို့အတွင်း အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်းကို Online စနစ်ဖြင့် ဆောင်ရွက်သူနည်းပါးနေ

  ယမုံ(မြစ်မခ) ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက်။ ရန်ကုန်မြို့အတွင်း အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်းလုပ်ငန်းတွင် သက်သေခံမြေပုံ၊ မြေရာဇဝင်ကူးခြင်း၊ အမည်ပြောင်းလျှောက်ထားခြင်းတို့ကို Online စနစ်ဖြင့်ဆောင်ရွက်ပေးသော်လည်း လျှောက်ထားသူ နည်းနေသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရှိရသည်။ ယင်းဝန်ဆောင်မှုကို ပြည်သူများ ပိုမိုပြန်ဆန်မှုရှိစေရန် ပြုလုပ်ပေးသော်လည်း သတင်းအချက်အလက်များ အပြင်သို့ပေါက်ကြားမည်ကို စိုးရိမ်မှုရှိခြင်းကြောင့် အွန်လိုင်းစနစ်လျှောက်ထားမှု နည်းပါးခြင်းဖြစ်ကြောင်း သိရသည်။

Read More »

ကျိုက်ထီးရိုးတောင်ပေါ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများအား ငွေဒဏ်နှင့် ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည်

  အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ ဒီဇင်ဘာ ၂၁ ရက်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးတောင်ပေါ်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ပညာပေး စည်းရုံးပြီးပါက ဒဏ်ငွေဆောင်ခိုင်းခြင်း၊ ဆိုင်ပိတ်သိမ်းသည်အထိအရေးယူခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့မှ သိရှိရသည်။ ကျိုက်ထီးရိုးတောင်ပေါ်ရှိ နေ့စဉ်ထွက်ရှိသော အမှိုက်များအား စနစ်တကျစွန့်ပစ်နိုင်ရေး မုဆိုးတောင်၌ နေရာ သတ်မှတ်ပေးထားသော်လည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများရှိနေခြင်းကြောင့် ပညာပေးစည်းရုံးရေးများ လုပ်ဆောင်ရန်စီစဉ်နေကြောင်း ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဝင် ဦးစိုးနောင်ဦးက ပြောသည်။ “ကျွန်တော်တို့ ဂေါပကအဖွဲ့ တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာ ဈေးတန်းပတ်ဝန်းကျင်မှာ နေရာလေးသတ်မှတ်ပြီး အမှိုက်တွေကို စွန့်ပစ်ဖို့လုပ်သေးတယ်။ ဒါပေမဲ့ ဒီဇင်ဘာလို ဘုရားဖူးများတဲ့ကာလတွေမှာဆို အမှိုက်ထွက်တာ လည်းများတော့ အမှိုက်ကထွက်တဲ့အနံတွေက ရင်ပြင်တော်ပေါ်ထိရောက်လို့ မခံနိုင်ဘူး။ …

Read More »

ကျိုင်းတုံမြို့တွင် ထုတ်လုပ်နေသည့် ရေသန့်အမျိုးအစားအားလုံး ပြန်လည်စစ်ဆေးရန်ညွှန်ကြား

  နိုင်နိုင်အောင်ဝေ (မြစ်မခ) ကျိုင်းတုံ၊ ဒီဇင်ဘာ ၂၁ ရက်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ထုတ်လုပ်နေသည့် ရေသန့်အမျိုးအစားအားလုံး၏ ရေနမူနာများကို ပြန်လည်စစ်ဆေးရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ဒီဇင်ဘာ တတိယပတ်အတွင်း ညွှန်ကြားထားကြောင်း သိရှိရသည်။ “ရေသန့်လိုင်စင်က ရသင့်တဲ့ လူကမရဘဲ မရသင့်တဲ့သူက ရနေတယ်ဆိုတော့တစ်ခုကလည်း FDA ကခရီးသွား ခွင့်တင်ထားတယ်ဆိုတော့ စားသုံးသူရေးရာနဲ့ FDA ပူးပေါင်းပြီးတော့ ရေသန့်အကုန်လုံးရဲ့ ရေသန့်နမူနာတွေ ကို တောင်ကြီးကို ပြန်ပို့ပေးပါ။ တောင်ကြီးမှာ ပြန်စစ်ခိုင်းလိုက်မယ် အောက်ခြေမှာက အငြင်းပွားမှုတွေဖြစ်နေ တာတော့ မကောင်းပါဘူး ဒီတော့ လိုင်စင်ရပြီးသားရော မရသေးတာရော ပို့ပေးပါ။”ဟု ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ …

Read More »

လားရှိုးမြို့ရှိ သဘာဝရေပူစမ်းကို ပြုပြင်ထားခြင်းကြောင့် လာရောက်လည်ပတ်သူများလာ

နောင် (မြစ်မခ) လားရှိုး၊ ဒီဇင်ဘာ ၁၉ ရက်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ သဘာဝရေပူစမ်း၌ ၂၀၁၇ ခုနှစ်တွင် ပြုပြင်ထားခြင်းများကြောင့် ယခင်နှစ်များထက် လာရောက်လည်ပတ်သူများလာကြောင်း သဘာဝရေပူစမ်းတာဝန်ခံ ဦးအောင်ကျော်ဌေးထံမှ သိရှိရသည်။ ၂၀၁၇ ခုနှစ်မှ စတင်ကာ သဘာဝရေပူစမ်းတွင် ရေကန်များ တိုးချဲ့တည်ဆောက်ခြင်း၊ ကလေးကစားကွင်းများ တည်ဆောက်ပေးခြင်းများကြောင့် လာရောက်လည်ပတ်သူ ပိုမိုများပြားလာရခြင်းဖြစ်ကြောင်း သိရသည်။

Read More »