Monday , November 27 2017
Home / သတင်း / ဒေသတွင်းသတင်း (page 254)

ဒေသတွင်းသတင်း

စင်ကာပူရောက် ကျောက်မဲသားများနှင့် မြို့ခံများ ပေါင်း၍ အောက်စီဂျင်ဗူး လှူဒါန်း

စင်ကာပူနိုင်ငံရောက် ကျောက်မဲသား ကျောက်မဲသူများက မြို့ခံများနှင့်ပူးပေါင်း၍ (၁၆)နာရီကြာ အသုံးပြုနိုင်သော အောက်ဆီဂျင်ဗူးကြီး(၁၀)ဗူးခန့်ကို ငွေကြေးချို့တဲ့သော လူနာများအား အခမဲ့လှူဒါန်းနိုင်ရန် အမှတ်(၈) ထုံးဖိုရပ်ကွက်၌ သမရက္ခိတ ရုံးခန်းအား ဒီဇင်ဘာလ(၄)ရက်နေ့ နံနက်(၉)နာရီက ဖွင့်လှစ်ခဲ့သည်။ “အဓိကကတော့ သက်ကြီးရွယ်အိုအဖိုးအဖွားတွေကို ကူညီထောက်ပံ့ပေးဖို့အတွက် အသင်းကို ဖွဲ့စည်းခဲ့တာ၊ အခုလှူဒါန်းမှုက ငွေကြေးချို့တဲ့သူ လူနာတွေရဲ့ အခက်အခဲတွေကို တတ်နိုင်သလောက် ကူညီဖို့ ရည်ရွယ်ပြီးတော့ အောက်ဆီဂျင်ဗူးတွေ လှူဒါန်းဖို့ အဖွဲ့ဝင်တွေက သဘောတူခဲ့တာပါ၊ စင်ကာပူမှာရှိနေ တဲ့ ကျောက်မဲ မြို့သူမြို့သားတွေရဲ့အလှူငွေတွေရယ် လက်ရှိနေထိုင်နေတဲ့ မြို့ခံတွေရဲ့ လှူဒါန်းငွေတွေ နဲ့ အောက်ဆီဂျင်ဗူးတွေကို အခမဲ့လှူဒါန်း နေတာပါ” ဟု သမရက္ခိတအသင်းမှ တာဝန်ရှိသူ ဦးကိုနိုင်က ပြောသည်။

Read More »

အစာကုန်ကြမ်းရှား၍ နယ်စပ်တစ်ဘက်ကမ်းသို့  ၀က်တင်ပို့မှုလျော့ကျလာ

ဝက်စာကုန်ကြမ်းရှားပါးခြင်းနှင့်အတူ အစာဈေးနူန်းများ မြင့်တက်နေခြင်းကြောင့် ပြည်ပဈေးကွက်သို့ တင်ပို့ရရန် အခက်အခဲရှိလာကြောင်း မောင်တောဒေသရှိဝက်မွေးမြူရေးလုပ်ငန်းရှင်များထံက သိရ သည်။ အဆိုပါဒေသ၌ ၂၀၀၈ ခုနှစ်ပိုင်းတွင် ဖွဲဆန်မှုန့်တစ်တောင်းလျှင် ကျပ် (၁၅၀)မှ ကျပ် (၂၀၀)၀န်းကျင် ဈေးရှိခဲ့ရာမှ ယခု ၂၀၁၂-၂၀၁၃ ခုနှစ်များ၌ ကျပ် (၅၀၀)မှ ကျပ်(၆၀၀)အထိ ဈေးနူန်းများ မြင့်တက် လာခြင်းဖြစ်ကြောင့်ဖြစ်သည်ဟု ဒေသခံတို့ကဆိုသည်။ “အစာဖွဲဆန်မှုန့်ဈေးနူန်းကလည်း တစ်တောင်းကို (၄၀၀)လောက် ဈေးတက်လာခဲ့တယ်။ ထွက်တဲ့ ကုန်တွေကိုလည်း တင်ပို့အတွက် ဒီကနေ ဘင်္ဂလာဒေ့ရှ်နဲ့ မောင်တောဈေးကွက်ကို အရင်လို လွယ် လွယ်ကူကူ မတင်ပို့နိုင်ကြတော့ဘူး။” ဟု မောင်တောမြောက်ပိုင်း တမန်းသားကျေးရွာမှ ၀က်မွေးမြူ ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Read More »

ရခိုင်ပြည်အချုပ်အခြာအာဏာကျဆုံးခြင်းအထိမ်းအမှတ်ပွဲ စစ်တွေ၌ ကျင်းပ

ရခိုင်ပြည်အချုပ်အခြာအာဏာကျဆုံးခြင်း (၂၂၈)နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားကို ရခိုင်ပြည် ကျောင်းသားသမဂ္ဂ၏ ဦးဆောင်မှုဖြင့် စစ်တွေမြို့၌ ဒီဇင်ဘာ (၃၁)ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ သည် ရခိုင်တို့၏   ဘုရင်နိုင်ငံတော်ကျဆုံးခဲ့ခြင်း ၂၂၈နှစ် ပြည့် မြောက် သည့်နေ့ဖြစ်ရာ ယင်းနေ့ရောက်တိုင်း ရခိုင်တိုင်းရင်းသားများက အထိမ်းအမှတ်ပွဲ များ ပြုလုပ်လေ့ ရှိသည်။ အခမ်းအနားကို စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက် အောင်မြေကုန်းကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၂ခုနှစ် ရခိုင်နှင့်ဘင်္ဂါလီပဋိပက္ခအတွင်း ကျဆုံးသူများကိုလည်း ရည်စူး၍ ဆွမ်းကျွေးအမျှဝေကြောင်း ကို လည်း သိရသည်။

Read More »

တရားစွဲမည်ဟု ဆိုထားသော်လည်း မျက်နှာစာဖျက်မပေးလိုကြသူများ

မန္တလေးမြို့ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ ၊ ၆၅ x ၆၆ လမ်းကြားရှိ အိမ်ခန်းတွဲများအား မျက်နှာစာ(၃)ပေ ဖျက်ပေးရန် မန္တလေးမြို့တော်စည်ပင်မှ စာထုတ်အကြောင်းကြားခဲ့သော်လည်း အဆိုပါအိမ်ခန်းပိုင်ဆိုင်သူ များက ဖျက်ပေးရန်ဆန္ဒမရှိကြောင်းသိရသည်။ “ ကျမတို့ ဖျက်ပေးဖို့ ဆန္ဒမရှိပါဘူး ၊ ဒီတိုက်တန်းလျားတွေက ရဲဗဟိုရန်ပုံငွေအဖြစ် ဆောက်ထားတဲ့ဟာ တွေပါ ၊ ကျမတို့က ကန်ထရိုက်ဆီကနေ ၀ယ်ထားတဲ့အတွက် ကျူးတယ် မကျူးဘူးဆိုတာလဲ မသိပါဘူး” ဟု အဆိုပါ တိုက်တန်းတွင်နေထိုင်သူ မမြတ်မြတ်လွင်က ပြောသည်။

Read More »

အခမဲ့လူနာတင်ယာဉ်ဝန်ဆောင်မှုနှင့် မော်ကျွန်းမြို့

ခုတင်(၁၀၀)ဆေးရုံမှာ မော်လမြိုင်ကျွန်းမြို့နှင့် အနည်းငယ်အလှမ်းဝေးသည့်အတွက် အာရောဂျံ အရေးပေါ်လူနာတင်ယာဉ်အား အားကိုးအားထားပြုလာရကြောင်း မော်ကျွန်းဒေသခံများထံက သိရသည်။ အဆိုပါခုတင်(၁၀၀)ဆေးရုံ၌ လူနာတင်ယာဉ်မရှိခြင်း၊ လူနာများအနေဖြင့် အရေးပေါ်ဖြစ်လာပါက ဆိုက်ကားကိုသာ အားကိုးအားထားပြုနေရသည့်အတွက် ကျမ်းမာရေးအခမဲ့ယာဉ်အား ထူထောင်ရခြင်းဖြစ်ကြောင်း သိရသည်။

Read More »