Monday , December 18 2017
Home / သတင်း / ဒေသတွင်းသတင်း (page 251)

ဒေသတွင်းသတင်း

ဂူသွင်းသဂြိုလ်ခွင့် မရတော့သည့် မန်း(၇)မြို့နယ်မှ သက်မဲ့ခန္ဓာများ

မန္တလေးမြို့မြို့နယ်(၇)ခုမှ သက်မဲ့ခန္ဓာများအတွက် ဂူသွင်းသဂြိုလ်ခွင့်မှာ ဧပြီလနောက်ပိုင်းမှ စတင်၍ ကြာနီကန်သုသာန်နှင့်တောင်အင်းမြောက်အင်းများတွင် ခွင့်ပြုတော့မည် မဟုတ်ကြောင်းနှင့် အရိုးပြာအိုးများပြုလုပ်ကာ နေရာသတ်မှတ်ထားရှိသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။ ချမ်းအေးသာဇံ၊ အောင်မြေသာဇံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး၊ အမရပူရနှင့်   မဟာအောင်မြေမြို့နယ်များမှ သတ်မဲ့ခန္ဓာများ ဂူသွင်းသဂြိုလ်ခွင့် မရတော့ခြင်းဖြစ်သည်။

Read More »

စစ်တွေပင်စင်စားများ Smart Card ဖြင့် ငွေထုတ်နိုင်

ရခိုင်ပြည်နယ်အတွင်းရှိ အငြိမ်းစား ဝန်ထမ်းဟောင်းများ အနေဖြင့် ငွေထုတ်ယူရာတွင် လွယ်ကူရန် မြန်မာ့စီးပွားရေးဘဏ်( စစ်တွေ) မှ Smart Card ဖြင့် ငွေထုတ်ပေးနေပြီဖြစ်သည်။ အငြိမ်းစားဝန်ထမ်းများအား E-pension စနစ် Smart Card ဖြင့် ဇန်န၀ါရီ (၂၁) ရက် နေ့က စ၍ ထုတ်ပေးနေခြင်းဖြစ်သည်။ “အသက်ကြီးတဲ့ ပင်စင်စားတွေ အတွက် Smart Card နဲ့ဆိုတော့ ကျွန်တော်တို့ ကွန်ပျူတာ နဲ့ ထုတ် ပေးတာပါ။ အရင်ကဆိုရင် ပင်စင်ထုတ်ရင် နှစ်ခါ လာရတယ်။ အခုက ရုံးချိန်အတွင်းဘယ်အချိန် မဆို လာထုတ်လို့ ရပါတယ်။ ဆိုတော့ ပင်စင်စားတွေ နှစ်ခါလာဖို့ မလိုတော့ဘူး အများကြီး …

Read More »

ဥယျာဉ်အဖြစ် အကြီးစားပြုပြင်ပြောင်းလဲတော့မည့် ကြာနီကန်သုဿန်

မန္တလေးကြာနီကန်သုဿာန်အား ရန်ကုန်မင်္ဂလာဒုံစစ်သင်္ချိုင်းကဲသို့ ပြင်ဆင်သွားမည်ဖြစ်ပြီး အရိုးပြာဂူများဖြင့်သာ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဦးစိုးတင့်အောင်က အထက်ပါကိစ္စနှင့်ပတ်သက်၍ ယခုကဲ့သို့ဆိုသည်။ “အရင်က (၆၅၀၀၀၀)ကျရာကနေ ခုတော့ မြေဖိုးနဲ့အုတ်ဂူအပြီးအစီးကို (၇၅၀၀၀)ကျပ်ပဲ ကုန်ကျတော့မယ် ” ဟု မြို့တော်စည်ပင်မှ ကြာနီကန်သုဿာန်တာဝန်ခံ ဦးစိုးတင့်အောင်က ပြောကြားသည်။

Read More »

တိုင်ကြားခံရပ်ကျေးအုပ်ချုပ်ရေးမှူးများ ဒုတိယအကြိမ်ပြန်လည်ရွေးချယ်ပွဲ ကျင်းပ

ပြသာနာများဖြစ်ပွားခြင်းနှင့် တိုင်ကြားမှုများဖြစ်ပွားခဲ့သော ဧရာဝတီတိုင်းအတွင်းမှ ရပ်ကွက် ၊ ကျေးရွာအချို့တွင် ဒုတိယအကြိမ်မြောက်အဖြစ် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများအား ဇန်န၀ါရီ (၂၀)ရက်နေ့က ပြန်လည်ကျင်းပခဲ့ကြောင်း သိရသည်။ လက်ရှိအုပ်ချုပ်ရေးမှူးများ၏ အကွက်ချ စီစဉ်မှုများ ၊ မြို့နယ်ထွေ/အုပ်ဌာနမှ ခန့်ထားသော ရပ်/ကျေး ရုံးစာရေး များ၏ ခြယ်လှယ်မှုများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၏ စီမံကွပ်ကဲမှု အားနည်းချက် စသည့် အားနည်းချက်များကြောင့် ကန့်ကွက်မှု များစွာဖြစ်ပေါ်လာခဲ့ပြီးနောက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ကို ဒုတိယအကြိမ် ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

Read More »

မောင်တောဒေသ၌ ငွေအကြွေအစားထိုး တိုကင်အသုံးပြုမှုပပျောက်

အသေးစားဈေးရောင်းဈေးဝယ်ခြင်းလုပ်ငန်းများ၌ ငွေအကြွေစေ့ ရှားပါးမှုပြသနာအား နှစ်ပေါင်းများစွာ တိုကင်ကတ်များပြုလုပ် ဖြေရှင်းလာရာမှ မောင်တောကျေးလက်ဒေသများအတွင်း တိုကင်ကတ်များဖြင့် ဈေးရောင်းဈေးဝယ်သည့် ဓလေ့ပပျောက်သွားပြီ ဖြစ်ကြောင်း ဒေသတွင်းဈေးသည်များထံက သိရသည်။ အသေးစားငွေစက္ကူများဖြစ်သည့် ကျပ် (၅၀)ကျပ်တန်၊ (၁၀၀)ကျပ်တန်၊နှင့် (၂၀၀)ကျပ်တန် ငွေစက္ကူများအား မောင်တောဒေသမှ ဈေးဆိုင်ပိုင်ရှင်များက ရောင်သူဝယ်သူများအကြား အဆင်ပြေစေရန် တံဆိတ်ရိုက်နှိပ် ထုတ်လုပ်ကာ ငွေလဲလှယ်မှုကြားခံအဖြစ် အသုံးပြုခဲ့ကြောင်းကိုလည်း သိရသည်။

Read More »