Thursday , June 1 2017
Home / သတင်း / ဒေသတွင်းသတင်း (page 20)

ဒေသတွင်းသတင်း

သီပေါမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အလကခွဲကျောင်းအပါအဝင် အိမ်ခြေ(၂၂)လုံးခန့်နှင့် အခြားအဆောက်အဦများပျက်စီး

  နောင် (မြစ်မခ) သီပေါ၊ မေ (၁) ရက်။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာတွင် ဧပြီ ၃၀ ရက်၊ ညနေ(၆)နာရီဝန်းကျင်က မိုးသက်လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင့် စာသင်ကျောင်း၊ ဈေးနှင့် လူနေအိမ် အဆောက်အဦများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။ “ပျက်ဆီးသွားတဲ့အိမ်တွေကို ချက်ချင်းပြန်ပြီးပြင်လိုက်ပါတယ်။ ဆိုးဆိုးဝါးဝါးဖြစ်တာတော့ တစ်အိမ်ပဲရှိပါတယ်။ ခဏလေးတိုက်သွားတာကို သွပ်မိုးတွေ လန်ပြီးထွက်သွားတာပါ။’’ဟု နားမခေါ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းညွှန့်ကပြောသည်။

Read More »

အင်းတော်မြို့နယ်အတွင်းရှိ မဲဇာတံတားကို ဧပြီ(၃၀)ရက်တွင် ဖွင့်လှစ်သွားမည်

နေမျိုးလှရွှေ (မြစ်မခ) ကသာ၊ ဧပြီ (၂၈)ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ ဝန်းသို-အင်းတော်ကားလမ်းပေါ်မှ မဲဇာတံ တားကို ဧပြီ(၃၀)ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ တံတားမှာ မန္တလေး-မြစ်ကြီးနား မီးရထားလမ်း မိုင်တိုင်အမှတ်(၅၇၄/၁၉)အနီး တံတားအမှတ် (၄၀၈) မဲဇာသံတံတားနှင့်အပြိုင် မဲဇာချောင်းဖြတ်တံတားဖြစ်ပြီး အရှည်ပေ(၇၀၀)၊ ယာဉ်သွားလမ်းအကျယ် (၂၄)ပေ၊ လူသွားလမ်း(၃)ပေ၊ တိုင်ခန်းတစ်ခန်းပေ(၁၀၀)အကျယ်နှင့် အခန်း(၇)ခန်းပါ သံဘောင်တံတား အမျိုးအစားဖြစ် ကြောင်း သိရသည်။

Read More »

တာချီလိတ်မြို့နယ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်မီးလောင်ကျွမ်းမှုဖြစ်ပွား

ထက်တိုင်းကျော် (မြစ်မခ) တာချီလိတ်၊ ဧပြီ (၂၈) ရက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုရှိ ရန်ရှင်း(၄)ရွာတွင် ဧပြီ ၂၈ ရက်၊ နံနက် (၈)နာရီခွဲက မီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ “အိမ်ပိုင်ရှင်ဒေါ်နာယော်မိသားစုက မနက်စောစောမှာ နွေစပါးစိုက်ခင်းမှာ အလုပ်လုပ်ဖို့ အိမ်ကနေထွက်သွား ကြပါတယ်။ အိမ်ရဲ့မီးဖိုထဲက မီးကျန်ကနေတဆင့် လောင်တာလို့သိရပါတယ်။”ဟု ရန်ရှင်း(၄)ရွာနေ ဦးအိုက် ပေါင်းကပြောသည်။ မီးလောင်မှုဖြစ်ပွားရာသို့ တာချီလိတ်မြို့နယ်၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူ များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိဘဲ နံနက်(၉)နာရီတွင် မီး ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာဆောက်လုပ်ထားသော အိမ်ရှင်ဒေါ်နာယော်၏ ပေ(၃၀× …

Read More »

ကိုးသောင်းပုထိုးတော်ကြီး၏ အလှူဒါယိကာဖြစ်သည့် ရခိုင်ဘုရင်မင်းတိက္ခာ၏ ယာယီစံနန်းတော်အား သုတေသနပြုလုပ် တူးဖော်နေ

ပန်လှအောင် (မြစ်မခ) မင်းပြား၊ ဧပြီ(၂၈)ရက်။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ကိုးသောင်းပုထိုးတော်ကြီး၏ အလှူဒါယိကာဖြစ်သည့် ရခိုင်ဘုရင် မင်းတိက္ခာ၏ ယာယီစံနန်းတော်အား မြောက်ဦးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သုတေသနပြု တူးဖော်နေကြကြောင်း သိရှိရသည်။ အဆိုပါ ယာယီစံနန်းတော်မှာ မြောက်ဦးနန်းတော်ကုန်း၏ အရှေ့ဘက် ၁ မိုင်ကျော်ခန့်အကွာရှိ ကိုးသောင်း ပုထိုးတော်ကြီး အနီးတွင် တည်ရှိပြီး သုတေသနပြုလုပ်နေကြောင်း သိရသည်။

Read More »

ကျိုင်းတုံမြို့ကို လျှပ်စစ်ဓာတ်အားဖြည့်တင်းပေးမည့် လုပ်ငန်းများမှာ ဝမ်တာပင်းဂိတ်ပိတ်ထားခြင်းကြောင့် ဆက်လက် ဆောင်ရွက်နိုင်ခြင်းမရှိဟု ကုမ္ပဏီဆို

ထက်တိုင်းကျော် (မြစ်မခ) ကျိုင်းတုံ၊ ဧပြီ (၂၈) ရက်။ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အား ထပ်မံဖြည့်တင်းပေးမည့် လုပ်ငန်းများမှာ ဝမ်တာပင်းဂိတ်ပိတ်ထားခြင်းကြောင့် ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ကျိုင်းတုံစွမ်းအင် ကုမ္ပဏီမှ သိရှိရသည်။ မိုင်းလားအထူးဒေသ(၂)နယ်မြေအတွင်းရှိ မိုင်းဝဒေသမှ ဝမ်တာပင်း-ကျိုင်းတုံလမ်းအတိုင်း လျှပ်စစ်ဓာတ်အား သွယ်တန်းရယူ၍ ကျိုင်းတုံမြို့ကို လျှပ်စစ်မီးဖြန့်ချိန်ပေးရန်စီစဉ်နေသော်လည်း လုပ်ငန်းများရပ်တန့်ထားရ ကြောင်း သိရသည်။

Read More »