Tuesday , November 28 2017
Home / သတင်း / ဒေသတွင်းသတင်း (page 2)

ဒေသတွင်းသတင်း

ကော့သောင်းမြို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည့် ကုမ္ပဏီကို တင်ခါခေါ်ယူရန် စီစဉ်နေ

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ နိုဝင်ဘာ(၁၄)ရက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည့် ကုမ္ပဏီကို တိုင်းဒေသကြီး အသေးစားနှင့် အလတ်စား လျှပ်စစ်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ တင်ဒါ ခေါ်ယူရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။ “ပြည်သူများဓာတ်အာားခ ဈေးနှုန်းသက်သာစွာ ဓာတ်အားသုံးစွဲနိုင်ရေး ပုဂ္ဂလိက အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဒေသခံလုပ်ငန်းရှင်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ် ငန်းတွင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တနင်္သာရီအစိုးရအဖွဲ့မှ ကော့သောင်းမြို့ လျှပ်စစ်ဓာတ်အားထုတ် လုပ်ဖြန့်ဖြူရေးလုပ်ကိုင်ခွင့်အား တိုင်းဒေသကြီး အသေးစားနှင့် အလတ်စား လျှပ်စစ်ဥပဒေ၊ နည်းဥပဒေ၊ လုပ် ထုံးလုပ်နည်းများနှင့် အညီတင်ဒါခေါ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။”ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး …

Read More »

UEHRD ၏ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့(၉)ဖွဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သွားရောက် တွေ့ဆုံမည်

  ယမုံ (မြစ်မခ) ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက်။ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုး ရေးစီမံကိန်း(UEHRD)၏ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့(၉)ခုက ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နိုဝင်ဘာ ၁၅ ရက်တွင် သွားရောက်တွေ့ဆုံကာ ရခိုင်ပြည်နယ်တွင် ပြန်လည်ထူထောင်ရေးကိစ္စများကို ညှိနှိုင်းသွားမည်ဖြစ်ကြောင်း UEHRD မှသိရသည်။

Read More »

ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ဒေသခံများ သေဆုံးခြင်းနှင့် စစ်ဘေး ရှောင်နေရသူများရှိလာ

  ပန်လှအောင်(မြစ်မခ) မင်းပြား၊ နိုဝင်ဘာ ၉ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကုလားတန်မြစ်အထက်ပိုင်းတွင် တပ်မတော်နှင့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (AA)တို့အကြား နိုဝင်ဘာလဆန်းပိုင်းမှစ၍ တိုက်ပွဲများဖြစ်ပွားလျှက်ရှိရာ ထိခိုက် သေဆုံးသူများနှင့် စစ်ဘေးရှောင်များ ရှိလာနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ကုလားတန်မြစ်ကြောင်းအထက်ပိုင်းနှင့် တောတောင်များတွင် AA ၏ တပ်မဟာ(၂)လက်အောက်ခံစစ်ကြောင်းများနှင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် တပ်စွဲထားသည့် တပ်မ တော် တပ်ရင်းများအကြား လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြုကာ တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

Read More »

မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာ(၁၅)ရွာခန့်တွင် အခြေခံစားသောက်ကုန်များ ပြတ်လပ်နေ

အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ အောက်တိုဘာ ၁၉ ရက်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြောက်ပိုင်းဒေသများရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တိုင်းရင်းသား ကျေးရွာ(၁၅)ရွာခန့်တွင် အောက်တိုဘာလလယ်ပိုင်း၌ အခြေခံစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ရှားပါး ပြတ်လပ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။ အဆိုပါ တိုင်းရင်းသားကျေးရွာများသို့ အစိုးရနှင့် လူမှုအဖွဲ့အစည်းများ၏ အကူအညီအထောက်အပံ့များ လျော့ ကျလာခြင်း၊ မောင်တောမြို့နှင့် ကုန်စည်လည်ပတ်စီးဆင်းမှုလုပ်ငန်းများ ရပ်ဆိုင်းထားခြင်းတို့ကြောင့် နန်းရာ ကိုင်း၊ အောင်ချမ်းသာ၊ ဘော်တလာ၊ မင်းကြီး၊ တမန်းသား၊ ဂေါ်တူလ၊ တရိန်း၊ သံဖရာ စသည့်ကျေးရွာ(၁၅)ရွာ ခန့်မှာ စားသောက်ရေးအခက်အခဲဖြစ်နေကြောင်း သိရသည်။

Read More »

ရခိုင်​တွင်​ ငါး၊ ပုစွန်၊ ကဏန်း​များ ဖမ်းဆီးရမိမှု လျော့နည်းကျဆင်းလာ

  ပန်လှအောင်(မြစ်မခ) မင်းပြား၊​ အောင်​တိုဘာ ၁၉ ရက်။ ရခိုင်​ပြည်​နယ်​၏ ပင်​လယ်​ကမ်းရိုးတန်း​တ​လျှောက်​နှင့်​ မြစ်​​၊ ချောင်း၊ အင်း၊ အိုင်​များတွင်​ နှစ်​ကာလကြာ စည်း ကမ်းမဲ့ငါးဖမ်းဆီးမူများနှင့်​ သ​ဘာဝပတ်​ဝန်းကျင်​ပျက်​စီးမှုတို့ကြောင့်​ ငါး၊ ပုစွန်၊ ကဏန်းဖမ်းဆီးရမိမှု လျော့နည်း ကျဆင်းလာကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။ ရခိုင်​ပြည်​နယ်​မှ ​ဒေသခံ တံငါသည်​များအ​နေဖြင့်​ ​နှစ်​စဉ်​ငါးဖမ်းဆီးရမိမှုမှာ တစ်​နှစ်​ထက်​တစ်​နှစ်​ ​လျော့နည်းကျ ဆင်းလာ​နေ​ပြီး ​ဒေသတွင်း ငါး၊ ပုစွန်​၊ ကဏန်း အဝယ်​ဒိုင်​ပိုင်​ရှင်​များမှာလည်း ​အခြားပြည်နယ်နှင့် ​တိုင်းဒေသကြီး များထံ ကုန်​​တင်​ပို့မှုများ နှစ်​စဉ်​ကျဆင်း​လာကြောင်း သိရသည်။

Read More »