Monday , December 18 2017
Home / သတင်း / ဒေသတွင်းသတင်း (page 10)

ဒေသတွင်းသတင်း

သထုံမြို့တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုကင်းဝေးစေရန် မိုင်းအန္တရာယ်အသိပညာပေး ဆရာဖြစ် သင်တန်း ပြုလုပ်

  အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ သြဂုတ် ၁၅ ရက်။ မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ စုပေါင်းရုံးလမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုကင်းဝေးစေရန် မိုင်းအန္တရာယ်အသိပညာပေးဆရာဖြစ်သင်တန်းကို သြဂုတ် ၁၄ ရက်မှ ၁၈ ရက်ထိ ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။

Read More »

သာပေါင်းမြို့နယ်၊ ခရင်ချောင်းဖျားသစ်တောအတွင်း ဆင်သတ်ဂိုဏ်းဝင်တစ်ဦးကို ဖမ်းဆီးရမိကာ (၂)ဦး လွတ်မြောက်နေဆဲ

မျိုးသက်ဦး (မြစ်မခ) သာပေါင်း၊ သြဂုတ် ၁၄ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့၏မိုင်(၃၀)ဝန်းကျင်အကွာ ကျွန်းလျားကြီးကျေးရွာအုပ်စု၊ ခရင်ချောင်းဖျား သစ်တောအတွင်း ဆင်သတ်ဂိုဏ်းဝင်တစ်ဦးအား ပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး ကျန်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက် သွားကြောင်း ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာန၊ သစ်တောရဲကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာပူးပေါင်းအဖွဲ့သည် သြ ဂုတ် ၁၃ ရက်၊ နေ့လယ်ပိုင်းက သာပေါင်းမြို့နယ်တွင် တောဆင်များ ပစ်ခတ်သတ်ဖြတ်ခံရမှု ထိန်းသိမ်းကာ ကွယ်ရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ကြစဉ် လူ(၃)ဦးပါဝင်သောဆင်သတ်ဂိုဏ်းကို တွေ့ရှိဖမ်း ဆီးခဲ့ခြင်းဖြစ်သည်။

Read More »

သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း နေထိုင်သူများအား တရားစွဲဆိုထားမှု ခေတ္တဆိုင်းငံ့ပေးရန် လွှတ်တော်ကိုယ်စားလှယ်များ တောင်းဆို

သီဟလွင် (မြစ်မခ) ပြည်၊ သြဂုတ် ၁၄ ရက်။ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့အနီးရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခတ္တရာရှေးဟောင်းဇုန်  အတွင်းရှိ နေအိမ်အချို့အား တရားစွဲဆိုထားခြင်းကို ခေတ္တဆိုင်းငံ့ပေးရန် လွှတ်တော်ကိုယ်စားလှယ်များက မေတ္တာရပ်ခံတောင်းဆိုလိုက်ကြောင်း သိရသည်။ သရေခေတ္တရာရှေးဟောင်းဇုန်၌ ကျေးရွာမြေအတွင်း ပါဝင်ခြင်းမရှိသည့် လယ်ယာများတွင် ဆောက်လုပ်နေ ထိုင်သည့်နေအိမ်များကို ဖယ်ရှားဖျက်သိမ်းပေးရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက စာထုတ်ပြန်ခဲ့ပြီး မလိုက်နာသည့်နေအိမ်(၂၆)လုံးကို ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဥပဒေပုဒ်မ(၂၄)ဖြင့် ၂၀၁၅၊ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း တရားစွဲဆိုထားခြင်းဖြစ်သည်။

Read More »

ငပုတောမြို့နယ်တွင် တောဆင်ရိုင်း ၂ ကောင်အသတ်ခံရမှုတွင် သံသယရှိသူ ၉ ဦးကို ဆက်တိုက်ဖမ်းဆီး

မျိုးမင်းထွန်း (မြစ်မခ) ငပုတော၊ သြဂုတ် ၉ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စုရှိ မြစ်တရာသစ်တောကြိုးဝိုင်းအတွင်း အဆိပ်မြှားဖြင့် ပတ်ခတ်ခံရမှုကြောင့် ဆင် ၂ ကောင် သေဆုံးမှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ကအနီးအနား ကျေးရွာများရှိ သံသယရှိသူ ၉ ဦးကို သြဂုတ် ၇ ရက်မှ စတင်ကာ ဆက်တိုက်လိုက်လံဖမ်းဆီးလိုက်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရှိရသည်။

Read More »

လားရှိုးမြို့တွင် မီးသတ်တပ်ဖွဲ့က ပဒူအုံရှင်းလင်းရေး ကူညီဆောင်ရွက်နေ

နောင် (မြစ်မခ) လားရှိုး၊ သြဂုတ် ၉ ရက်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၌ မြို့နယ်မီးသတ်တပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း နေအိမ်များတွင် ဆွဲကပ် နေသည့် ပဒူအုံများကို လိုက်လံဖယ်ရှားပေးနေရကြောင်း လားရှိုးမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရှိရသည်။

Read More »