Sunday , May 28 2017
Home / သတင်း / ပြည်သူ့ သတင်း (page 5)

ပြည်သူ့ သတင်း

လောက်ကိုင်မြို့မှစစ်ဘေးရှောင်ရွှေ့ပြောင်းလုပ်သားများ နယ်မြေတည်ငြိမ်လာပြီဖြစ်သဖြင့် လုပ်ငန်းခွင်ပြန်

နောင် (မြစ်မခ) လားရှိုး၊ မတ် (၃၁) ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့မှ စစ်ဘေးရှောင်ရွှေ့ပြောင်းလုပ်သားများမှာ နယ်မြေတည်ငြိမ်လာ ပြီဖြစ်သဖြင့် မတ် ၃၁ ရက်တွင် လောက်ကိုင်သို့ပြန်နေပြီဖြစ်ကြောင်း သိရသည်။

Read More »

ရွှေအခွန်ကောက်ခံရာတွင် လတ်တလော၌ အခွန်တံဆိပ်ခေါင်းမကပ်ဘဲ ကောက်ခံမည်

ဂျူဘီလီ (မြစ်မခ) ကျိုင်းတုံ၊ မတ်လ(၃၁)ရက်။ ကျိုင်းတုံမြို့နယ်တွင် ဧပြီလ(၁)ရက်မှ စတင်ကောက်ခံမည့် ရွှေခွန်အတွက် လတ်တလောတွင် တံဆိပ်ခေါင်း မကပ်ဘဲ ကောက်ခံ သွားမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရှိရသည်။ ကျိုင်းတုံမြို့တွင် ပြည်တွင်းအခွန်ဦးစီးဌာနမှ မတ်လ(၃၁)ရက်တွင် ပြုလုပ်သည့် ရွှေအခွန်ကောက်ခံခြင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

Read More »

အင်းတော်ကြီးဒေသရှိ နန့်တိန်နှင့် အင်းတော်တံတား နေရာတွင် ကွန်ကရစ်တံတားအဖြစ် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၌ ဆောင်ရွက်မည်

အေမီအောင် (မြစ်မခ) ရန်ကုန်၊ မတ် (၃၀) ရက်။ အင်းတော်ကြီးဒေသ၊ ပန်းလားကျေးရွာနှင့် လောဆွန့်ကျေးရွာကိုဆက်သွယ်ထားသော နန့်တိန်ချောင်းကူး သစ် သားတံတားနှင့် အင်းတော်သစ်သားတံတားတို့အား ကွန်ကရစ်တံတားအဖြစ်တည်ဆောက်ပေးနိုင်ပါရန် ပြည် နယ်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကချင်ပြည်နယ်လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ ယင်းအဆိုကို မိုးညှင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း က ကချင်ပြည်နယ်လွှတ်တော်၊ ဆဌမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)တွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး မတ် ၂၉ ရက်တွင်ပြုလုပ်သော ကချင်ပြည်နယ်လွှတ်တော်၊ ဆဌမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)တွင် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

Read More »

ထရော်ရွာသစ် စံပြတိုက်နယ်ဆေးရုံကို မူလသတ်မှတ်ထားသည့်နေရာတွင် ဆောက်လုပ်ရန် ဒေသ(၅၀၀)ခန့် ဆန္ဒဖော်ထုတ်တောင်းဆို

မျိုးမင်းထွန်း(မြစ်မခ) ပုသိမ်၊ မတ်လ (၂၉) ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ ထရော်ရွာသစ် စံပြတိုက်နယ် ဆေးရုံဆောက်လုပ်ရန်  မူလသတ် မှတ်ထားသည့်နေရာတွင် ဆောက်လုပ်ရန် ဒေသတွင်း ကျေးရွာ(၁၃) ရွာမှ ပြည်သူ (၅၀၀)ခန့် မတ်လ (၂၉) ရက် နံနက် (၉) နာရီခန့်မှ (၁၁) နာရီခန့်အထိ ခွင့်ပြုချက်ဖြင့် ကျိုက်လတ်မြို့ပေါ် တွင် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

Read More »

လျှပ်စစ်ဓာတ်မီးတိုင်များတွင် Internet Fiber Cable ကြိုးများ တပ်ဆင်ထားခြင်းကို ပြန်လည်ဖြုတ်ခြင်းမရှိပါက ဥပဒေအရ အရေးယူမည်

စောခ(မြစ်မခ) ရန်ကုန်၊ မတ်လ (၂၉)ရက်။ ရန်ကုန်မြို့လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်မီးတိုင်များတွင် ခွင့်ပြုချက်မဲ့ Internet Fiber Cable ကြိုးများ တပ်ဆင်ထားခြင်းကို ပြန်လည်ဖြုတ်ခြင်းမရှိပါက သက်ဆိုင်ရာ ကုမ္ပဏီများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ အဆိုပါ ကေဘယ်ကြိုးများ တပ်ဆင်ထားသည့် ကုမ္ပဏီများကို ပြန်လည် ဖြုတ်ရန် သတိပေးထားကြောင်း သိရသည်။

Read More »