Thursday , October 18 2018
Home / သတင်း / ပြည်သူ့ သတင်း (page 4)

ပြည်သူ့ သတင်း

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ရွှေ့ပြောင်းအလုပ်သမား ပို့ဆောင်ပေးမှုတွင် ကြားခံပွဲစားများ လွှမ်းမိုးမှုရှိနေ

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ ဇူလိုင် ၁၃ ရက်။ ထိုင်း-မြန်မာ နှစ်နိုင်ငံအေဂျင်စီ သဘောတူစာချုပ် (MOU)ဖြင့် အလုပ်သမားများ ပို့ဆောင်ပေးရာတွင် ကြားခံ ပွဲစားများ လွှမ်းမိုးမှုရှိနေပြီး ငွေပိုပေးရသည့် အခြေအနေများရှိနေကြောင်း သိရှိရသည်။ “ပွဲစားတွေကို အားကိုးနေရတဲ့သဘောပါ။ ပဲခူး၊ မကွေး စတဲ့ နယ်မြေတွေက သက်ဆိုင်ရာအေဂျင်စီရဲ့ပွဲစားတွေ နဲ့လုပ်ရတယ်။ ထိုင်းဘက်ရောက်တော့လည်း ပွဲစားတွေရှိပြန်တယ်။ ပိုက်ဆံကလည်း ပိုပေးရတယ်။ ပြီးတော့ ဟိုဘက်ရောက်တော့ ပွဲစားတွေက ဒီဘက်မှာပြောထားတဲ့အလုပ် မဟုတ်တာတွေကို ပို့ပေးတာတွေရှိတယ်။” ဟု မြန်မာအလုပ်သမားများကူညီစောင့်ရှောက်ရေးအဖွဲ့(AAC)မဟာမိတ်အဖွဲ့မှ အထွေထွေတာဝန်ခံ ကိုရဲမင်းက ပြောသည်။

Read More »

သဘာဝဘေးဖြစ်ပွားရာနေရာများတွင် မောင်းသူမဲ့ လေယာဉ်များ အသုံးပြု၍ အချက်အလက်ရယူနိုင်ရေး လုပ်ဆောင်နေ

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ ဇူလိုင် ၁၂ ရက်။ မောင်းသူမဲ့ လေယာဉ်များ(UAV)ကို ထည့်သွင်းအသုံးပြုဆောင်ရွက်လာနိုင်ပါက သဘာဝဘေးဖြစ်ပွားရာ နေရာ ဒေသများ၏အခြေအနေနှင့် သတင်းအချက်အလက်များကို လျင်မြန်စွာရယူနိုင်မည်ဖြစ်ကြောင်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်၏ ပြောဆိုချက်အရ သိရှိရသည်။ နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ဇူလိုင် ၁၂ ရက်တွင် ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းမျာတွင် အထောက်အကူဖြစ်စေမည့် သတင်းအချက်အလက်နှင့် ကောင်းကင်ဓာတ်ပုံများ မောင်းသူမဲ့လေယာဉ်များအသုံးပြု၍ ရယူဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

Read More »

မြန်မာလုပ်သားအများစုမှာ ပြည်ပသို့ အလုပ်လုပ်ရန် သွားရောက်ရာတွင် အကျိုးဆောင်များကိုသာ ပိုမိုယုံကြည်နေ

ပိုင်ထက်(မြစ်မခ) ရန်ကုန်၊ ဇူလိုင် ၁၁ ရက်။ မြန်မာအလုပ်သမားအများစုမှာ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည်ဆိုပါက အစိုးရထက် အကျိုးဆောင် များကိုသာ ပိုမိုယုံကြည်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ အလုပ်သမားဦးစီးဌာနမှ သိရှိရသည်။ “ကျွန်တော်တို့ရုံးဌာနကနေ လုပ်ပေးပါ့မယ်ဆိုတာတောင်မှ အလုပ်သမားတွေက ပွဲစားပဲ။ ကျွန်တော်တို့ အဲဒီပွဲ စား ပပျောက်ဖို့လုပ်နေတယ်။ ပွဲစားလက်မအပ်ပါနဲ့၊ ကိုယ်တိုင်လာလုပ်ပါ။ မြန်တယ်ဆိုတာတောင် သူတို့က မရ ဘူး။ သူတို့ကိုယ်တိုင်က ပွဲစားပဲဖြစ်နေတယ်။”ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန် ကြီးဌာန၊ အလုပ်သမားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းက ပြောသည်။ ထိုင်းနိုင်ငံမှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ဇွန် ၂၉ ရက်မှစတင်ကာ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားအများစုမှာ …

Read More »

တစ်နိုင်တစ်ပိုင် ပြည်တွင်းဘုရားဖူးလုပ်ငန်းများ လိုင်စင်ရရှိရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြမည်

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇူလိုင် ၁၁ ရက်။ ရန်ကုန်တိုင်းဒေသကြီးရှိ တစ်နိုင်တစ်ပိုင် ပြည်တွင်းဘုရားဖူး ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ လိုင်စင်ရရှိရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ပြည်တွင်းဘုရားဖူးခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။ စည်ပင်သာယာနယ်နိမိတ်အတွင်း တိုက်ခန်းများရှေ့၌ အဖီဆွဲ၍ ဖွင့်လှစ်ခြင်း၊ တိုက်ခန်းလှေကားဘေး၌ အခန်း ငယ်ဖွဲ့၍ ဖွင့်လှစ်လုပ်ကိုင်နေသည့် ပြည်တွင်းဘုရားဖူး ခရီးသွားဝန်ဆောင်မှုလုပ်ငန်းငယ်များသည် လုပ်ငန်းလိုင် စင်ရရှိရန် အခက်အခဲများရှိနေခြင်းကြောင့် ယင်းကဲ့သို့တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးအောင်စိုးမိုးကို အတည်ပြုခန့်အပ်

မင်းအောင်မြင် (မြစ်မခ) ရန်ကုန်၊ ဇူလိုင် ၁၀ ရက်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးအောင်စိုးမိုးကို ပြောင်း လဲခန့်အပ်ရာ၌ ကိုယ်ရေးအကျဉ်းတွင် ဘွဲ့ထူး၊ ဂုဏ်ထူး၊ ရာထူးများ မပါဝင်ဘဲ မပြည့်စုံခြင်းများရှိနေသည်ဟု ထောက်ပြခြင်းများရှိခဲ့သော်လည်း အတည်ပြုခန့်အပ်လိုက်ကြောင်း သိရှိရသည်။ အဆိုပါ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးခန့်အပ်ခြင်းကို ဇူလိုင် ၁၀ ရက်တွင်ကျင်းပသည့် ဒုတိယအကြိမ်ရန် ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အရေးပေါ်အစည်းအဝေး(၁/ ၂၀၁၇) ပထမနေ့တွင် အတည်ပြုလိုက်ခြင်း ဖြစ်သည်။

Read More »