Monday , November 27 2017
Home / သတင်း / ပြည်သူ့ သတင်း (page 30)

ပြည်သူ့ သတင်း

သက်ငယ်မုဒိန်းသေဒဏ်ချမှတ်ပေးရန် စစ်တွေတွင် လူ (၅၀၀)ခန့် ဆန္ဒထုတ်ဖော်

ပန်လှအောင် (မြစ်မခ) မင်းပြား၊ နိုဝင်ဘာ(၁၄)ရက်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် သက်ငယ်မုဒိန်းမှု ကျူးလွန်သူများအား သေဒဏ်ချမှတ်ပေးရန် ရခိုင် အမျိုးသမီးအများစု ပါဝင်သော လူ(၅၀၀)ခန့်က နိုဝင်ဘာ(၁၆)ရက်၊ နေ့လည်(၂း၃၀)နာရီတွင် ဆန္ဒထုတ် ဖော်ခဲ့ကြကြောင်း သိရှိရသည်။

Read More »

စစ်ကိုင်းမှ သပိတ်မှောက်အလုပ်သမားများ ရမည်းသင်းထောင်မှ လွတ်မြောက်ပြီး စာနယ်ဇင်းရှင်းလင်း

မင်းခန့်(မြစ်မခ) မန္တလေး၊ နိုဝင်ဘာ (၁၁) ရက်။ ရမည်းသင်းထောင်မှ နိုဝင်ဘာ ၁၁ ရက်တွင်ပြန်လည်လွတ်မြောက်လာသည့် စစ်ကိုင်းသစ်အချောထည်စက်ရုံမှ သပိတ်မှောက်အလုပ် သမားများအား ကြိုဆိုဂုဏ်ပြုပွဲနှင့် အလုပ်သမားများ၏သတင်းစာရှင်းလင်းပွဲကို မန္တလေး မြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ယက်(အထက်ဗမာပြည်)ရုံး၌ ပြု လုပ်ခဲ့ကြောင်း သိရှိရသည်။

Read More »

တကောင်းနိကယ်စက်ရုံနှင့် ဂရိတ်ဝေါသကြားစက်ရုံအပြီးပိုင် ဖျက်သိမ်းပေးရေး ဒေသခံများ ဆန္ဒထုတ်ဖော် တောင်းဆို

ကောင်းခန့်လင်း၊ နေမျိုးလှရွှေ (မြစ်မခ) ထီးချိုင့်၊ နိုဝင်ဘာ(၁၀)ရက်။ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအနီးတွင် တည်ဆောက်ထားသည့် တကောင်းနိကယ်စက်ရုံနှင့် ဂရိတ်ဝေါသကြားစက်ရုံ နှစ်ခုအား အပြီးပိုင်ဖျက်သိမ်းပေးရေးအတွက် နိုဝင်ဘာ (၁၀)ရက် နံနက်ပိုင်းတွင် ဒေသခံများ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြောင်း သိရှိရသည်။  

Read More »

ဦးမောင်ဝိတ်သည် မည်သည့်ဝန်ကြီးချူပ်ကိုမှ နာရီ လက်ဆောင်ပေးခဲ့ဘူးခြင်းမရှိဟုဆို

ထွယ်ဆန် (မြစ်မခ) ရန်ကုန်၊ နိုဝင်ဘာ(၉)ရက်။ ဦးမောင်ဝိတ်အနေဖြင့် မည်သည့် ဝန်ကြီးချူပ်ကိုမှ နာရီလက်ဆောင်ပေးခဲ့ဘူးခြင်း မရှိကြောင်း နိုဝင်ဘာ (၉)ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ပြောဆိုလိုက်ကြောင်း သိရှိရသည်။

Read More »

ဧရာဝတီမြစ်အတွင်း၌ မြစ်ဆုံစီမံကိန်း ကန့်ကွက်သည့် ကမ်ပိန်းတစ်ခုပြုလုပ်

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ နိုဝင်ဘာ (၅)ရက်။ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျေး ရွာအနီး ဧရာဝတီမြစ်အတွင်း၌ နိုဝင်ဘာ (၅)ရက် နံနက်ပိုင်းက Natural Green Alliance (သဘာဝစိမ်း)နှင့် Activities (စိမ်းရောင်စို)မန္တလေးအဖွဲ့တို့မှ  မြစ်ဆုံစီမံကိန်း ကန့်ကွက်သည့် ကမ်ပိန်းတစ်ခုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Read More »