Sunday , May 28 2017
Home / သတင်း / ပြည်သူ့ သတင်း (page 3)

ပြည်သူ့ သတင်း

စပါးဈေးကျဆင်းနေခြင်းကြောင့် အစိုးရမှ ထိုက်​သင့့်​သည့် ​ဈေးနူန်းဖြင့် ဝယ်ယူပေးရေး တောင်သူ (၁၀၀၀)ဦး ခန့် ဆန္ဒဖော်ထုတ်တောင်းဆို

ပန်လှအောင် (မြစ်မခ) ရခိုင်ပြည်နယ်တွင် စပါးဈေးလွန်စွာကျဆင်းနေခြင်းကြောင့် နိုင်ငံတော်အစိုးရမှ ထိုက်​သင့့်​သည့် ​ဈေးနူန်းဖြင့် စပါးဝယ်ယူပေးရေး မြောက်ဦးမြို့မှ ဒေသခံတောင်သူ (၁၀၀၀)ဦးခန့် မေလ (၈)ရက် မွန်းလွဲ (၁း၀၀) နာရီခန့်က ခွင့်ပြုချက်ယူကာ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

Read More »

မြန်မာနိုင်ငံသည် ဘေးအန္တရာယ်ကျရောက်စဉ်ကာလ သေဆုံးနှုန်းမြင့်မားသည့် နိုင်ငံဖြစ်သည်ဟု နိုင်ငံတော် သမ္မတ ဦးထင်ကျော်ပြောကြား

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ မေ(၈)ရက်။ အရှေ့တောင်အာရှဒေသအတွင်း နိုင်ငံများနှင့် ယှဉ်လျှင် မြန်မာနိုင်ငံသည် ဘေးအန္တရာယ်ကျရောက်စဉ်ကာလ သေဆုံးနှုန်းမြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု နိုင်ငံတော် သမ္မတ ဦးထင်ကျော်က နေပြည်တော်ရှိ MICC 2 တွင် မေ(၈)ရက်က ပြုလုပ်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းမှတ် အခမ်းနားတွင် ပြောကြားလိုက်သည်။

Read More »

စားသုံးဆီများတွင် ရောနှောမှုအချိုးအစားနှင့် ပါဝင်သည့်ပမာဏကို တိကျစွာ တံဆိပ်ကပ်ဖော်ပြနိုင်ရန် ဆွေးနွေးမှုများလုပ်ဆောင်နေ

ယမုံ (မြစ်မခ) ရန်ကုန်၊ မေလ(၈)ရက်။ စားသုံးဆီများတွင် ရောနှောမှု အချိုးအစားနှင့် ပါဝင်သည့် ပမာဏကို တိကျပွင့်လင်းမြင်သာစွာ တံဆိပ်ကပ် ဖော်ပြနိုင်ရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံအစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)တို့ ညှိုနှိုင်းဆောင်ရွက်နေကြောင်း သိရှိရသည်။ စားသုံးဆီအတုနှင့် ရောနှောဆီများတွင် နှစ်မျိုးထက်ပိုမိုရောနှောခြင်းအား ဓါတ်ခွဲခန်းစစ်ဆေးမှုခက်ခဲသဖြင့် ယင်းကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

Read More »

မြန်မာနိုင်ငံ၏ သတင်းစာလွတ်လပ်ခွင့် မြင့်တက်လာကြောင်း ပြန်ကြားရေးဝန်ကြီး ပြောကြား

မြစ်မခ ရန်ကုန်၊ မေ (၃) ရက်။ မြန်မာနိုင်ငံ၏သတင်းစာလွတ်လပ်ခွင့် မြင့်တက်လာကြောင်း မေ ၃ ရက်တွင်ကျရောက်သည့် World Press  Freedom Day တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က ပြောကြားလိုက်သည်။  

Read More »

အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်သတ်မှတ်မှုနှင့်အတူ ကုန်ဈေးနှုန်းထိန်းချုပ်မှုအတွက်လည်း ကြိုတင်ပြင်ဆင် ထားသင့်

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ မေ (၃) ရက်။ အနိမ့်ဆုံးလုပ်ခလစာကို ကျပ်(၅၆၀၀)သို့ တိုးမြှင့်သတ်မှတ်ပေးပြီး ကုန်ဈေးနှုန်းမတက်စေရေးအတွက်လည်း ကြိုတင်ပြင်ဆင်ထားမှုများ လုပ်ဆောင်ရန်လိုအပ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများထံမှ သိရှိရသည်။ “တိုင်းပြည်မှာ လုပ်ခလစာတိုးတိုင်း ကုန်ဈေးနှုန်းတက်လေ့ရှိတာကြောင့် အလုပ်သမားတွေအနေနဲ့ နစ်နာမှု တွေ ဖြစ်နေရပြီး အနိမ့်ဆုံးလုပ်ခလစာကို(၅၆၀၀)တိုးမြှင့်မယ်ဆိုရင် အလုပ်သမားတွေအတွက် အမှန်တကယ် ရရှိတဲ့ ငွေဖြစ်စေလိုတယ်။”ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်လူ့အဖွဲ့စည်းမှ အလုပ်သမားရေးရာ တာဝန်ခံ ဒေါ်သက်သက်အောင်က ပြောသည်။

Read More »