Friday , March 9 2018
Home / သတင်း / ပြည်သူ့ သတင်း (page 2)

ပြည်သူ့ သတင်း

တစ်လနှင့် အထက်နေထိုင်မည့် အိမ်ငှားများ ရပ်ကျေးအုပ်ချုပ်ရေးမှူးထံ အသိပေးအကြောင်းကြားရန်လို

  အေမီအောင် (မြစ်မခ) ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက်။ ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း တစ်လနှင့်အထက် ကျော်လွန်နေထိုင်မည့် အိမ်ငှားများသည် ရပ်ကျေးအုပ် ချုပ်ရေးမှူးထံ အသိပေးအကြောင်းကြားရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက အောက်တိုဘာ ၁၂ ရက်တွင် ပြုလုပ်သည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောဆိုလိုက်သည်။

Read More »

မြန်မာနိုင်ငံသည် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်နေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောသန်းထွဋ်ပြောဆို

မောင်မောင်ငြိမ်း (မြစ်မခ) မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်နေကြောင်း ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောသန်းထွဋ်က ပြောဆိုလိုက်သည်။ “ကျွန်တော်တို့နိုင်ငံက အရင်နဲ့မတူတော့ဘူး။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်နေပြီ။ ရင်းနှီးမြှုပ်နှံချင်တဲ့နိုင်ငံ တွေ၊ ငွေချေးချင်တဲ့နိုင်ငံတွေ အများကြီး၊ အရင်တုန်းကငွေချေးရင် ပေါက်ဈေးလို့ခေါ်တဲ့ လေး၊ ငါး၊ ခြောက်၊ ခုနှစ်စသည်ဖြင့် အတိုးပေးရတယ်။ အခုချိန်မှာ အဖွဲ့အစည်းကချေးမယ်ဆိုရင် တစ်ကျပ်အတိုးတောင်မပေးရ တော့ဘူး (၀.၀၇)ပဲရှိတယ်။ ဒီချိန်မှာ ကျေးရွာလူငယ်တွေက ကိုယ့်ကျေးရွာဖွံ့ဖြိုးရေးအတွက် ပါဝင်လာကြတယ်။ ကိုယ့်ကျေးရွာရဲ့အချက်အလက်တွေပေါ်မူတည်ပြီး ကျေးရွာရဲ့လိုအပ်ချက်၊ ကျေးရွာရဲ့ဆန္ဒနဲ့အညီ ကိုယ့်ကျေး ရွာဖွံ့ဖြိုးရေးကို ကိုယ့်ကျေးရွာသားတွေကိုယ်တိုင် ပါဝင်သုံးသပ်ဆုံးဖြတ်နိုင်ဖို့လိုတယ်။”ဟု ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောသန်းထွဋ်က ပြောသည်။

Read More »

မောင်တောမြို့နယ်အတွင်း ဟိန္ဒူနေအိမ်များ မီးရှို့ခံနေရခြင်းကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေ

အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ စက်တင်ဘာ(၂၈)ရက်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်ရှိ ဟိန္ဒူနေအိမ်များ မီးရှို့ခံနေရခြင်းကို စိစစ်ဖော်ထုတ်နိုင် ရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မောင်တောမြို့မ ရဲစခန်းမှ သိရှိရသည်။ အဆိုပါ နေရာတွင် စက်တင်ဘာ(၂၆)ရက်တွင် ဟိန္ဒူနေအိမ်(၃)လုံးနှင့် (၂၇)ရက်တွင် နေအိမ်(၁)လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်းဖိုးမှာ ကျပ်(၁၅၀၀၀၀)ရှိကြောင်း မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။

Read More »

ရခိုင်အရေးကို ဦးစားပေးဖြေရှင်းနေရခြင်းကြောင့် အခြားဒေသရှိ စစ်ရှောင်များအရေး လုပ်ဆောင်ရန် လစ်ဟာမှုရှိနိုင်

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက်။ အစိုးရသစ်လက်ထက်တွင် လက်ရှိဖြစ်ပွားနေသည့် ရခိုင်အရေးကို ဦးစားပေးဖြေရှင်းနေရခြင်းကြောင့် အခြား ဒေသရှိ စစ်ရှောင်များအရေးလုပ်ဆောင်ရန် လစ်ဟာမှုရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုပြန်ကြား ရေးကော်မတီမှ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောဆိုလိုက်သည်။ “လောလောဆယ်အရေးကြီးတာက ရခိုင်ဒေသပဲ။ အဲဒီအတွက် နေ့စဉ်လိုလိုထောက်ပံ့တာတွေ လုပ်ပေးနေ တယ်။ စစ်ရှောင်တွေကတော့  မြိုင်ကြီးငူတို့အပါအဝင် အခြားဘက်မှာလည်းရှိတယ်။ အဲဒါတွေကတော့ လော လောဆယ်အရေးကြီးတဲ့ နေရာကို ပံ့ပိုးနေရတော့ အရေးမကြီးဘူးလို့ပြောတာတော့ မဟုတ်ဘူး။ တချို့နေရာ တွေမှာ လစ်ဟာမှုရှိနိုင်တယ်။ ဒါကလည်း သဘာဝကျတယ်။”ဟု မုံရွာ အောင်ရှင်က ပြောသည်။

Read More »

ကလေးလုပ်သားများ ညှင်းပန်းနှိပ်စက်ခံရများကို ရပ်ကျေးအဆင့်အဖွဲ့များဖြင့် စောင့်ကြည့်မည်

အေမီအောင်(မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ အလုပ်ရှင်၊ အိမ်ရှင်များ၏ ညှင်းပန်းနှိပ်စက်မှုခံနေရသည့် ကလေးလုပ်သားများ၏နစ်နာမှုများကို သိရှိစေရန် အ ထွေထွေအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ရပ်ကျေးအဆင့်စောင့်ကြည့်ရေးအဖွဲ့များဖြင့် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောဆိုလိုက်သည်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေး၊ တတိယနေ့ကို စက်တင်ဘာ ၅ ရက်တွင် ပြုလုပ်ရာ အိမ်ဖော်အဖြစ်လုပ်ကိုင်နေသည့် ကလေးလုပ်သားများအား ညှင်းပန်းနှိပ်စက်မှုများဖြစ်ပေါ်နေခြင်းကို အချိန်နှင့် တပြေးညီသိရှိစေရန် စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းပေးရန် မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ် တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ မေးမြန်းမှုကို ဝန်ကြီးကဖြေကြားလိုက်ခြင်းဖြစ်သည်။

Read More »