Friday , September 22 2017
Home / သတင်း / ပြည်သူ့ သတင်း (page 176)

ပြည်သူ့ သတင်း

ငြိမ်းချမ်းရေးလမ်းလျှောက်သူများ တောင်ငူကို အေးချမ်းစွာ ကျြော်ဖတ်

 ပြည်တွင်းငြိမ်းချမ်းရေးအတွက်လိုင်ဇာသို့လမ်းလျှောက်နေသူများအား တောင်ငူမှ ရဲမှူး၊ အုပ်ချုပ်ရေးမှူးတို့က တစ်စုံတစ်ရာ ဟန့်တားခြင်းမရှိပဲ စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ဆုတောင်းစာများပင် ထည့်ပေး လိုက်ကြောင်း သိရှိရသည်။ ယမန်နေ့က ပြည်ပမီဒီယာအချို့တွင် တောင်ငူမြို့နယ်အုပ်ချုပ်ရေးမှူးမှ ငြိမ်းချမ်းရေးလမ်းလျှောက်သူများအား ဖမ်းဆီးအရေးယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း၊ ထုတ်ပြန်သည့်နိုင်ငံတော်သမ္မ၏ စုဝေးလှည့် လည်ခွင့် တားမြစ်မိန့်အားပယ်ဖျက် ဇန်န၀ါရီလ (၂၈)ရက်နေ့ နေ့စွဲဖြင့် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့ ဇန်န၀ါရီလ(၂၉)ရက်နေ့ ညနေပိုင်းတွင် တောင်ငူမြို့သို့ရောက်ရှိခဲ့ကာ ၎င်းမြို့နယ်မှ အေးချမ်းစွာ ထွက်ခွာနိုင် ခြင်းဖြစ်သည်။

Read More »

နော်ဝေးအစိုးရမှ ကချင်စစ်ရပ်စဲရေး ကြားဝင်ဆောင်ရွက်ရန် မြန်မာတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

လက်ရှိကချင်ပြည်နယ်တွင်ဖြစ်ပွားနေသောစစ်ပွဲများ အမြန်ဆုံးရပ်စဲရေးနှင့် စစ်ပြေးဒုက္ခသည်များ၏ အသက်အိုးအိမ်လုံခြုံရေးအတွက် နော်ဝေးအစိုးရကကြားဝင်ဆောင်ရွက်ပေးရန် နော်ဝေးနိုင်ငံရောက် ကချင်တိုင်းရင်းသားများက ပြီးခဲ့သည့် စနေနေ့က နော်ဝေပါလီမန်နှင့်နိုင်ငံခြားရေး ၀န်ကြီးရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည်။ “ကျွန်တော်တို့အနေနဲ့မြန်မာနိုင်ငံအစိုးရကို ကချင်ပြည်နယ်မှာလက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ် စစ်ဆင်နေတာတို့၊ လေယာဉ်သုံးဗုံးကြဲတာတို့ကိုကန့်ကွက်ရှုတ်ချတဲ့အပြင် နော်ဝေးအစိုးရကိုလည်း (၁၉)လကြာဖြစ်ပွားနေတဲ့ ကချင်စစ်ပွဲကိုအမြန်ဆုံးရပ်စဲဖို့ မြန်မာစစ်အစိုးရနဲ့ ချည်းကပ် ဆောင်ရွက် ပေးဖို့လည်း မေတ္တာရပ်ခံပါတယ်”ဟု ဆန္ဒပြပွဲအား ဦးဆောင်ခဲ့သည့် ကချင်တိုင်းရင်းသား“ကိုတုလွန်(မ်)”ကပြောသည်။

Read More »

သံဃာ့မဟာနာယကအဖွဲ့အကျိုးဆောင်အဖြစ်မှ ရပ်စဲခံလိုက်ရသည့် မကွေးကျောင်းတိုက်ဆရာတော်

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ မကွေးကျောင်းတိုက်ဆရာတော်ဦးပါမောက္ခအား နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့၏ အကျိုးတော်ဆောင်အဖြစ် တာဝန်မှရပ်စဲခဲ့သည်။ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် သံဃာ့မဟာနာယကအဖွဲ့ အကျိုးတော်ဆောင်တာဝန်အဖြစ်မှ ရပ်စဲခံရသည့် အကြောင်းအရင်းမှာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ ဆရာတော် ဦးပါမောက္ခ အား ဆန္ဒမပြရန် လက်မှတ်ရေးထိုးခိုင်းခြင်းကို ငြင်းဆန်ခဲ့သည့်အတွက်ကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြောင်း ဦးပါမောက္ခက မိန့်ကြားသည်။

Read More »