Monday , January 8 2018
Home / သတင်း / ပြည်သူ့ သတင်း (page 170)

ပြည်သူ့ သတင်း

အစိုးရက ရခိုင်ဒုက္ခသည်များအတွက် ပထမဆုံးအကြိမ် နေအိမ်(၆၆၉)လုံး ချပေးမည်

 စစ်တွေမြို့နယ်၊ဆတ်ရိုးကျချောင်းတစ်ဖက်ကမ်းရှိ မြေနေရာလွတ်၌ ဒုက္ခသည်များအတွက် အိမ်ရာ(၆၆၉)လုံး တည်ဆောက်မှုလုပ်ငန်းမှာ ခုနှစ်ဆယ်ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ဆိုသည်။ “တော်တော်များများတော့ ပြီးနေပါပြီ၊ အဓိကက အမိုးမိုးဖို့လောက်ပဲ ကျန်တော့တယ်၊ မိုးမယ့်အမိုးက အစိုးရက ချပေးမှာ စောင့်နေတာ အခုအထိ ချမပေးသေးတော့ ဘယ်လိုမှ ဆက်လုပ်လို့ မရသေးဘူး ဖြစ်နေတာ”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

Read More »

အမျိုးသမီးသီးသန့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန် အဖွဲ့အစည်းများလိုလား

မြန်မာအမျိုးသမီးများအား အကာအကွယ်ပေးနိုင်ရန် သီးသန့်ဥပဒေမရှိခြင်းကြောင့် အမျိုးသမီး အခွင့်အရေးရရှိရန် ပြောဆိုရာ၌ အခက်အခဲများစွာကြုံတွေ့နေရကြောင်း အမျိုးသမီး အရေးလှုပ်ရှားနေသူများထံက သိရသည်။ ” အကာအကွယ်ပေးတဲ့ ဥပဒေမရှိတော့ ခံစားရတဲ့အမျိုးသမီးတွေကိုသူတို့အတွက် အခွင့်အရေးတွေ ပြောပေးတဲ့အခါမှာ တော်တော်ခက်ခဲပါတယ်။  အောက်ခြေမှာတင်အခက်အခဲတွေ  အများကြီးရှိတယ်။ နောက်ပြီး အိမ်တွင်းအကြမ်းဖက်မှုပြုလို့ ရှိရင် လည်း ဒါအိမ်တွင်းရေးပဲ၊ အပြင် လူဝင်စွက်ဖက်စရာ မလိုဘူးဆိုတဲ့ ထုံးတမ်း အစဉ် အလာတွေ၊ အယူစွဲမှုတွေကိုလည်း ခြေဖျက်ဖို့ ကြိုးစားရတယ် ” ဟုမြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့များကွန်ရက် ဥက္ကဌ ဒေါ်လှလှစိုးက ပြောသည်။

Read More »

ဥပဒေမူကြမ်းအပေါ် ထုတ်ဝေသူနှင့်သတင်းမီဒီယာအဖွဲ့များ အမြင်မတူဖြစ်နေ

ဖေဖော်ဝါရီလ (၂၇)ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်းအား စာနယ်ဇင်းကောင်စီ-ယာယီနှင့် သတင်းလွတ်လပ်ခွင့် ကော်မတီများမှ လက်မခံနိုင်သည့်အတွက် ပြင်ဆင်လိုသည့် အချက်အလက်များ ထည့်သွင်းနိုင်ရန် မီဒီယာ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သတင်းမီဒီယာများကလည်း ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို လက်ခံနိုင်ခြင်းမရှိဟု သတ်မှတ်ပါက လက်မှတ်ရေးထိုးပြီး အဆိုပါ လက်မှတ်များအား နိုင်ငံတော်သမ္မတနှင့် လွှတ်တော် အသီးသီးသို့ တင်ပြတောင်းဆိုသွားရန် အစီအစဉ်ရှိသည်ဟု သတင်းလွတ်လပ်ခွင့်ကော်မတီမှအဖွဲ့ဝင် သာလွန်ဇောင်းထက်က ဆိုသည်။

Read More »

ငွေစက္ကူအတုအား မည်ကဲ့သို့ထိန်းချုပ်မည်ကို သိရှိလို

ကချင်ပြည်နယ်အတွင်း ၅၀၀၀တန်အတု ထုတ်လုပ်သည့် ကိစ္စဖြစ်ပွားပြီးနောက် ငွေကျပ် (၅၀၀၀)တန် အတုများ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် အသီးသီးတွင် လည်ပတ်မှုရှိနေပါက မည်ကဲ့သို့ ထိန်းချုပ်မည်နည်းဆိုသည့် စပ်လျဉ်းသည့်မေးခွန်းအား မိုးမောက် မဲဆန္ဒနယ်ဦးဇော်ထွန်းက ပြည်သူ့လွှတ်တော်၌ ယနေ့ မေးမြန်းခဲ့သည်။ ၄င်း၏ အဆိုပါမေးခွန်း၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်သည့် ကျပ်(၅၀၀၀)တန်များ ရွက်ရေမည်မျှရှိ သည်ကိုလည်း ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ မတ်လ(၇)့ ၌ မေးမြန်းခဲ့ခြင်းဖြစ်သည်။

Read More »

လူငယ်ကင်းထောက်အဖွဲ့၏ နည်းစနစ်ဆိုင်ရာ ဆွေးနွေးပွဲ နေပြည်တော်၌ ကျင်းပမည်

လာမည့် မတ်လ(၂၄)ရက်မှ (၂၆)ရက်နေ့အထိ လူငယ်ကင်းထောက်အဖွဲ့ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်များ၊ ရှေ့လုပ်ငန်းစဉ် အတွက် နည်းစနစ်ဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း ကင်းထောက် ဒုတိယညွန်ကြားရေးမှူးဒေါ်မြင့်ကြည်က ဆိုသည်။ “ ကျွန်မတို့တွေ့ဆုံပွဲမှာ ကလေးတွေ တိုးတက်ပြောင်းလဲလာမှုကို ဆွေးနွေးသွားမှာပါ။ ကလေးတွေရဲ့ လစဉ်မှတ်တမ်းကိုတင်ပြပြီး ရှေ့နှစ်မှာ ဘယ်လိုနည်းစနစ်တွေနဲ့ ဖွဲ့စည်းသွားမယ်ဆိုတာကို ဆွေးနွေးသွားမှာပါ “ ဟု ကင်းထောက် ဒုညွှန်ကြားရေး မှူး ဒေါ်မြင့်ကြည်က ပြောသည်။

Read More »