Saturday , March 10 2018
Home / သတင်း / ပြည်သူ့ သတင်း (page 160)

ပြည်သူ့ သတင်း

ရွှေလီ(၁)စီမံကိန်းကြောင့် မန္တလေးတိုင်းနေပြည်သူများ အကျိုးခံစားခွင့်များပြားလာ

 တရုတ်နှင့်အကျိုးတူဆောင်ရွက်ထားသည့် မဂ္ဂါဝပ် ၆၀၀ လျှပ်စစ်ဓာတ်အား ထွက်ရှိရာ နမ့်ခန်းမြို့ မန့်တပ်ရွာအနီးရှိ ရွှေလီ(၁) ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိသည့် လျှပ်စစ်ဓါတ်အားများကို မြန်မာနိုင်ငံမှထက်ဝက် ၀ိုင်ဆိုင်သည်ဟု လျှပ်စစ်စွမ်းအားဝန်းကြီးဌာနမှ တာဝန်ရှိသူများထံမှသိရှိ ရသည်။ အဆိုပါ ရွှေလီ(၁)ဓါတ်အားလိုင်းမှာ မန်စံ၊ ရွှေစာယံဓာတ်အားလိုင်းများနှင့်တွဲ၍ မဟာဓါတ်အားလိုင်း စနစ်ထဲသို့ ၀င်ရောက်သွားကြောင်း မူဆယ်လျှပ်စစ်ဓါတ်အားခွဲစက်ရုံမှ တာဝန်ခံအင်ဂျင်နီယာက ဆိုသည်။

Read More »

ရန်ကုန် ရှစ်လေးလုံးအထိမ်းအမှတ် ပန်းခွေချဆုတောင်းပွဲ ကျင်းပ

  ၂၅ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့၌ အထိမ်း အမှတ်ပွဲတစ်ရပ်ကို သြဂုတ်လ၈ရက် နံနက်၈နာရီ ၈မိနစ်၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနား၌ အမှတ်တရ ပန်းခွေချခြင်း၊ အမှတ်တရ သီချင်းသီဆိုခြင်းများအပါအ၀င် ဘာသာပေါင်းစုံမှ ဆုတောင်း မေတ္တာပို့သခြင်းများကို ၈၈ အရေးတော်ပုံ၌ ပါဝင်ခဲ့သူများ၊ မျိုးဆက်သစ်များနှင့် အဖြူရောင်တွဲလက်များအဖွဲ့မှ ဦးဆောင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Read More »

အချိန်ပိုမဆင်း၍ အလုပ်ထုတ်ပါက လုပ်သားများမှ ပြန်၍ တရားစွဲဆိုနိုင်

လုပ်သားများအနေဖြင့် အချိန်ပိုဆင်းရန် ဆန္ဒမရှိပါက ဆင်းရန်မလိုကြောင်း၊ အချိန်ပိုမဆင်း၍ အလုပ်ထုတ်ပစ်ပါက အလုပ်ထုတ်သူအား ပြန်လည်၍ တရားစွဲဆိုနိုင်ကြောင်း နေပြည်တော် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးနှင့် အလုပ်သမားဝန်ကြီးဌာနမှ ဥပဒေအကြံပေး အရာရှိတစ်ဦးက ဆိုသည်။

Read More »

ဘားအံရေဘေးဒုက္ခသည်များအတွက် KNUနှင့်BDFအဖွဲ့များ လှူဒါန်း

ကရင်ပြည်နယ် ဘားအံမြို့၌ ရေလွှမ်းမိုးမှုဖြစ်ပေါ်နေသည့်အတွက် ရေဘေးရှောင်ဒုက္ခသည်တစ်သောင်းကျော်အထိ ရှိလာပြီ ဖြစ်သည်။ မိုးသည်းထန်စွာ ရွာသွန်းပြီး သံလွင်မြစ်ရေသည် ဇူလိုင်လ(၂၈)ရက်နေ့မှ စတင်ပြီး ဘားအံမြို့၏ စိုးရိမ်ရေမှတ်ထက် ကျော်လွန် ပြီးနောက်  ဘားအံမြို့အနိမ့်ပိုင်းဒေသများ ရေလွှမ်းမိုးခံရမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရေကြီးရေလျှံမှုကြောင့် ရေနစ်သေဆုံးသူ အသက် (၃၀)အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်(၅)နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း သေဆုံးလျက်ရေထဲမှ မျောပါ လာသည်ဟု ဘားအံ့မြို့ခံတို့က ဆိုသည်။

Read More »

မြန်မာ့အင်တာနက်လိုင်း နဂိုမြန်နှုန်း ပြည်လည်ရရှိ

  ပင်လယ်ရေအောက်ဖိုင်ဘာဆက်ကြောင်းတစ်ခုဖြစ်သည့် SE- ME-WE 3 ဆက်ကြောင်းမှာ ဇူလိုင် ၃၀ ရက်နေ့ ညနေ့ပိုင်းက ပြင်ဆင်မှုပြီးစီးသွားပြီဖြစ်သဖြင့် ယခင်အင်တာနက်မြန်နှုန်းအတိုင်း ပြန်လည်အသုံးပြုနိုင်တော့မည်ဖြစ်သည်ဟု မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။

Read More »