Tuesday , April 11 2017
Home / သတင်း / ပြည်သူ့ သတင်း

ပြည်သူ့ သတင်း

အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဟန်ချက်ညီပူးပေါင်း ဆောင်ရွက်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ ဧပြီ(၆) ရက်။ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်ရှိ THE LAKE GARDEN HOTEL တွင် ကျင်းပလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ ဆွေးနွေးပွဲကို ဧပြီ(၆)ရက်နှင့် ဧပြီ(၇)ရက်တို့တွင် (၂)ရက် ဆက်တိုက် နံနက် (၉း၃၀)နာရီမှ ညနေ (၄း၄၅)နာရီထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Read More »

ရန်ကုန်တိုင်းတွင်း တရားမဝင် တရုတ်ဆေးခန်းများကို အရေးယူနိုင်ရန် ပြည်သူများ ပူးပေါင်းပါဝင်မှု လိုအပ်နေ

စောခ (မြစ်မခ) ရန်ကုန်၊ ဧပြီ (၆)ရက်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင် တရုတ်ဆေးခန်းများကို အရေးယူဆောင်ရွက်ရာတွင် ပြည်သူနှင့် လွှတ်တော် ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်ရန် လိုအပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးနိုင်ငံလင်းက ပြောဆိုလိုက်သည်။ “လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ တိုင်ကြားထားတဲ့အတိုင်း ဆောင်ရွက်ပေမယ့် တချို့ဆေးခန်းတွေက   နာမည်တွေပြောင်းပြီး လုပ်ကိုင်နေကြတယ်။ ဒါ့ကြောင့် စစ်ဆေးအရေးယူဖို့ လုံလောက်မှု မရှိပါဘူး။  ပြည်သူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တို့ရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်နေပါသေးတယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။  

Read More »

သင်္ကြန်ကာလ၌ ပြည်သူများအနှောင့်အယှက်ဖြစ်စေမည့် ကိစ္စရပ်များ လုပ်ဆောင်ပါက ဥပဒေနှင့်အညီ ဖြေရှင်းသွားမည်ဟု မွန်ဝန်ကြီးချုပ်ပြောဆို

ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ ဧပြီ (၅) ရက်။ မွန်ပြည်နယ်တွင် သင်္ကြန်ကာလ၌ ပြည်သူများ အနှောင့်အယှက်ဖြစ်စေမည့် ကိစ္စရပ်များကို လုပ်ဆောင်ပါက  ဥပဒေနှင့် အညီ ဖြေရှင်းသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကပြောကြား  လိုက်သည်။

Read More »

လောက်ကိုင်မြို့မှစစ်ဘေးရှောင်ရွှေ့ပြောင်းလုပ်သားများ နယ်မြေတည်ငြိမ်လာပြီဖြစ်သဖြင့် လုပ်ငန်းခွင်ပြန်

နောင် (မြစ်မခ) လားရှိုး၊ မတ် (၃၁) ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့မှ စစ်ဘေးရှောင်ရွှေ့ပြောင်းလုပ်သားများမှာ နယ်မြေတည်ငြိမ်လာ ပြီဖြစ်သဖြင့် မတ် ၃၁ ရက်တွင် လောက်ကိုင်သို့ပြန်နေပြီဖြစ်ကြောင်း သိရသည်။

Read More »

ရွှေအခွန်ကောက်ခံရာတွင် လတ်တလော၌ အခွန်တံဆိပ်ခေါင်းမကပ်ဘဲ ကောက်ခံမည်

ဂျူဘီလီ (မြစ်မခ) ကျိုင်းတုံ၊ မတ်လ(၃၁)ရက်။ ကျိုင်းတုံမြို့နယ်တွင် ဧပြီလ(၁)ရက်မှ စတင်ကောက်ခံမည့် ရွှေခွန်အတွက် လတ်တလောတွင် တံဆိပ်ခေါင်း မကပ်ဘဲ ကောက်ခံ သွားမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရှိရသည်။ ကျိုင်းတုံမြို့တွင် ပြည်တွင်းအခွန်ဦးစီးဌာနမှ မတ်လ(၃၁)ရက်တွင် ပြုလုပ်သည့် ရွှေအခွန်ကောက်ခံခြင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

Read More »