Tuesday , November 28 2017
Home / သတင်း / နိုင်ငံရေးသတင်း (page 68)

နိုင်ငံရေးသတင်း

မြောက်ပိုင်းသတ်ဖြတ်မှု သမိုင်းမှန်ဖော်ထုတ်ရှင်းလင်းခြင်းက ABSDF ကျောင်းသားတပ်မတော်ရဲ့ တော်လှန်ရေး အကျိုးစီးပွားကို မထိခိုက်နိုင်

မြန်မာပြည်မြောက်ပိုင်းကျောင်းသားတပ်မတော်ကိစ္စ၌ သေဆုံးခဲ့သော ကျောင်းသားရဲဘော်များ၏ သမိုင်းနှင့်သိက္ခာ၊ မျိုးဆက်သစ်များနှင့်မြန်မာ့နိုင်ငံရေးသမိုင်းအတွက် သင်ခန်းစာများရရှိစေရန် ရည်ရွယ်ပြီး ထိုသမိုင်းမှန်ဖော်ထုတ်ခြင်းက ABSDF ကျောင်းသားတပ်မတော်ရဲ့ တော်လှန်ရေး အကျိုးစီးပွားကို မထိခိုက်နိုင်    မြန်မာပြည် မြောက်ပိုင်း ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းများမှ (ABSDF-NB) မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသည်။ “မြောက်ပိုင်းကိစ္စနဲ့ ဖြေရှင်းရမယ်ဆိုရင် အခြေခံမူသုံးခုထည့်ပြီး စဉ်းစားပါတယ်။ သေဆုံးသွားတဲ့ ရဲဘော်တွေရဲ့သမိုင်း ဂုဏ်သိက္ခာ၊ ဖြစ်ခဲ့တဲ့   ဖြစ်ရပ်တစ်ခုကို နောင်မျိုးဆက် သစ်တို့အတွက် သမိုင်းသင်ခန်းစာပေးစေလိုခြင်း၊ အနာဂတ်မြန်မာနိုင်ငံရေးဖြစ်စဉ်မှာ တော်လှန်ရေးအရေခြုံ ထားသူတွေ၊ မရိုးသားတဲ့သူတွေဟာ မြန်မာနိုင့်ငံရေးဖြစ်စဉ်မှာ ပါဝင်သင့်၊ မပါဝင်သင့်ကိစ္စကို အများပြည်သူကို တင်ပြဖို့အတွက် ကျွန်တော်တို့ အဲဒီလို ရည်မှန်းချက်မျိုးထားပါတယ်။ဒါတွေကတော့ ABSDF ကျောင်းသားတပ်မတော်ရဲ့ တော်လှန်ရေး အကျိုးစီးပွားကို …

Read More »

နယ်မြေစိုးမိုးရေးကိစ္စများ၌အစိုးရက အလျှော့ပေးမည့်ပုံမရှိဟု ဗိုလ်မှူးစိုင်းလောင်ဆိုင်းပြောကြား

မြန်မာအစိုးရအနေဖြင့် နယ်မြေစိုးမိုးရေးကိစ္စရပ်များတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ယုံကြည်မှုတည် ဆောက်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း SSA တောင်ပိုင်းတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆိုသည်။ “သူတို့က နယ်မြေစိုးမိုးရေးကိစ္စဆို အလျှော့ ပေးမယ့် ပုံမရှိဘူး၊ ဒီအတိုင်းသွားနေရင်တော့ ကျွန်တော်တို့နဲ့ ပြသနာ ထပ် တက်နေအုံးမှာပဲ။ ကျန်တဲ့အဖွဲ့တွေနဲ့လည်း ဒီပုံစံအတိုင်းပဲ ပြသာနာတက်တက်နေတာ၊ ဆိုတော့ ရေရှည်ဆိုရင်တော့ ယုံကြည်မှုတည်ဆောက်တဲ့အပိုင်းကိုတော့ ထိခိုက်စေနိုင်တာပေါ့ဗျာ”ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆိုသည်။

Read More »

လွတ်လပ်ခြင်းအဓိပ္ပါယ်ဖွင့်ဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်

(၆၅)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွှေဂုံတိုင်ရုံးချုပ်၌ ယနေ့နံနက် ၁၁ နာရီအချိန်တွင် ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ နိုင်ငံခြားဧည်သည်တော်များ၊ မဟာမိတ်ပါတီများ ၈၈ ကျောင်းသားဟောင်းများ၊ အစရှိသဖြင့် တတ်ရောက်ခဲ့သည်။ ထိုအခမ်းအနားတွင် ဒီ/ချုပ် နာယကကြီး ဦးတင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ လွတ်လပ်ရေး၏ အဓိပ္ပါယ်အား ရှင်းလင်းပြောကြားသွားသည်။

Read More »