Sunday , January 14 2018
Home / သတင်း / နိုင်ငံရေးသတင်း (page 66)

နိုင်ငံရေးသတင်း

လိုင်ဇာလိုက်မည့် သံဃာနှစ်ပါး ပါဝင်သော ငြိမ်းချမ်းရေးခရီး စတင်

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ် ရပ်တန့်စေရေးအတွက် ငြိမ်းချမ်းရေးလိုလားသော လူငယ်များမှ ငြိမ်းချမ်းရေးအလံအား ကိုင်ဆောင်ကာ ရန်ကုန်မြို့တော်ခန်းမရှေ့မှ ယနေ့ မနက် (၇) နာရီ အချိန်မှစ၍ ကချင်ပြည်နယ်လိုက်ဇာမြို့အထိ စတင် လမ်းလျှောက်ချီတက်ကြပြီဖြစ်သည်။ ကချင်ပြည်နယ် လိုက်ဇာမြို့ထိ ၁၀ ဦးသာ ချီတက်လမ်းလျှောက်ရန် ရည်ရွယ်ခဲ့သော်လည်း စတင် လမ်းလျှောက်ချိန်မှစ၍ ငြိမ်းချမ်းရေးလိုလားသူ အဖွဲ့စည်းအမျိုးမျိုးမှ ပြည်သူများလာရောက် ပူးပေါင်း ကာ ထောက်ကြန့်၊ ပဲခူးအစရှိသည့် မြို့များထိ လိုက်ပို့ကြမည့်သူများလည်းပါရှိပြီး စုစုပေါင်းလူဦး ရေ ၇၀ ၀န်းကျင်ဖြင့် ငြိမ်းချမ်းရေးခရီးစတင်ခဲ့သည်။

Read More »

လဂျားယန်သာမက ကျန်ဒေသများလည်း အပစ်ရပ်အမိန့်ထုတ်ပြန်သင့်

နိုင်ငံတော်သမ္မတဦးသိန်းစိန်အနေဖြင့် လိုက်ဇာမြို့၊ လဂျားယန်ဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲများသာမက ကချင်ပြည်နယ်ရှိ ဒေသအားလုံးကို အပစ်အခတ်ရပ်ဆဲနိုင်ရန် အမိန်ထုတ်ပြန်သင့်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလဂန်ဂျာက ဆိုသည်။ “ဖာကန့်မှာ ဒီနေ့မနက် ၄ နာရီလောက်က စစ်ပွဲဖြစ်တယ်။ လဂျာယန်ဒေသက လွဲပြီး ကျန်တဲ့အခြား နေရာတွေမှာ စစ်ပွဲတွေ ဖြစ်နေသေးတယ်။ သမ္မတကြီးရဲ့ ထုတ်ပြန်ချက်က မပြည့်စုံဘူး။ ကချင်ပြည်နယ် နေရာအနှံကို အပစ်အခတ်ရပ်ဆဲဖို့ အမိန့်ထုတ်ပြန်သင့်ပါတယ်။”ဟု ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလဂန်ဂျာမှ ပြောသည်။

Read More »

သဘောထားကွဲလွဲမှုများနှင့် လိုင်ဇာငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ

ဇန်န၀ါရီလ (၂၁)ရက်နေ့တွင် ရန်ကုန်မြို့မှစ၍ ကချင်ပြည်နယ် လွိုက်ဇာမြို့ထိ ငြိမ်းချမ်းရေးအလံအား ကိုင် ဆောင်၍လမ်းလျှောက်ချီတက်ကြမည့် ငြိမ်းချမ်းရေးလိုလားသောလူငယ်များ၏ လှုပ်ရှားမှုနှင့် ပတ်သက်၍ ပြည်သူအသံနှင့်နှစ်ဘက်စစ်တပ်မည်သို့ တုန့်ပြန်မည်ကို သတိပြုစေလိုကြောင်း အဖြူရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုက ဆိုသည်။ “လုပ်တဲ့သူတွေကိုယ်တိုင် မိမိတို့ရဲ့လုပ်ရပ်နဲ့ပတ်သတ်ပြီး ပြည်သူတွေရဲ့အသံ၊ ၂ ဘက်စစ်တပ်အသံ ဘာပြန်ဖြစ်သလဲး ဒါကိုလည်း နားထောင်ဖို့ လိုအပ်ပါတယ်။ ပြောချင်တာ ကိုယ်လုပ်တဲ့အရာပေါ်မှာ အကျိုးရှိစေချင်တယ်။”ဟု ကိုဘိုဘိုမှ ပြောသည်။

Read More »

ပြည်ပအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံအား ၀ိုင်းဝန်းကူညီကြရန် Ratiu Democracy Award ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

The Ratiu Family Charitable Foundation နှင့်အမေရီကန်အခြေစိုက် The Wilson Center မှ ပေးအပ်သော The 2012 Ion Ratiu Democracy Award ဆုအား ဒီချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၏ နေပြည်တော်နေအိမ်၌ ချီးမြှင့်ခဲ့ကြောင်းသိရသည်။ အဆိုပါဆုအား ဇန်န၀ါရီလ ၁၅ရက်နေ့က ရန်ကုန်မြို့ Sedona Hotel တွင် ပေးအပ်ရန် စီစဉ် ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစု ကြည်၏ နေအိမ်သို့ လာရောက်ပေးအပ်ရခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူ Concord Institude မှ မစိုးထက်ဝင်း မှ ဆိုသည်။

Read More »

စစ်ပွဲများက ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများအား ထိခိုက်စေဟု မန်းငြိမ်းမောင် သုံးသပ်

ကချင်ပြည်နယ်တွင်ဖြစ်ပေါ်လျက်ရှိသည့် စစ်ပွဲများကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်မူလုပ်ငန်းများအား အဟန့်အတားဖြစ်စေနိုင်သည်ဟု ဖဒိုမန်းငြိမ်းမောင်က အလုံမြို့နယ် ကရင်အမျိုးသားရပ်ကွက်၌ ကျင်း ပခဲ့သည့် (၇၅)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးအခမ်းအနားပွဲတွင် ပြောကြားလိုက်သည်။ “ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်မူတွေကို အဟန့်အတား ဖြစ် နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်အစိုးရနဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေအပစ်အခတ် ရပ်ဆဲရေးလုပ်တာ၊ ငြိမ်းချမ်းရေးခရီးကို ရှေ့ဆက်သွားမယ့် အခါကျတော့ တိုင်းရင်းသားအဖွဲ့တစ်ဖွဲ့ ဒီလို စစ်ရှိန်ပိုမြင့်လာတာ၊ ပဋိပက္ခတိုက်ပွဲတွေ ပိုမြင့်လာတဲ့အခါ ဒီငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်မှာ၊ အပစ်အခတ်ရပ်ဆဲရေးဖြစ်စဉ်မှာ ဒီမယုံကြည်တဲ့သူတွေ၊ သံသယရှိတဲ့သူတွေအတွက် ပိုပြီးတော့ သံသယကြီးထွားစေတယ်။ မယုံကြည်မူတွေကို ပိုဖြစ်စေတယ်။” ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

Read More »