Thursday , June 1 2017
Home / သတင်း / နိုင်ငံရေးသတင်း (page 5)

နိုင်ငံရေးသတင်း

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူများစိတ်ပါဝင်စားလာစေရန် ဆော်သြမည်

  အေမီအောင် (မြစ်မခ) ရန်ကုန်၊ မတ် (၂၃)ရက်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူများစိတ်ပါဝင်စားလာစေရန် ရွေးကောက်ပွဲအသိပညာပေးနေသည့် အရပ်ဖက်အဖွဲ့အစည်း(၈)ခုက မတ် ၂၄ ရက်မှ မတ် ၃၀ ရက်အထိ ဆော်သြမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ “မတ် ၂၄ ကစပြီး ၃၀ ရက်အထိ ညောင်လေးပင်နဲ့ ကျောက်တံတားမှာ နှိုးဆော်မယ်။ ပန်းဖလက်တွေ ကမ်း မယ်။ မဲတံဆိပ်တုံးထုနည်းကို လက်တွေ့ပြသသွားမယ်။ မဲလက်မှတ်နမူနာ (၁၀၀၀)ကျော် အသုံးပြုသွားမယ်။ မတ် ၂၄ မှာ ညောင်လေးပင်ဈေးနဲ့ လူစည်ကားတဲ့နေရာတွေမှာ ကားတွေနဲ့ လှည့်လည်နှိုးဆော်မယ်။ ရွာတွေထဲ လည်း ဆင်းဖှိ့ရှိပါတယ်။”ဟု ပဲခူးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဒါရိုက်တာ ကိုလေးနိုင်ဦးက ပြောသည်။

Read More »

လောက်ကိုင်မြို့ရှိ ပစ်ခတ်မှုများကြောင့် တိမ်းရှောက်လာသည့်ဒေသခံများ လားရှိုးမြို့ရှိ သီရိမင်္ဂလာမာန်ဆူ ရှမ်းကျောင်းတွင် ခိုလှုံနေရ

နောင်(မြစ်မခ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် မတ်လ ၆ ရက်ကဖြစ်ပွား ခဲ့သည့် ပစ်ခတ်မှုများကြောင့် တိမ်းရှောင်လာသည့် လောက်ကိုင်ဒေသခံများ လားရှိုးမြို့ရှိသီရိမင်္ဂလာမာန်ဆူရှမ်း ကျောင်းတိုက်၌ ခိုလှုံနေရကြောင်း သိရှိရသည်။ ပစ်ခတ်မှုများကြောင့် လောက်ကိုင်မြို့သို့သွားရောက်အလုပ်လုပ်နေသူများနှင့် လောက်ကိုင်မြို့ဒေသခံပြည်သူ များ တိမ်းရှောင်ခဲ့ကြရာမှ အလုပ်သွားရောက်လုပ်ကိုင်သူများမှာ နေရပ်သို့ပြန်သွားကြသော်လည်း သီရိမင်္ဂလာ မာန်ဆူကျောင်းတိုက်၌ ခိုလှုံနေကြရခြင်းဖြစ်ကြောင်း သိရသည်။

Read More »

အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သော ကဏ္ဍအလိုက် မူဝါဒ အကြံပြုချက်များ ထွက်ပေါ်လာရေး စစ်တွေမြို့တွင် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ပန်လှအောင်(မြစ်မခ) ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သော ကဏ္ဍအလိုက် မူဝါဒ အကြံပြုချက်များထွက်ပေါ်လာရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို River Velly ခန်းမတွင် မတ်လ(၁၇)ရက်၊ (၁၈) ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ အဆိုပါ ဆွေးနွေးပွဲကို တိုင်းရင်းသားလူမျိုးများရေးရာစင်တာ(ပြည်ထောင်စုမြန်မာနိုင်ငံ)မှ ဦးဆောင် စီစဉ်ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမူအဖွဲ့အစည်းများမှ (၆၀)ဦးခန့် တတ်ရောက်ဆွေးနွေးခဲ့ကြသည်။

Read More »

အမျိုးသမီးများပါဝင်ခွင့်အတွက် အစိုးရက ဥပဒေ၊ မူဝါဒများကို ပြင်ဆင်သတ်မှတ်ပေးရန်လိုအပ်

  ပိုင်ထက်(မြစ်မခ) အစိုးရသစ်လက်ထက်တွင် အမျိုးသမီးများပါဝင်ခွင့်အတွက် အစိုးရက ဥပဒေ၊ မူဝါဒများ ပြင်ဆင် သတ်မှတ်ပေးရန်လိုအပ်နေကြောင်း အမျိုးသမီးအခွင့်ရေးလှုပ်ရှားသူများထံမှ သိရှိရသည်။ “အမျိုးသမီးအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ဥပဒေတိတိကျကျမရှိသေးဘူး။ အွန်လိုင်းပေါ်က ပြောဆိုနေတာတွေ ကိုလည်း အထူးကာကွယ်ပေးမယ့်ဥပဒေ၊ မူဝါဒတွေ လိုအပ်နေတုန်းပါ။ အမျိုးသမီးတွေ ခေါင်းဆောင်ပိုင်းမှာပါ ဝင်ဖို့၊ ဟန့်တားချက်တွေကိုလည်းတားဆီးဖို့ ဥပဒေပိုင်းပေါ်လစီတွေချမှတ်ဖို့လည်း လိုအပ်နေတယ်။”ဟု Equality Myanmar မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကပြောသည်။

Read More »

နောင်ချိုမြို့နယ်အတွင်း ဝမ်ဟိုင်းအဖွဲ့မှ ဆပ်ကြေးကောက်ခြင်းနှင့် လူသစ်စုဆောင်းမှုမြင့်တက်လာ

ထွန်းထွန်း(မြစ်မခ)   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ဝမ်ဟိုင်းလက်နက်ကိုင်တပ်ဖွဲ့(မြောက်ပိုင်းမဟာမိတ်အဖွဲ့)မှ ဒေသခံကျေးရွာများ၊ မော်တော်ယာဉ်များအား ရန်ပုံငွေပေးရမည်ဟုဆိုကာ ဆပ်ကြေးကောက်ခံမှုများ၊ တပ်သား စုဆောင်းမှုများ မြင့်တက်နေကြောင်း သိရှိရသည်။

Read More »