Friday , June 2 2017
Home / သတင်း / နိုင်ငံရေးသတင်း (page 4)

နိုင်ငံရေးသတင်း

ငြိမ်းချမ်းရေးစကားများ ပြောဆိုရာတွင် မှန်ကန်သည့် စကားများ ပြောရန်လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ ဧပြီ (၂၄)ရက်။ ငြိမ်းချမ်းရေးစကားများ ပြောဆိုရာတွင် မှန်ကန်သည့် စကားများနှင့် အကျိုးရှိသည့် စကားများ ပြောရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

Read More »

ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာသည့် ယာဉ်များကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ ငွေကြေးကောက်ခံနေ

နောင်(မြစ်မ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လက်နက် ကိုင်တပ်ဖွဲ့တစ်ခုမှ ယာဉ်များကိုတားဆီးကာ ငွေကြေး(ဆပ်ကြေး) ကောက်ခံနေကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသည့် ယာဉ်မောင်းများထံမှ သိရှိရသည်။ ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့သို့သွားသော ပြည်ထောင်စုလမ်းမကြီးပေါ်၊ နမ့်ကွတ်ရွာအနီး၌ မတ် ၁၅ ရက်တွင် လက်နက်ကိုင်တစ်ဖွဲ့တစ်ခုမှ တွဲကားကြီး(၂)စီးဖြင့် လမ်းအားကန့်လန့်ဖြတ်ပိတ်ကာ ငွေကြေးကောက်ခံနေသ ဖြင့် မော်တော်ယာဉ်များမှာ ဆက်မသွားဘဲရပ်နားထားရကြောင်း သိရသည်။

Read More »

ကျိုင်းတုံခရိုင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်

ထက်တိုင်းကျော် (မြစ်မခ) ကျိုင်းတုံ၊ ဧပြီ (၂၁) ရက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ဧပြီ ၂၁ ရက်၊ နံနက်ပိုင်းက ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ “ဒီနေ့ပြုလုပ်တဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ပါဝင်ဆွေးနွေးဖို့အတွက် စုံစုံလင်လင်တက်ရောက်လာ တဲ့အတွက် အားလုံးကို လေးစားကျေးဇူးတင်ပါတယ်။ အဖွဲ့လိုက်ခေါင်းစဉ်များနဲ့ အကျေအလည်ဆွေးနွေးကြပြီး ဒေသအတွက်လိုအပ်ချက်များနဲ့ ကိုက်ညီတဲ့ဆွေးနွေးချက်တွေကိုရရှိစေမယ်လို့ မျှော်လင့်ပါတယ်။”ဟု ကျိုင်းတုံ ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးနေဦးကပြောသည်။ အဆိုပါဆွေးနွေးပွဲသို့ ကျိုင်းတုံမြို့ရှိ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များ၊ တပ်မတော်သားများ၊ ဌာနဆိုင် ရာတာဝန်ရှိသူများ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြောင်း သိရသည်။ “မြို့ရဲ့ရှေးဟောင်းသမိုင်းဝင် မြေသားမြို့ရိုးရဲ့နေရာတွေမှာ ကျူးကျော်နေကြတဲ့အဆောက်အဦးတွေ မွေးမြူရေး လုပ်ငန်းတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကိုဖယ်ရှားပေးပြီး သမိုင်းအမွေအနှစ်တန်ဖိုးကို …

Read More »

ရန်ကုန်တိုင်းအတွင်း ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ၊ ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် ပြုလုပ်ခဲ့ဟုဆို

ဇော်မင်း (မြစ်မခ) ရန်ကုန်၊ ဧပြီ (၄) ရက်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတစွာ ပွင့် လင်းမြင်သာမှုရှိစွာဖြင့် ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့နှင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများထံမှ သိရှိရသည်။ ကမာရွတ်မြို့နယ်အတွင်းရှိ မဲရုံများတွင် မဲပေးသူများအနေဖြင့် လွတ်လပ်စွာဆန္ဒပြုခွင့်ရပြီး၊ မဲရုံမှူးများအနေဖြင့် ဘက်လိုက်မှု မရှိခြင်းနှင့် မဲစာရင်းများကိုလည်း လွတ်လပ်စွာကူးယူခွင့်ပေးထားကာ အများကြည့်ရှုနိုင်အောင် မြို့နယ်ကော်မရှင်ရုံးတွင် ပုံစံ (၁၉)ကို ကြေညာပေးထားကြောင်း ကမာရွတ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသန်းဝင်းက ပြောသည်။   

Read More »

မဲရုံပရဝဏ်အနီး ပါတီရင်ထိုးဖြင့် လာရောက်ခဲ့သော ကျိုင်းတုံမြို့နယ် NLD အတွင်းရေးမှူးကို ပါတီမှ ထုတ်ပယ်

ထက်တိုင်းကျော် (မြစ်မခ) ကျိုင်းတုံ၊ ဧပြီ (၃) ရက်။ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၌ မဲရုံပရဝုဏ်အနီး ပါတီအမှတ်တံဆိပ်ရင်ထိုးဖြင့် လာရောက်ခဲ့သော ကျိုင်းတုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူးကို ပါတီဝင်အဖြစ်မှ ရပ်စဲထုတ်ပယ်လိုက် ကြောင်း သိရှိရသည်။ ရွေးကောက်ပွဲပြုလုပ်သည့် ဧပြီ ၁ ရက်၊ နံနက်ပိုင်းက ကျိုင်းတုံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၂)မဲရုံတည်ရှိ ရာ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းဝန်းရှေ့နေရာသို့ ပါတီအတွင်းရေးမှူး ဦးခင်မောင်ထွန်း လာ ရောက်ရာတွင် ပါတီရင်ထိုးတံဆိပ်အား ၎င်း၏အင်္ကျီ ဘယ်ဘက်ရင်ဘတ်တွင် တပ်ဆင်လာခြင်းဖြစ်သည်။

Read More »