Sunday , December 3 2017
Home / သတင်း / နိုင်ငံရေးသတင်း (page 30)

နိုင်ငံရေးသတင်း

အစိုးရကမ်းလှမ်းပါက ဆွေးနွေးရန် အသင့်ရှိဟု ရက္ခိုင့်တပ်မတော်ဆို

ခိုင်ခိုင်(မြစ်မခ) ရန်ကုန်၊ ဇန်န၀ါရီ (၁) ရက်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသော ရက္ခိုင့်တပ်မတော်( AA) အနေဖြင့် အစိုးရဘက်မှ ကမ်းလှမ်းမည်ဆိုပါက ဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ရက္ခိုင့်တပ်မတော်မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှုးကြီး Dr ညိုထွန်းအောင်က ပြောကြားလိုက်သည်။ “အစိုးရကိုဘာပြောချင်သလဲဆိုတော့ လက်ရှိအချိန်မှာ သူတို့ဘက်က ထိခိုက်မှုတွေ တစ်ရက်ထက်တစ်ရက် ပိုများလာတော့ အင်းအားအလွန်အကျွံသုံးလာတယ်။ ကျွန်တော်တို့က ခင်ဗျားတို့ တိုက်ပွဲတွေ ရပ်တန့်ပေးပါလို့ပြောလည်း  တန့်သွားမှာမဟုတ်ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရဖြေရှင်းပြီးတော့ ဆွေးနွေးလို့ရတဲ့ အနေအထား ရှိတယ်။အဲဒီလိုမျိုးအနေအထားတွေကျတော့လည်း ကျွန်တော်တို့ဖက်က အဆင်သင့်ရှိတယ်။ သူတို့ဘက်က ကမ်းလှမ်းလာမယ်ဆိုရင်တော့ဗျာ။” ဟု AAမှ ဒုတိယ စစ်ဦးချုပ် Dr …

Read More »

ရွေးကောက်ပွဲ အနိုင်ရပါတီကို ချောမွေ့စွာ အာဏာလွှဲပြောင်းရေး UNA တိုက်တွန်း

အေမီအောင် (မြစ်မခ) ရန်ကုန်၊ ဒီဇင်ဘာ(၃၁)ရက်။ ရွေးကောက်ပွဲ အနိုင်ရပါတီကို ချောမွေ့စွာ အာဏာလွှဲပြောင်းပေးရန် တိုက်တွန်းသည်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် UNA ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲတွင် ထုတ်ပြန်ချက်အရ သိရှိရသည်။ “လက်ရှိ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရတဲ့ပါတီကို ချောမွေ့စွာ အာဏာလွှဲပြောင်းပေးဖို့ UNAက တိုက်တွန်းပါတယ်။ ပြည်သူလူထုတွင်းမှာလည်း အစိုးရအပြောင်းအလဲကာလမှာ မငြိမ်သက်မှုတွေ မရှိအောင်လည်း အလေးပေးဆောင်ရွက်ပေးဖို့ လိုပါတယ်။ NLDနဲ့ ဆက်ဆံရေး ကောင်းမွန်အောင်တည်ထောင်ဖို့ လိုလားပါတယ်။”ဟု UNA အဖွဲ့ဝင် ရခိုင်အမျိုးသား ပါတီမှ ဗဟိုကော်မတီဝင် ဦးအေးသာအောင်က ပြောသည်။

Read More »

ရွှေဂတ်စ်ပိုက်လိုင်းကို ကာကွယ်ရန် တရုတ်သံအဖွဲ့များ ရွေးကောက်ပွဲ အနိုင်ရပါတီများနှင့် တွေ့ဆုံ

မင်းအံ့သွန်း(မြစ်မခ) ရန်ကုန်၊ ဒီဇင်ဘာ(၃၁)ရက်။ အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံအတွင်းရှိ ရွှေဂတ်(စ်)ပိုက်လိုင်းကိုကာကွယ်ရန် တရုတ်သံအဖွဲ့များက ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပါတီများနှင့် လာရောက် ဆွေးနွေးနေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချူပ်ပါတီမှ သိရှိရသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဟောင်လျန်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချူပ် ဗဟို အလုပ် မှုဆောင်အဖွဲ့ကို ဒီဇင်ဘာ (၂၉)ရက်က လာရောက်တွေ့ဆုံခဲ့ရာ ရှမ်းပြည်နယ်အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ရွှေဂတ်(စ်)ပိုက်လိုင်း ထိခိုက်မှုမရှိစေရေးအတွက် ပြောဆိုခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

Read More »

ငြိမ်းချမ်းရေးတွင် ပါဝင်ခွင့်ရရှိရေး လူငယ်အချို့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

(ဓာတ်ပုံ -Salai David Bawi Mang ဖေ့ဘွတ်မှ ကူးယူဖော်ပြသည်) ဝင်းဇော်နိုင်(မြစ်မခ) ငြိမ်းချမ်းရေးဖော်ဆောင်ကြရာတွင် လူငယ်များပါဝင်ခွင့်ရရေးအတွက် လူငယ် ၁၂ ဦးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ထံ တွေ့ဆုံခွင့်တောင်းထားခြင်းကို နေပြည်တော် ၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါလူငယ်အဖွဲ့က ငြိမ်းချမ်းရေးတွင် လူငယ်များပါဝင်မှု အခန်းကဏ္ဍ၊ လူငယ်စင်တာကိစ္စ၊ တိုင်းရင်းသား လူငယ်များ၏ အခက်အခဲနှင့် စိန်ခေါ်မှုများအကြောင်းတို့ကို ဒီဇင်ဘာ ၂၁ ရက်တွင် အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံပြီး တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

Read More »

ဒေါ်အောင်ဆန်းစုကြည်နှင့် ကောင်းမွန်သောဆွေးနွေးမှု ရရှိခဲ့ဟု ကာကွယ်ရေးဦးစီးချုပ်ဆို

အေမီအောင် (မြစ်မခ) နေပြည်တော် – ဒီဇင်ဘာ(၂)ရက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး ကောင်းမွန်သော ဆွေးနွေးမှု ရရှိခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံအပြီ်း ဖြေကြားလိုက်ခြင်း ဖြစ်သည်။

Read More »