Wednesday , March 7 2018
Home / သတင်း / နိုင်ငံရေးသတင်း (page 3)

နိုင်ငံရေးသတင်း

လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းမှ ကျန်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စိတ်ချယုံကြည်စွာဆောင်ရွက်နိုင်မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ မေ ၂၄ ရက်။ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းမှ ကျန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စိတ်ချယုံကြည်စွာ ဆောင်ရွက်နိုင်မည် မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်ရှိ MICC -2 ၌ မေ ၂၄ ရက်တွင်ကျင်းပပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတွင် ပြောကြားလိုက်သည်။ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်တဲ့နေရာမှာ NCA စာချုပ်ပါ နိုင်ငံရေးလမ်းပြမြေပုံဟာ အခိုင်အမာ သဘောတူပြဋ္ဌာန်းထားပြီး တိကျစွာလျှောက်လှမ်းရမယ့် ပြည်ထောင်စုရဲ့ထွက်ရပ်လမ်းပဲဖြစ်ပါတယ်။ လက်နက် ကိုင်ပဋိပက္ခများချုပ်ငြိမ်းမှ ကျန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စိတ်ချယုံကြည်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါ တယ်။”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

Read More »

တန်းတူရည်တူ ပါဝင်ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့် မရှိသဖြင့် ၂၁ ရာစုပင်လုံညီလာခံ မတက်ရောက်ဟု UNFC ဆို

သီဟလွင် (မြစ်မခ) ပြည်၊ မေ ၂၄ ရက်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးတွင် တန်းတူရည်တူ ပါဝင်ဆွေး နွေးဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ အထူးဖိတ်ကြားသူအနေအထားဖြင့်သာ ဖိတ်ကြားခံရသဖြင့် တက်ရောက်မည်မဟုတ် ကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)က မေ ၂၃ ရက် ညနေပိုင်းတွင် ထုတ်ပြန်ချက်အရ သိရှိရသည်။

Read More »

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသည် အခြားပဋိပက္ခဖြစ်နေသည့် နိုင်ငံများအတွက်ပါ သင်ခန်းစာဖြစ်နေခြင်းကြောင့် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားနေ

ဝေဖြိုး(မြစ်မခ) နေပြည်တော်၊ မေ (၁၂)ရက်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသည် အခြားပဋိပက္ခဖြစ်နေသည့် နိုင်ငံများအတွက်ပါ သင်ခန်းစာဖြစ်နေခြင်းကြောင့် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် မေ(၁၂)ရက်က ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ အစည်းအဝေးတွင် ယင်းကဲ့သို့ပြောဆို ခြင်းဖြစ်သည်။

Read More »

ရခိုင်အမျိုးသားနေ့အား တရားဝင်သတ်မှတ်ပေးရန် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင် တောင်းဆို

ဇော်မင်း (မြစ်မခ) ရန်ကုန်၊ မေ (၁၂) ရက်။ ရခိုင်အမျိုးသားနေ့အား တရားဝင်သတ်မှတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားလူ မျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က တောင်းဆိုလိုက်ကြောင်း သိရှိရသည်။ “နိုင်ငံတော်အစိုးရကိုပြောချင်တာကတော့ ရခိုင်အမျိုးသားနေ့ကို ရခိုင်ပြည်နယ်အလိုက် တရားဝင်ရုံးပိတ်ရက် ပေးရင်လည်းပေး၊ ဒါမှမဟုတ် ရခိုင်အမျိုးသားနေ့ကိုသတ်မှတ်ပေးဖို့ ကျွန်တော်တောင်းဆိုပါတယ်။”ဟု ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

Read More »

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်လုံတစ်၏လူထုတွေ့ဆုံပွဲ တက်ရောက်သူနည်းပါးခဲ့

ထက်တိုင်းကျော်(မြစ်မခ) ကျိုင်းတုံ၊ မေ ၁၂ ရက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ဒေသခံများ၏လိုအပ်ချက်များကို သိရှိလို၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်လုံတစ်က လူထုတွေ့ဆုံပွဲပြုလုပ်သော်လည်း တက်ရောက်သူဒေသခံနည်းပါးခဲ့ ကြောင်း သိရှိရသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ လေယာဉ်ကွင်းလမ်းရှိ မြို့တော်ခန်းမတွင် မေ ၁၂ ရက်၊ နံနက်(၉)နာရီ ခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်လုံတစ်မှ ဒေသရှိဌာနဆိုင်ရာများ၊ ပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Read More »