Wednesday , May 31 2017
Home / သတင်း / နိုင်ငံရေးသတင်း (page 20)

နိုင်ငံရေးသတင်း

(၂၁)ရာစု ပင်လုံညီလာခံအား သဘောတူညီချက် တစ်စုံတစ်ရာ မရရှိသည့် ညီလာခံမျိုး မဖြစ်စေလို

ပန်လှအောင် (မြစ်မခ) ရခိုင်ပြည်နယ်၊ ဇွန်လ (၁) ရက်။ (၂၁)ရာစု ပင်လုံညီလာခံအား သဘောတူညီချက် တစ်စုံတစ်ရာ မရရှိသည့် ညီလာခံမျိုး မဖြစ်စေလိုကြောင်း အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်က ပြောကြားလိုက်သည်။ (၂၁)ရာစု ပင်လုံညီလာခံ ခေါ်ယူမှုတွင် တိုင်းရင်းသားအရေး လက်နက်ကိုင်များအရေးနှင့် ပတ်သက်ပြီး ပြောဆိုလိုက်ခြင်း ဖြစ်သည်။  

Read More »

ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား ယုံကြည်ကြောင်း KNU ဗဟို တရားသူကြီးချုပ်ပြောဆို

မောင်မောင်ငြိမ်း (မြစ်မခ) ဘားအံ၊ မေ (၃၁)ရက်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုသွားရန် လိုလားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်မှ ဖက်ဒရယ်ပြည်ထောင်စုစနစ်အကြောင်း ပြောဆိုလာသည့်အပေါ်ယုံကြည်မှုရှိကြောင်း KNU ဗဟိုတရားသူကြီးချုပ်က နော်မြိုင်ဖူးကပြောဆိုလိုက်သည်။ “ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြစ်ဖို့ ကျွန်မတို့လက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်မပြောခင်တည်းက ကျွန်မ တို့ပြောဆိုခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် သူကပြောလာပြီ၊ ကျွန်မတို့ကလည်း လိုလားနေတယ်ဆိုတော့ ဒီကိစ္စယုံ ကြည်မှုပိုင်းအနေနဲ့ တစ်စိတ်တစ်ဒေသကျွန်မတို့ယုံကြည်ပါတယ်။ ယုံကြည်မှုဆိုတာက တည်ဆောက်ယူရမှာပဲ၊ မယုံကြည်လို့တော့မဖြစ်ဘူး။”ဟု KNU ဗဟိုတရားသူကြီးချုပ် နော်မြိုင်ဖူးကပြောသည်။

Read More »

UPDJC တွင် နိုင်ငံရေးပါတီများမှ အနည်းဆုံးလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနိုင်ရရှိသည့်ပါတီကိုသာ ပါဝင်ခွင့်ပြုမည်

မင်းအောင်မြင် (မြစ်မခ) ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)ကို အသစ်ပြန်လည်ဖွဲ့စည်းရာတွင် လွှတ်တော် တစ်ရပ်ရပ်၌ အနည်းဆုံးကိုယ်စားလှယ်တစ်ဦးရရှိထားသည့် နိုင်ငံရေးပါတီများကိုသာ ကိုယ်စားလှယ်ထည့် သွင်းသွားမည်ဖြစ်ကြောင်း UPDJC ဥက္ကဌနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ နေပြည်တော်ပြည်ထောင်စုနယ်မြေရှိ Horizon Lake Resort Hotel တွင် မေ ၂၇ ရက်၊မွန်းလွဲ(၂း၀၀)နာရီခန့်မှ စတင်ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)အစည်းအဝေးတွင် ယင်းကဲ့ သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

Read More »

တရားရုံးများ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရေး အကြံပြုချက်ကို မန္တလေးတိုင်း ၀န်ကြီးချုပ် သဘောတူ

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ မေလ(၂၆)ရက်။ တရားရုံးများ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရေး အကြံပြုတင်ပြချက်ကို ဥပဒေနှင့်အညီ ဖွဲ့စည်းရန် မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သဘောတူလိုက်ကြောင်း သိရှိရသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် မေလ၂၆ ရက်၊ နံနက်ပိုင်းကပြုလုပ်ခဲ့သော  မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ နိုင်ငံရေးအဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံပွဲတွင် အထက်မြန်မာပြည် ရှေ့နေများ ကွန်ယက်မှ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး၏ အကြံပြုချက်အပေါ် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Read More »

ရှမ်းမြောက်တိုက်ပွဲ စစ်ဘေးရှောင်များ ထပ်မံတိုးလာနိုင်

နောင်(မြစ်မခ) ကျောက်မဲ၊ မေလ (၁၇) ရက်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ နှစ်ဖက်အခြေအနေတင်း မာမှုများကြောင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေရာ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာရှိ စစ်ရှောင်စခန်းသို့ စစ်ဘေးရှောင်များ ထပ်မံရောက်ရှိလာနိုင်ကြောင်း သိရှိရသည်။ အဆိုပါစစ်ရှောင်စခန်းတွင် ကျောက်မဲမြို့နယ်၊ ပုံဝိုးကျေးရွာနှင့် ဟဲကွီကျေးရွာကြားရှိဒေသများမှ စစ်ဘေးရှောင် (၄၅၀) ခန့်ရှိသည့်အနက် (၃၀၀) ကျော်မှာ မေ ၁၅ ရက် ညပိုင်းတွင် နေရပ်သို့ပြန်သွားပြီး မေ ၁၆ ရက်တွင် ဝိုးလုံကျေးရွာ နှင့် ရေဆန်ရွာမှ စစ်ဘေးရှောင် (၃၅) ဦးခန့် ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

Read More »