Sunday , May 28 2017
Home / သတင်း / နိုင်ငံရေးသတင်း (page 2)

နိုင်ငံရေးသတင်း

ပါတီ(၁၃)ခုမှ တိုင်ကြားစာပို့ထားခြင်းကို လေ့လာစိစစ်ပြီးပါက အချိန်မီထုတ်ပြန်သွားမည်ဟုဆို

မင်းအောင်မြင် (မြစ်မခ) ရန်ကုန်၊ မေ (၁၁)ရက်။ ၂၀၁၇ ခုနှစ်ကြားဖြတ် ရွေးကောက်ပွဲတွင် ဥပဒေကို ဖောက်ဖျက်ကျူးလွန် ရာရောက်သည်ဟုဆိုကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အချို့ကို ပါတီ(၁၃)ခုမှ တိုင်းကြားထားခြင်းကို လေ့လာစိစစ်ပြီးပါက အချိန်မီထုတ် ပြန်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းထံမှ သိရှိရသည်။ ယင်းကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ နာယကဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်တို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတို့ပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ရာရောက်သဖြင့် ဥပဒေနှင့်အညီအရေးယူပေးရန် မေလ (၈)ရက်က စာဖြင့် တင်ပြတိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

Read More »

ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးခွင့်ရှိသူစာရင်းမှန်ကန်စေရန် ဝန်ကြီးဌာနအချို့ပါ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်

မင်းအောင်မြင် (မြစ်မခ) ရန်ကုန်၊ မေလ (၁၁) ရက်။ ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းများ မှန်ကန်စေရန် ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများပါ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့စည်း များထံမှ သိရှိရသည်။ ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးခွင့်ရှိသူစာရင်းမှားယွင်းခြင်းသည် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ပေါ်ရန် ရာခိုင်နှုန်းနည်းပါးခြင်းကြောင့် မဲစာရင်းမှန်ကုန်မှုသည်လည်း အရေးကြီးကြောင်း သိရသည်။

Read More »

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ ရခိုင်တိုင်းရင်းသားများ၊ ဘင်္ဂါလီများနှင့် သီးသန့်ဆွေးနွေးမှုများ ပြုလုပ်ရာတွင် သဘောထားပျော့ပျောင်းခြင်းများရှိလာ

ပန်လှအောင် (မြစ်မခ) မင်းပြား၊ မေလ(၁၀)ရက်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ရခိုင်တိုင်းရင်းသားများ၊ ဘင်္ဂါလီများနှင့် သီးသန့်တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ရာတွင် သဘောထားပျော့ပျောင်းခြင်းများ ရှိလာကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ဝင်များထံမှ သိရှိရသည်။ “ဒီနေ့ (မေ ၉ ရက်) ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့တယ်။ မီဒီယာ ရှင်းလင်းပွဲလုပ်တယ်။ ပြီးတော့ စစ်တွေမှာရှိတဲ့ ရခိုင်၊ ဘင်္ဂါလီ ကျေးရွာ (၆)ရွာက ရွာသားတွေနဲ့တွေ့ဆုံခဲ့တယ်။ ရွာချင်း ကပ်နေတဲ့ ကျေးရွာတွေကပါ။ ဒီတစ်ခါ လာရတာ ကော်မရှင်အနေနဲ့ တော်တော်လေးအကျိုးရှိပါတယ်။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခါတိုင်းထက် ပိုပြီးသဘောထားပျော့ပျောင်းလာကြတာ တွေ့ရတယ်။”ဟု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်က ပြောသည်။

Read More »

ပဲခူးတိုင်းတွင် ပြုလုပ်သော အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဌာနတိုင်းရင်းသားများ ပါဝင်လာနိုင်ရေး လုပ်ဆောင်မည်

သီဟလွင် (မြစ်မခ) ပြည်၊ မေ(၁၀)ရက်။ ၂၁ ရာစုပင်လုံ ညီလာခံအတွက် ပဲခူးတိုင်းဒေသကြီးတွင် ပြုလုပ်သော အကြောင်းအရာအလိုက် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဌာနေတိုင်းရင်းသားများ ပါဝင်လာနိုင်ရေး ရှေ့လုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲ ပဲခူးတိုင်းဒေသကြီး တာဝန်ခံ ဦးကျော်ဆန်းကထံမှ သိရှိရသည်။

Read More »

ပြည်ပနိုင်ငံများတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများအနေဖြင့် သားသမီးများကို မြန်မာစကား သင်ကြားပေး သင့်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

မင်းအောင်မြင်(မြစ်မခ) ရန်ကုန်၊ မေ(၁၀)ရက်။ ပြည်ပနိုင်ငံများတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏သားသမီးများကို မြန်မာ့ယဉ်ကျေးမှု သိရှိအောင်နှင့် မြန်မာစကားကို သင်ကြားပေးထားသင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မေ (၉)ရက် ဒေသစံတော်ချိန် နံနက် (၁၀) နာရီတွင် လန်ဒန်မြို့ရှိ Landmark Hotel ၌ တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Read More »