Thursday , October 18 2018
Home / သတင်း / နိုင်ငံရေးသတင်း

နိုင်ငံရေးသတင်း

NLD အစိုးရအပေါ် မျှော်လင့်ချက် မထားတော့ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးငိုင်ဆာခ် ပြော

အေမီအောင် (မြစ်မခ) ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက်။ NLD အစိုးရအပေါ် မျှော်လင့်ချက် မထားတော့ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးငိုင်ဆာခ်က ဒီဇင်ဘာ ၆ ရက်မှ ၈ ရက်အထိ မရမ်းကုန်းမြို့နယ်ရှိ ခဝဲခြံ မျက်မမြင်ကျောင်းတွင် ပြုလုပ်ခဲ့သည့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ်ညီလာခံတွင် ပြောဆိုလိုက်သည်။ NLD ပါတီဝင် အများဆုံး ပါဝင်ထားသည့် လက်ရှိအစိုးရအဖွဲ့သည် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမှု အားနည်း နေသည့်အပြင် အစိုးရက ဦးဆောင်ပြုလုပ်နေသည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲများတွင် မဲအနိုင် မရရှိသည့် ပါတီငယ်များကို ပါဝင်ခွင့် မပြုခြင်းအပေါ် ၎င်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။

Read More »

ငြိမ်းချမ်း​ရေးဖြစ်​စဉ်​တွင်​ NCA လက်​မှတ်​မထိုးထားသည့်​ ဒေသများမှ ပြည်​သူများ၏ အသံများကိုလည်း ထည့်သွင်း ​စဉ်​စားရန်​လိုအပ် 

  ပိုင်​ထက် ​(မြစ်​မခ) ရန်​ကုန်၊ နိုဝင်​ဘာ ၉ ရက်​။ ငြိမ်းချမ်း​ရေးဖြစ်​စဉ်​တွင်​ တစ်​နိုင်​ငံလုံးပစ်​ခတ်​တိုက်​ခိုက်​မှု ရပ်​စဲ​ရေးသ​ဘောတူစာချုပ် ​(NCA) လက်​မှတ်​မထိုးထားသည့်​ ​ဒေသများမှ ပြည်​သူများ၏ အသံများကိုလည်း ထည့်​သွင်းစဉ်​စားရန်​လိုအပ်​​ကြောင်း ကချင်​ပြည်​နယ်​ရှိ အမျိုးသမီးအဖွဲ့စည်းများထံမှ သိရှိရသည်​​။ “လက်​နက်​ကိုင်​​တွေ NCA မထိုးတာကတစ်​ပိုင်း အဲဒီဒေသမှာ​နေတဲ့ ပြည်​သူ​တွေတိုးတက်​တက်​​ရေးအတွက်​က သပ်​သပ်​ပါ။ အခုနိုင်​ငံ​ရေး​ဆွေး​နွေးပွဲ​တွေမှာလည်း NCA မထိုးထားတဲ့ ​ဒေသကပြည်​သူ​တွေ အသံ ဘယ်​လို ပါဝင်​​အောင် လုပ်​​ဆောင်​မလဲဆိုတာ အစိုးရသစ်​အ​နေနဲ့ ထည့်​သွင်းစဉ်​စားဖို့လိုတယ်​။”ဟု ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​ဟောင်း ​ဒေါ်ဒွဲဘူက​ ပြောသည်​။

Read More »

လက်နက်များဖမ်းမိသည့် ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် လုံခြုံရေးကို စိုးရိမ်မိကြောင်း သူရဦးအောင်ကို ပြော

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ အောက်တိုဘာ ၁၉ ရက်။ ACE Group ကုမ္ပဏီဥက္ကဌထံမှ လက်နက်များဖမ်းဆီးရမိသည့် ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် အလွန်စိုးရိမ်မိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောဆိုလိုက်သည်။ ပြည်သူ့လွှတ်တော်တွင် အောက်တိုဘာ ၁၉ ရက်ကကျင်းပသည့် ဆဌမပုံမှန်အစည်းအဝေး၊ ဒုတိယနေ့ အခမ်း အနားအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ဝန်ကြီးက ဖြေဆိုခဲ့ခြင်းဖြစ်သည်။

Read More »

အမျိုးသမီးဖိုရမ်​မှ ဆွေး​နွေးချက်များ ပင်​လုံတတိယအကြိမ်​အစည်းအ​ဝေးတွင် ​အ​ထောက်​အကူပြုရန်​ မျှော်လင့်​ထားဟုဆို

  ပိုင်​ထက် ​(မြစ်​မခ) ရန်ကုန်​၊ စက်​တင်​ဘာ ၂၀ ရက်​။ ကရင်​ပြည်​နယ်​၊ ဘားအံမြို့နယ်​တွင် ​ကျင်းပသည့်​ အမျိုးသမီးဖိုရမ်​မှ ​ဆွေး​နွေးချက်​များမှာ ၂၁ ရာစု ပင်​လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တတိယအကြိမ်​ကို အ​ထောက်​အကူပြုရန်​မျှော်​လင့်​ထား​ကြောင်း ကရင်​ပြည်​နယ်​လွှ​တ်ေ​တာ်​ဥက္ကဌ ​စောချစ်​​မောင်က​ ပြောဆိုလိုက်သည်​။ “အမျိုးသမီး​တွေက အရည်​အချင်းတွေ၊ အရည်​​အသွေးရှိတဲ့လူ​တွေ အများကြီးရှိပါတယ်​။ အခု​ဆွေးနွေးပွဲက လည်း ၂၁ ပင်​လုံအတွက်​၊ ငြိမ်းချမ်း​ရေးအတွက်​ အများကြီးအ​ထောက်​အကူဖြစ်​မယ်လို့မျှော်လင့်ထားတယ်။”ဟု ​စောချစ်​​မောင်​က ​​ပြောသည်​။

Read More »

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပြန်စမည်

  မင်းအံ့သွန်း (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက်။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)၏ (၁၂)ကြိမ် မြောက်ပုံမှန်အစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ၌ စက်တင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ “လက်​ရှိမှာ​တော့ တပ်​​နေရာချထား​ရေးနဲ့ ပစ်​ခတ်​တိုက်​ခိုက်​မှု ​ပူးတွဲ​စောင့်​ကြည့်​​ရေးကို ​ဆွေး​နွေးသွားမှာ​ပေါ့။ ရလဒ်​ကို​တော့ ​ပြောလို့မရ​သေးဘူး။ ​ဆွေး​နွေးပွဲပြီးမှ ​ပြောလို့ရနိုင်​မှာပါ။”ဟု ​JMCU မှ အတွင်း​ရေးမှူး ၁ ​ဒေါက်တာ​ရွှေခါးက​ ပြောသည်

Read More »