Thursday , June 1 2017
Home / သတင်း / ၀တ္ထု / ကဗျာ (page 6)

ဝတ္ထု / ကဗျာ

ချစ်တဲ့သူတွေအကြောင်းပြောရအောင်(၃)

မေသင်္ကြန်ဟိန်(မြစ်မခ) အချစ်ဟာ ချိုမြိန်သလား၊ ကြည်နူးမိန်းမော စရာကောင်းသလား ဟင်လို့ မေးရင်။ ဘယ်လို ဖြေကြမလဲ။ အဲဒီမေးခွန်းအတွက်တော့ ကျွန်မမှာ အဖြေရှိပါတယ်။ တကယ်တော့ လူတွေဟာ အခြေအနေနဲ့ အချိန်အခါကို လိုက်ြ်ပီး အချစ်တစ်မျိုးမျိုးရဲ့ သိမ်းသွင်းမှုအောက်ကို ရောက်ရှိသွားကြတာပါ။ အချစ်ကြောင့် တစ်ဘ၀လုံး စွန့်ပစ်လိုက်တဲ့ သူတွေ၊ အချစ်ရဲ့ ဖမ်းစားမှုကြောင့် သားသမီးနဲ့ မိဘတောင် စွန့်ပစ်ကြတဲ့ သူတွေ ရှိပါလား ဆိုတာကို ကျွန်မ အသက် ၁၅ နှစ်အရွယ်ကတည်းက စပြီး သိလာရပါတယ်။ အချစ်ကြောင့် ဒီလောက်တောင် ဖြစ်ရသလား ရူးမိုက်လိုက်တာလို့ မပြောရက်နိုင်တဲ့ အဖြစ်တွေနဲ့ အချစ်တွေကြားမှာ ကျွန်မ ကြီးပြင်းခဲ့ရပါတယ်။အဲဒီ အချစ်ဟာ အစွမ်းထက်လှတဲ့အတွက် တစ်ဘ၀စာ …

Read More »

ချစ်တဲ့ သူတွေအကြောင်း ပြောရအောင် (၂)

မေသင်္ကြန်ဟိန်(မြစ်မခ)   အချစ်ကို နက်ရှိုင်းစွာ သိလိုက်ရတဲ့ အချိန်ကြကစပြီး ဘ၀မှာ ရှင်သန်ရတာ ပိုပြီး အဓိပ္ပါယ်ရှိသွားတယ်လို့ ဆိုရင် ငြင်းမဲ့သူ သိပ်မရှိလောက်ဘူး ထင်ပါရဲ့။ ကျွန်မတို့တွေက ဘယ်အချိန်မှာ အချစ်ကို စတင်ခံစားခဲ့ရသလဲ။ အချစ်ဆိုတာကို ဘာဖြစ်လို့ သိလာကြတာလဲ…။ ဒါအချစ်ပဲ ဆိုတာကို သတိပြုမိလိုက်တဲ့ အချိန်တွေ ကျွန်မဘ၀မှာ ရှိခဲ့ပါတယ်။ မှတ်မှတ်ရရ ပြောရရင်တော့ ငါးကြိမ်ထက် မနည်း သတိပြုမိခဲ့တယ်။ အဲဒီလို ပြောရင် ရယ်စရာကောင်းနေမလား မသိဘူး။ ဒါပေမဲ့ အမှန်တရားမို့ ကျွန်မပြောရဲပါတယ်။ ပထမဆုံး အချိန်ကတော့အမေ့ရဲ့ အချစ်ကို စပြီး သတိပြုမိချိန်လို့ ပြောရမှာပါပဲ။

Read More »

ချစ်တဲ့ သူတွေအကြောင်း ပြောရအောင်

မေသင်္ကြန်ဟိန်(မြစ်မခ) ဒီလို အသက် ၄၀ ကျော်ချိန်မှ အချစ်အကြောင်း ပြောမယ်ဆိုရင်တော့ တစ်မျိုးထင်ကြဦးမှာပဲ။ဒါပေမဲ့ကိုယ်တွေးမိတာ မြင်ခဲ့တာတွေကိုတော့ပြန်လည်ပြောပြချင်ပါတယ်။ ငယ်တုန်းကတော့ မိဘနဲ့မောင်နှမသားချင်းတွေကို ချစ်တဲ့အချစ်(မေတ္တာတရားကို အခြေခံသော အချစ်)နဲ့ သမီးရည်းစားကို ချစ်တဲ့ အချစ် ဆိုတာလောက်ပဲ သိခဲ့ နားလည်းခဲ့ရတာပါ။ ဒီနေ့လို အသက် ၄၀ ကျော်ချိန်၊ ဘ၀ဖြတ်သန်းမှုတွေလည်း ရှိလာချိန်၊ အတွေ့အကြုံနဲ့ ယှဉ်သော အတွေးစိတ်ကူးတွေလည်း ရှိလာချိန်မှာတော့ အချစ်ဆိုတာ အမျိုးမျိုး ရှိတာပဲလို့ နားလည်လာရပါတယ်။ကျွန်မရဲ့ မိဘတွေနဲ့ သားသမီးတွေကို ချစ်တဲ့ မိခင်ချစ်(Motherly love)၊ သမီးရည်းစားထက်ကို ပိုတဲ့ အချစ်နဲ့ ခင်ပွန်းသည်ကို ချစ်တဲ့ အချစ်( Passionate love)၊ ပြီးတော့ မောင်နှမချစ်လို့လည်း ပြောနိုင်တဲ့ …

Read More »

ကမ်းမရှိသော မြစ်

 လရိပ်ပင် မရှိသော ညအမှောင်တွင် အိမ်ကလေးသည် လျှပ်စစ်မီးရောင်ကြောင့် ဝင်းပနေ၏။ အိမ်ကလေးဆီ သွားသော လမ်းကျဉ်းလေးကတော့ သစ်ပင်ရိပ်တို့ကြောင့် ပို၍မှောင်မည်းနေလေသည်။  အသက်အရွယ်ကြောင့်လား ညအမှောင်ကြောင့်လား မသိ။ သူ ဘာကိုမှ မမြင်။ ရွံ့ဗွက်တွေကိုသာ စွပ်ခနဲစွပ်ခနဲ နင်းမိနေသည်။  အမှန်အားဖြင့် သည်လမ်းကလေးသည် ကတ္တရာခင်းလမ်းကလေးဖြစ်၏။ သည်လမ်းပေါ်မှာ ရွံ့ဗွက်တွေ၊ ချိုင့်ခွက်တွေမဆိုထားနှင့် အ

Read More »

ဥပဒေရဲ့ အရှေ့မှာ (ဘာသာပြန် ၀တ္ထု)

ထူးကဲပြောင်မြောက်သော အနုပညာလက်ရာများမှာ ပျောက်ကွယ် ဆုံးရှုံးမည့် အန္တရာယ်များ နှင့် မကြာ မကြာ ရင်ဆိုင်နေ ကြရသည်။ မဲဗီးလ်၏ လက်ရာများအား ပြန်လည်မဖော်ထုတ်နိုင်မီ ကာလများက လုံးဝ လျစ်လျူရှုခြင်း ခံခဲ့ကြရသည်။ ဗင်းဆင့် ဗန်ဂိုး၏ ဘဝအသက်တာ တစ်လျှောက် သူ့လက်ရာ ပန်းချီကားတစ်ချပ်မျှ မရောင်းရဘဲ ဆင်းဆင်း ရဲရဲ လျစ်လျူ ရှုခံ ဘဝဖြင့် ကွယ်လွန်သွားပါသည်။ ဖရန့်ဇ်ကပ်ဖ်ကာ ( ၁၈၈၃ – ၁၉၂၄ ) သည် အသက် ၄၀-အရွယ် တီဘီ ရောဂါဖြင့် မကွယ်လွန်မီ သူ့လက်ရာ လက်တစ်ဆုပ်စာမျှသာ ထုတ်ဝေခဲ့ပါသည်။ သူသေခါနီး သူ့လက်ရာများကို ဖျက်ဆီး ပေးရန် ပန်ကြားခဲ့သော်လည်း …

Read More »