Saturday , September 23 2017
Home / သတင်း / ၀တ္ထု / ကဗျာ (page 5)

ဝတ္ထု / ကဗျာ

 ချစ်တဲ့သူတွေအကြောင်း ပြောရအောင်(၈)

၁၉၉၂-၉၃ ကာလတွေပါပဲ။အဲဒီကာလတွေမှာ မြန်မာ့နိုင်ငံရေးရဲ့ လှည့်ကွက်အချို့မှာ ကျွန်မတို့မိသားစုအပါအ၀င် နိုင်ငံရေးမိသားစုအတော်များများကလည်း သားကောင်အဖြစ် ကျားကန်ပြီး နေထိုင်ရချိန်လို့လည်း ဆိုနိုင်ပါတယ်။   နိုင်ငံရေးအလှည့်အပြောင်းတွေက နိုင်ငံရေးထဲမှာပါဝင်နေကြရတဲ့ နိုင်ငံရေးသမားတွေနဲ့ သူ့ရဲ့ မိသားစုတွေကိုပါ အလှည့်အပြောင်းတွေ ဖြစ်စေခဲ့ပါတယ်။။နိုင်ငံရေးမတည်ငြိမ်ချိန်ကို မုန်တိုင်းကာလလို့ ပြောမယ်ဆိုရင် နိုင်ငံရေးသမားတွေနဲ့ မိသားစုတွေကိုလည်း မုန်တိုင်းထဲက သားကောင်တွေလို့ ဆိုရမှာပါပဲ။

Read More »

ချစ်တဲ့ သူတွေအကြောင်း ပြောရအောင်(၇)

မေသင်္ကြန်ဟိန်(မြစ်မခ)   မနာလိုမှုကို အချစ်လို့ပြောလို့ရနိုင်ပါသလား၊ ကျွန်မကတော့ ဒါလည်း အချစ်တစ်မျိုးလို့ ယူဆမိသူပါ။ ချစ်မိတဲ့အတွက် နောက်ဆက်တွဲဖြစ်လာတဲ့ မနာလိုချစ်ကိုတော့ လူတိုင်း ရင်ဆိုင်ကြုံတွေ့ကြရမှာပါ။ ကိုယ်က သူ့အပေါ်မှာ ချစ်စိတ်ရှိနေတဲ့အခါ ကိုယ်ရဲ့ ပြိုင်ဘက်မဟုတ်တဲ့ သူတွေကိုတောင် ပြိုင်ဘက်လို့ သဘောထားမိတာတွေ၊ ကိုယ်တစ်ယောက်တည်း ရန်လို၊ ကိုယ်တစ်ယောက်တည်း ခံစားပြီး ဒေါသထွက်နေတာတွေ စတဲ့ခံစားမှုတွေကတော့မနာလိုချစ်ကြောင့်လို့ ယူဆရမှာပါ။ ကျွန်မ အမြင်မှာတော့ မနာလိုချစ် (Jealous love)ဟာ မိခင်တစ်ဦးတည်းက မွေးဖွားပေးလိုက်တဲ့ မောင်နှမသားချင်း အချင်းချင်းမှာတောင် ကြုံတွေ့ရတာမို့ သူငယ်ချင်းချစ်၊ ရဲဘော်ရဲဘက်ချစ်၊ သမီးရည်းစားချစ်တို့ သမီးရည်းစားချစ်တို့မှာ ကြုံတွေ့ရတာကတော့ အံ့သြစရာမရှိတော့ပါဘူး။ အံ့သြစရာကောင်းတာကတော့ချစ်ရင်လည်း မနာလိုစိတ်ဖြစ်တတ်သလို၊ မုန်းရင်လည်းမနာလိုစိတ် ဖြစ်ကြတာကိုပါပဲ။အဲလို ချစ်လို့ ဖြစ်တဲ့ …

Read More »

ချစ်တဲ့ သူတွေအကြောင်း ပြောရအောင်(၆)

မေသင်္ကြန်ဟိန်(မြစ်မခ) ၁၉၉၁-၉၂ ကာလတွေကတော့ ကျွန်မနှလုံးသားထဲမှာရော ဦးနှောက်ထဲမှာပါ အမြန်ရထားတစ်စင်းမောင်းနှင်နေတဲ့ကာလတွေလို့ ဆိုရမှာပါပဲ။ အရာရာဟာ တည်ငြိမ်အေးချမ်းမှု မရရှိနိုင်ခဲ့ဘူး။ သူ့ဆီက ပထမဆုံးရရှိလိုက်တဲ့ စာအိပ်ပန်းရောင်လေးထဲက စာရွက်ဖြူဖြူလေးကို အိမ်ရောက်တဲ့ အချိန်ထိ စောင့်ဖတ်ဖို့ ထက်၊ တစ်ယောက်တည်း သီးသန့်ရှိတဲ့ တစ်နေရာသွားဖတ်ဖို့ ကျွန်မစဉ်းစားဆုံးဖြတ်ခဲ့ပါတယ်။ တကယ်တော့ အဲဒီစာရွက်လေးထဲမှာ သူ့ရဲ့ မှင်အနက်နဲ့ ရေးထားတဲ့ လက်ရေးစောင်းစောင်းလေးတွေကို ကျွန်မ တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်မ ထင်မှတ်ထားခဲ့သလို၊ တွေ့ဖူးမြင်ဖူးနေကြ ရည်းစားစာတစ်စောင်လည်းမဟုတ်ခဲ့ဘူး။

Read More »

ချစ်တဲ့သူတွေအကြောင်းပြောရအောင်(၅)

မေသင်္ကြန်ဟိန်(မြစ်မခ)   ပူလောင်တဲ့ သောကအချစ် (Anguish love) ဆိုတာကို ကြားဖူးပါသလား၊ ခံစားဖူးပါသလား ။ ချစ်ဖူးတဲ့ သူတိုင်း ကြုံတွေ့ရမဲ့ အချစ်ရဲ့ ခံစားချက်တစ်မျိုးလို့ နားလည်ထားပါတယ်။ အဲဒီလို ပူလောင်လှတဲ့ သောကချစ်မျိုးကိုတော့ ၁၉၉၀ ရွေးကောက်ပွဲ အလွန်ကာလတွေမှာ ကျွန်မ တွေ့ ကြုံရတော့တာပါပဲ။ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီတုန်းကလည်း နိုင်ငံရေးမှာ အလှုပ်အခတ်ဖြစ်ခဲ့တာတွေ ရှိပါတယ်။ ရွေးကောက်ပွဲ မတိုင်မီ ၁၉၈၉ ဇူလိုင်လ ၁၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ဖမ်းဆီးလိုက်တဲ့အတွက် ၉၀ေ၇ွးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ခဲ့နိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံခဲ့ရတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်မပါဘဲနဲ့ အန်အယ်ဒီပါတီအနေနဲက ရွေးကောက်ပွဲ …

Read More »

ချစ်တဲ့ သူတွေအကြောင်းပြောရအောင် (၄)

မေသင်္ကြန်ဟိန်(မြစ်မခ) ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီကာလမှာတော့ ထူးဆန်းတဲ့ အချစ်တစ်မျိုးကို ကျွန်မ ကြုံခဲ့ရပါတယ်။ မြင်မြင်ချင်းပဲ ချစ်မိတယ်…ဆိုတာကို သီချင်းအနေနဲ့ပဲ ကြားခဲ့ဘူးတယ်။ ဒါပေမဲ့ တကယ်ကြုံရတဲ့ အခါမှာတော့ မြင်မြင်ချင်း ချစ်မိတဲ့ အချစ် ( Love at first sight) ဟာ ထူးခြားတဲ့ အချစ်လို့ ဆိုရပါလိမ့်မယ်။ ကျွန်မ တစ်ကြိမ်တစ်ခါမှ မမြင်ဘူးခဲ့တဲ့ သူတစ်ယောက်ကို ပထမဆုံးမြင်တွေ့လိုက်ရတဲ့ အချိန်မှာပဲ သဘောကျ သွားခဲ့မိတယ်။ လူတစ်ယောက်ကို မြင်မြင်ချင်းသဘောကျ နှစ်သက်မိသွားဖို့ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ ကျွန်မက ငယ်ငယ်လေးကတည်းက နည်းနည်းလှတော့ ကျွန်မကို ပိုးပန်းတဲ့ သူတွေ၊ ရည်းစားစာပေးတဲ့ သူတွေ၊ ရည်းစားစကားပြောတဲ့ သူတွေလည်း …

Read More »