Monday , May 29 2017
Home / သတင်း / ၀တ္ထု / ကဗျာ (page 4)

ဝတ္ထု / ကဗျာ

ချစ်တဲ့ သူတွေအကြောင်း ပြောရအောင်(၁၃)

ကျွန်မ စိတ်ကူးထဲမှာ မှန်းဆခဲ့ဖူးတဲ့ ချစ်သူအမျိုးအစားတွေထဲမှာ သူလို ကျွန်မထက်အသက်ငယ်တဲ့ လူငယ်မျိုးတစ်ယောက်မှ မပါဝင်ခဲ့ပါဘူး။ သူကျွန်မကို နှစ်သက်စွဲလန်းနေတယ်ဆိုတာကိုတော့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကျွန်မသိခဲ့သားပဲ။ ဒါပေမဲ့ ကျွန်မ စိတ်ထဲမှာ သူက ကျွန်မရဲ့ ချစ်သူ ဖြစ်လာလိမ့်မယ်လို့လည်း ထင်မှတ်မထားမိခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ အဲဒီအချိန်တုန်းက ကျွန်မက အချစ်နဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကို ဆုံးဖြတ်နိုင်စွမ်းရှိသူအဖြစ် ကိုယ့်ကိုယ်ကို အထင်ကြီနေတဲ့ အချိန်လည်း ဖြစ်တယ်။ သူလို ကိုယ့်မောင်လေးအရွယ် လူငယ်လေးတွေကို ဖြူဖြူစင်စင်နဲ့ ခင်မင်တတ်ပေမဲ့ ချစ်သူတစ်ယောက်လိုတော့ မဖြစ်နိုင်ဘူးလို့ ယုံကြည်နေခဲ့တာပါ။

Read More »

ချစ်တဲ့သူတွေ အကြောင်းပြောရအောင်(၁၂)

မေသင်္ကြန်ဟိန်(မြစ်မခ)   ၁၉၉၆ ကာလတွေကတော့ နိုင်ငံရေးအရလည်း လှုပ်ရှားမှုများများဖြစ်ပေါ်ခဲ့တဲ့ ကာလ ပြောရရင်တော့ တပ်မတော်အစိုးရက အန်အယ်ဒီကို အပြုတ်တိုက်တဲ့ ကာလလို့ ဆိုနိုင်သလို၊ ကျွန်မအတွက်လည်း ကြမ်းတမ်းတဲ့ ကာလတစ်ခုလို ဆိုနိုင်ပါတယ်။ တကယ်တော့ အသည်းကွဲတဲ့ ဝေဒနာကို အနုပညာအဖြစ်ပြောင်းလဲနိုင်မယ်ဆိုရင်တော့ အသည်းကွဲရတာ၊ လွမ်းရတာက အနုပညာသမားတွေအတွက် အကျိုးရှိတဲ့ ဝေဒနာမျိုးပါ။

Read More »

ချစ်တဲ့ သူတွေအကြောင်း ပြောရအောင်(၁၁)

အစိုးရက အန်အယ်ဒီပါတီကို ပြိုခွဲဖို့အတွက် ဆိုရင် ဘယ်လိုနည်းလမ်းမျိုးပဲဖြစ်ပါစေ၊ သုံးပြုမယ်လို့များ ဆုံးဖြတ်ခဲ့လေသလား။ ပါတီတစ်ခု ဖြိုခွဲရာမှာ သစ်ပင်ကို ကိုင်းသတ်နဲ့ နည်းလမ်းအပြင်၊ သင်းသတ်တဲ့ နည်းလမ်းကိုပါ သုံးလာခဲ့တယ်ဆိုတာကို တဖြည်းဖြည်းနဲ့ မြင်သာလာခဲ့ပါတယ်။ ကိုင်းသတ်တယ်ဆိုတာကတော့ သစ်ပင်မှာ ရှိနေတဲ့ အကိုင်းအခက်တွေကို အားလုံးခုတ်ပြစ်လိုက်ပြီး နောက်ဆုံး နတ်နေကိုင်းလို တစ်ကိုင်ပဲ ချန်ထားတဲ့ နည်းလမ်းပါ။ သင်းသတ်တယ် ဆိုတာကတော့ သစ်ပင်ကြီးကို အခေါက်တွေ အကုန်ဆွဲခါပြီး ထားလိုက်တဲ့အခါ အပင်ကြီက တဖြည်းဖြည်း ခြောက်သွေ့ပြီး နောက်ဆုံး သေဆုံးသွားရတဲ့ နည်းလမ်းပါ။

Read More »

ချစ်တဲ့သူတွေအကြောင်း ပြောရအောင်(၁၀)

  ၁၉၉၄ နှစ်ရဲ့ ၉ လပိုင်းလောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ခင်ညွှန့်တို့ တွေ့ဆုံတဲ့ သတင်းကို အစိုးရရုပ်မြင်သံကြားမှာ တွေ့လိုက်ရတယ်။ ဒီသတင်းကို ကြည့်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေပြီလို့ နိုင်ငံရေးစိတ်ပါဝင်စားသူအချို့ရဲ့ သုံးသပ်ပြောဆိုသံတွေလည်း ကြားခဲ့ရတယ်။   ပြည်သူအများစုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရွှင်လန်းဟန်ကို ရုပ်မြင်သံကြားမှာ မြင်လိုက်ရတဲ့ ကျေနပ်သွားကြတယ်၊ နောက်တော့ ၁၉၉၅ ခုနှစ် နှစ်ဆန်းပိုင်းကာလ မတ်လလို့ထင်ပါတယ်၊ အန်အယ်ဒီက ဘဘဦးတင်ဦးနဲ့ ဘဘ ဦးကြည်မောင်တို့ ပြန်လွတ်လာပါတယ်။

Read More »

ချစ်တဲ့ သူတွေအကြောင်း ပြောရအောင်(၉)

အမျိုးသားညီလာခံကနေထုတ်ခဲ့ရပြီးတဲ့ နောက်မှာတော့ ဖေဖေက ရွှေဂံတိုင်က အန်အယ်ဒီရုံးချုပ်ကို နေ့တိုင်း သွားပြီး ရုံးအလုပ်တွေကို လုပ်နေခဲ့တယ်။ အဲဒီတုန်းက အန်အယ်ဒီရုံးချုပ်ဟာ ခြောက်ကပ်နေတာပါ၊ သူရဲခြောက်မှာတောင် ကြောက်ရပါတယ်။ ရုံးကို ဘယ်သူမှ မလာရဲကြဘူးလို့ ဖေဖေပြန်ပြောတာ ကြားရတိုင်း စိတ်မကောင်းဖြစ်ရပါတယ်။ လူတွေကအန်အယ်ဒီပါတီရုံးရှေ့လက်ဖက်ရည်ဆိုင်ကနေ ထောက်လှမ်းရေးတွေ စောင့်ကြည့်ပြီး ဓါတ်ပုံရိုက်မှာကို စိုးရိမ်ကြပါတယ်။ အဲဒါကြောင့် အန်အယ်ဒီပါတီအဖွဲ့ဝင်တွေတောင်မှ ရုံးကို မသွားရဲကြတဲ့ အခြေအနေပါ။

Read More »