Wednesday , September 27 2017
Home / သတင်း / ၀တ္ထု / ကဗျာ (page 3)

ဝတ္ထု / ကဗျာ

ချစ်တဲ့သူတွေအကြောင်းပြောရအောင် (၁၉)

မထင်မှတ်တဲ့သူဆီက မထင်မှတ်ထားပဲ အကူအညီပေးမယ်ဆိုတဲ့ အတွက် အံ့သြ၀မ်းသာသွားသလို၊ ဘာကြောင့် ကူညီတာပါလိမ့်ဆိုတဲ့ မေးခွန်းကိုလည်း ဖြတ်ခနဲစဉ်းစားလိုက်မိတယ်။ အဘ ဒုတိယ၀န်ကြီးကို ကျွန်မအနေနဲ့ တာဝန်ခံအယ်ဒီတာ အနေနဲ့ ရွှေပုစွန်မဂ္ဂဇင်းရဲ့ ၀န်ထမ်းအဖြစ်တာဝန်ယူဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ရှယ်ယာရှင်အနေနဲ့ ထုတ်လုပ်မှုရဲ့ ကုန်ကျစရိတ်တစ်ဝက်ကို ကျခံပြီး မဂ္ဂဇင်းကို ထုတ်ဝေဖို့ ဆိုတဲ့ကိစ္စကတော့ ဖြစ်နိုင်တယ်လို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အဘရယ် သမီးတို့မှာ ရှယ်ယာထည့်ဖို့ ငွေကြေးကိစ္စကလည်း အဆင်မပြေတဲ့အကြောင်း သေချာရှင်းပြဖြစ်တယ်။

Read More »

ချစ်တဲ့သူတွေအကြောင်း ပြောရအောင် (၁၇)

၁၉၉၇-၉၈ ကာလတွေကတော့ တပ်မတော်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီပါတီအဖွဲ့ဝင်တွေကို အပြင်းအထန် ထိုးစစ်ဆင်ပြီးတိုက်ခိုက်နေချိန်လို့ ပြောနိုင်တဲ့ ကာလတွေပါပဲ။ အစိုးရသတင်းစာမှာ နေ့စဉ်နဲ့အမျှ အန်အယ်ဒီပါတီက နှုတ်ထွက်ကြောင်း ပါဝင်နေတဲ့ အချိန်ပါပဲ။ အဲဒီလို နှုတ်ထွက်သူတွေထဲမှာ ဖေဖေ့ရဲ့ နိုင်ငံရေး မိတ်ဆွေ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နာမည်တွေပါ ပါလာတာတွေ့ရပါတယ်။ သတင်းစာကို ကိုင်ပြီး အိမ်ရှေ့ခန်းမှာ စာတမ်းအတွက် စာထိုင်ရေးနေတဲ့ အမေ့ကို ပြတော့ အမေက သေချာဖတ်တယ်။ ပြီးတော့ ခပ်တွေတွေဖြင့် ခပ်တိုးတိုး စကားဆိုတယ်။

Read More »

ချစ်တဲ့ သူတွေအကြောင်း ပြောရအောင်(၁၆)

ကျောင်းပြီးကာစ ကာလမှာတော့ ကျွန်မဟာ ကောင်းကင်မှာ မြင့်မြင့်ပျံသန်းချင်လာတဲ့ ငှက်တစ်ကောင်လို့ တက်ကြွနေခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ ချစ်သူကတော့ စင်ကာပူသွားဖို့ ပြင်ဆင်နေချိန်ပေါ့။ သူ့အနေနဲ့ ကျွန်မကို စိတ်မချဘူးလို့ တတွတ်တွတ်ဆိုရင်းနဲ့ပဲ ခွဲခွာသွားခဲ့ပါတယ်။ လွမ်းတဲ့စိတ်ကို ဘယ်လိုကုစားရမလဲ ဆိုတာကို သိနေပြီ ဖြစ်တဲ့ ကျွန်မအတွက်တော့ သူ့ကို လွမ်းတိုင်း စာတွေ ဖိရေးဖြစ်တာပါပဲ။

Read More »

ချစ်တဲ့ သူတွေအကြောင်း ပြောရအောင်(၁၅)

မိန်းမတွေရဲ့ ဂုဏ်သရေနဲ့ တန်ဖိုးကို ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက အကဲဖြတ်လေ့ရှိတဲ့ အတွက် မိန်းကလေးတွေက ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကိုတော့ စိုးရွံ့လေ့ရှိတတ်ကြပါတယ်။ ဒါပေမဲ့ သူ့ဘေးနားမှာ သူ့ကို အားပေး နားလည်ပေးနိုင်တဲ့ သူတစ်ယောက် ရှိနေမယ်ဆိုရင်တော့ လောကဓံရဲ့ ဘယ်လိုရိုက်ခတ်မှုမျိုးကိုမဆို တွန်းလှန်ပြီး ခပ်ရဲရဲ ရင်ဆိုင်နိုင်ကြတယ်ဆိုတာကို နားလည်သွားပြီဖြစ်တဲ့ ကျွန်မက ဘ၀အတွက်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို နောက်ဆုံးနှစ်ကျောင်းသူဘ၀မှာ ချဖြစ်ခဲ့ပါတယ်။ ကျွန်မကိုယ်တိုင် ယုံကြည်မှု ရှိနေပေမဲ့ ကျွန်မရဲ့ အသိုင်းအ၀ိုင်းနဲ့ သူငယ်ချင်းတွေကတော့ စိုးရိမ်မကင်းဖြစ်ခဲ့ကြတယ်။

Read More »

ချစ်တဲ့သူတွေအကြောင်း ပြောရအောင်(၁၄)

၁၉၉၈ မှာတော့ အန်အယ်ဒီပါတီဝင်တွေက မိမိတို့ဆန္ဒအလျောက်ပါတီကနေ နှုတ်ထွက်ပါတယ်ဆိုတဲ့ သတင်းတွေကို အစိုးရ သတင်းစာတွေမှာ ဖတ်ရတော့တယ်။ အဲဒီတုန်းက အန်အယ်ဒီပါတီထဲက အဖွဲ့ဝင်တွေ ထွက်မထွက်ဆိုတာကို ပါတီဝင်အချင်းချင်းတောင်မှ သတင်းစာထဲ ပါလာမှ သိခွင့်ရတဲ့ အခြေအနေပါ။ အဲဒီအချိန်တုန်းက သတင်းစာရင် အန်အယ်ဒီနဲ့ ဒေါ်စုကို တိုက်ခိုက်တဲ့ ဆောင်းပါးတွေ၊ အပြင်နောက်ထပ် ဖတ်စရာတိုးလာတာကတော့ ဒီနေ့တော့ ဘယ်သူတွေကတော့ ထွက်ကုန်ပြီဆိုတာကိုပါပဲ။

Read More »