Sunday , May 28 2017
Home / သတင်း / ၀တ္ထု / ကဗျာ (page 2)

ဝတ္ထု / ကဗျာ

ချစ်တဲ့သူတွေအကြောင်း ပြောရအောင် (၂၃)

ဒီအချိန် ရေထဲဆင်းသွားရင် ဘယ်သူမှတောင် သိလိုက်မှာ မဟုတ်ဘူးလို့လည်း တွေးမိပြန်တယ်။ အဲဒီအတွေးနောက်မှာတော့ ကျွန်မ သေရမှာလည်း မကြောက်တော့သလိုပဲ။ သေခြင်းတရားဆိုတာ ရှုံးနိမ့်မှုတွေလောက်တော့ မခါးသီးနိုင်ဘူး မဟုတ်လား။ ၁၉၉၈ ရဲ့ စက်တင်ဘာလမှာတော့ အစိုးရပိုင်း သတင်းစာတွေဖြစ်ကြတဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းတို့လို သတင်းစာတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီပါတီကို အပုတ်ချတဲ့၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ ကာတွန်းတွေကို စတင်ဖော်ပြကြသလို၊ ဆောင်းပါးတွေကိုလည်း ဆက်တိုက်ရေးသားဖော်ပြခဲ့ကြတာ တွေ့ရပါတယ်။ အဲဒီလို အချိန်ကာလမှာပဲ ကျွန်မတို့အိမ်မှာ အဖေမရှိဘဲနဲ့ ဖြတ်သန်းနေရချိန်ဖြစ်သလို၊ စာပေစီစစ်ရေးနဲ့ ဂိမ်းကစားသလို ကစားနေရချိန်လည်းဖြစ်တယ်။ အဲဒီအချိန်မှာ ကျွန်မအနေနဲ့ ဆုံးဖြတ်ရခက်ခဲတဲ့ ကိစ္စရပ်တွေနဲ့လည်း ကြုံခဲ့ရပါသေးတယ်။

Read More »

ချစ်တဲ့ သူတွေအကြောင်း ပြောရအောင် (၂၂)

  ကျွန်မ တာဝန်ယူတဲ့ ရွှေပုစွန် မဂ္ဂဇင်းပုံမှန်ထွက်နေတဲ့အတွက် ကျွန်မဟာအယ်ဒီတာချုပ်အနေနဲ့ မဂ္ဂဇင်းတစ်စောင်ကို ဦးစီးထုတ်ဝေနိုင်တယ်ဆိုပေမဲ့ ကျွန်မ ထုတ်ဝေချင်ခဲ့တဲ့ စိတ်ကူးအိမ်မက်ကိုတော့ ပြည့်ပြည့်၀၀ အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ ကျွန်မက ရသ စာပေရဲ့ အနှစ်သာရကို စာဖတ်သူတွေကို ပေးချင်တယ်၊ ပြည်သူ့အကျိုးပြု အမှန်တကယ် ပြည်သူတွေကို မျက်စိနားနားနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအပိုင်း စဉ်းစားအားထုတ်မှုကို ပံ့ပိုးပေးမဲ့ စာပေမျိုးတွေကို ထည့်ချင်တယ်။ ဒါပေမဲ့ တကယ်တမ်း စာမူတွေကို ရွေးချယ်တဲ့အခါမှာတော့ စာပေစီစစ်ရေးက ခွင့်ပြုတဲ့ စာတွေကိုပဲ ရွေးချယ်နေရသလိုဖြစ်နေခဲ့တယ်။ စာမူတွေရွေးချယ်တဲ့အခါတိုင်း စာပေစီစစ်ရေးက လွတ်ပါ့မလားဆိုတဲ့ စိတ်နဲ့ ဖတ်နေရ၊ ရွေးချယ်နေရတာတွေက ကျွန်မအတွက်တော့ အမြဲတမ်း ခက်ခဲပြီး ရင်ထဲ နာကျင်ခါးသီးရပါတယ်။

Read More »

ချစ်တဲ့ သူတွေအကြောင်း ပြောရအောင်(၂၁)

စာပေစီစစ်ရေးရုံးမှာ ၄နာရီလောက်ကြာအောင် အဓိပ္ပါယ်မဲ့စွာ ထိုင်စောင့်ခဲ့ရတဲ့ နောက်ပိုင်းမှာတော့စီစစ်ရေးရုံးက ၀န်ထမ်းက မွေး/ရေ ၀န်ကြီးဋ္ဌာနက တာဝန်ရှိသူတစ်ဦးကို ခေါ်လာခဲ့ပါလို့ လာပြောတယ်။ ကျွန်မ စိတ်ထဲ ဒေါသလည်း ထွက်သွားတယ်၊ ဘာဖြစ်လို့ ဒါတွေဖြုတ်ရမှာလဲလို့ မေးရုံနဲ့ သိချင်ရုံနဲ့ ပြဿနာက အဲလောက်တောင်ကြီးသွားသတဲ့လား။ ပြီးတော့ မွေးရေက လူကြီးကို ခေါ်ခိုင်းတာကလည်း မလွန်းလွန်းဘူးလားလို့ တွေးပါတယ်။ ဒီစာအုပ်ကို တာဝန်ခံတာကလည်း ကျွန်မပါ၊ အဲဒါကြောင့် မွေးရေက လူကြီးတွေကိုတော့ ခေါ်စရာမလိုဘူး လို့ထင်ပါတယ်၊ ကျွန်မပြဿနာ ကျွန်မပဲ ရှင်းပါရစေလို့ ပြောပေမဲ့ လက်မခံကြဘူး၊ ဒီစာအုပ်ကို ကျွန်မက တာဝန်ခံတာမှန်ပေမဲ့ ဒီမဂ္ဂဇင်းက မွေးရေကို ချပေးထားတဲ့အတွက် ၀န်ကြီးဋ္ဌာနနဲ့ပဲ စကားပြောမယ်ဆိုပြီးတော့ ၀န်ကြီးဋ္ဌာနက တာဝန်ရှိသူကို …

Read More »

ချစ်တဲ့ သူတွေအကြောင်း ပြောရအောင်(အပိုင်း ၂၀)

နှလုံးသားထဲမှာရော ဦးနှောက်ထဲမှာပါ နာကျင်မှုနဲ့ နက်နက်နဲနဲ မှတ်မိနေတာတွေ ရှိတယ်။ ဘ၀ရဲ့ နာကျင်ခဲ့ရတဲ့ နေ့ရက်တွေလို့ စဉ်းစားတိုင်း အဲဒီနေ့တွေကို အမှတ်ရမိတော့တာပါပဲ။ ရွှေပုစွန်မဂ္ဂဇင်းကို တာဝန်ယူထုတ်ဝေဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း တစ်လ နှစ်လ မပြည့်မီရက်ပိုင်း အတွင်း ထုတ်ဝေနိုင်အောင်ကြိုးစားမယ်ဆိုတဲ့ ကတိကိုလည်းတစ်ခါတည်း ပေးခဲ့ပါတယ်။ ပထမဆုံး ကျွန်မ တာဝန်ယူထုတ်ဝေမဲ့ မဂ္ဂဇင်းကို စိတ်ကူးထဲမှာ အကြိမ်ကြိမ်ထုတ်ကြည့်ရင်းနဲ့ပဲ မျက်နှာဖုံးကိုလည်း မျက်နှာဖုံးဆောင်းပါးနဲ့ အတူ တွဲထုတ်ဖို့ စဉ်းစားခဲ့တယ်။ ဆောင်းပါးကိုတော့ စာရေးဆရာ၊ သတင်းစာဆရာ (ဦး)မျိုးမြတ်သူ ကို ရေးပေးဖို့တောင်းဆိုပြီးတော့ မျက်နှာဖုံးကိုတော့မင်းသားတစ်ယောက်ရဲ့ သရုပ်ဆောင်ပုံကို သုံးမယ်လို့ စိတ်ကူးထားခဲ့တယ်။

Read More »

ချစ်တဲ့သူတွေအကြောင်းပြောရအောင် (၁၈)

—————————————————————- ၁၉၉၇ နှစ်ကုန်ပိုင်းကတော့ ဘ၀ရဲ့ထူးခြားမှုတွေကို ကြုံတွေ့လာရတဲ့ အချိုးအကွေ့တွေနဲ့ နှစ်လို့ ဆိုရမယ်ထင်ပါရဲ့။ ၀န်ကြီးနဲ့ တွေ့ဆုံစကားပြောခဲ့ရပြီးနောက်ပိုင်းမှာတော့ ဆရာလူထုစိန်ဝင်းနဲ့ တွေ့ဆုံချိန်မှာ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဋ္ဌာနက ဒုတိယ၀န်ကြီးရဲ့ ဖိတ်ခေါ်တဲ့အတွက် သွားရောက်တွေ့ဆုံခဲ့တဲ့အကြောင်း ပြောပြဖြစ်ပါတယ်။ ဆရာကတော့ `စစ်သားတိုင်းကတော့ လူဆိုးမဟုတ်ပါဘူးကွာ၊ ကောင်းတဲ့ စစ်သားတွေလည်း ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံရေးသမားကို သဘောကျတဲ့ စစ်သားဆိုတာတော့ ထူးဆန်းတယ်ကွ၊အဲလိုလူက သိပ်မရှိနိုင်ဘူး၊ ဒီလိုခေါ်တွေ့တယ် ဆိုတာကတော့ သူ့မှာအကြောင်းရှိပါလိမ့်မယ်၊ နောက်တွေ့ရင် သေချာမေးကြည့်ပေါ့ကွာ `လို့ ဆရာက ပြောပါတယ်။

Read More »