Wednesday , February 15 2017
Home / သတင်း / ၀တ္ထု / ကဗျာ

ဝတ္ထု / ကဗျာ

ချစ်တဲ့သူတွေ အကြောင်း (၁)

အမှောင်ခေတ်ထဲက သတင်းလုပ်ငန်း ————————————————————————— ၂၀၁၀ ရဲ့ နိုင်ငံရေးအခင်းအကျဉ်းကို ကျွန်မအနေနဲ့လည်း သတင်းသမားတစ်ယောက်အနေနဲ့ ဖြတ်သန်းခဲ့ပြီးမှ ပြန်သုံးသပ်ကြည့်မိပါတယ်။ တကယ်တော့ ၂၀၀၉နဲ့ ၂၀၁၀ ဆိုတဲ့ကာလတွေကို ကျွန်မအနေနဲ့ စိတ်ခံစားချက်တွေမှာ တည်ငြိမ်မှု မရရှိနိုင်ခဲ့ပါဘူး။ မြင့်လိုက်၊ ကျလိုက် ပြန်ကောက်တင်လိုက်၊ မာန်တင်းလိုက်နဲ့အမျိုးမျိုးသော ခံစားချက်များနဲ့အတူ ဖြတ်သန်းရပါသေးတယ်။ အဲဒီတုန်းက နေ့ရက်တွေနဲ့အဖြစ်အပျက်တွေကို ဒီကနေ့ အထိပြန်စဉ်းစားရင် ကျွန်မ စိတ်ထဲ နေသာပြီး ကံကိုလည်းကျေးဇူးတင်ရတဲ့ အဖြစ်အပျက်အချို့လည်း ရှိခဲ့ပါသေးတယ်။

Read More »

ချစ်တဲ့သူတွေအကြောင်း ပြောရအောင်(၂၇)

၁၉၉၉၊၂၀၀၀ ပြည့်နဲ့ ၂၀၀၁ နှစ်တွေကတော့ ကျွန်မဘ၀ရဲ့တည်ငြိမ်အေးချမ်းနေတဲ့ နှစ်တွေလို့ ဆိုနိုင်ပါတယ်။ ကျွန်မ ဘ၀ထဲမှာ မောင်နဲ့ အတူတူ သားကြီးဟိန်ထွဋ်ခန့်ရောက်လာခဲ့တာလည်း ဘုရားပေးတဲ့ လက်ဆောင်တွေထဲက တန်ဖိုးအကြီးဆုံးလက်ဆောင်တွေပါလို့ ပြောရင်ရနိုင်ပါတယ်။ အဲဒီကာလတွေတုန်းက ပူပင်စရာတွေ ခက်ခဲကြပ်တည်းတာတွေ သိပ်မရှိဘူးလို့ ပြောလို့ရနိုင်ပေမဲ့ စိတ်ထိခိုက်စရာအချို့ကိုတော့ ကြုံခဲ့ရပါသေးတယ်။ အဲဒါကတော့ ကျွန်မတို့ကို ဆရာများရိပ်သာ အိမ်ခန်းလေးမှာ ထားခဲ့ပြီး အမေက မောင်လေးနဲ့ ညီမလေးနဲ့တူ ပြည်ရိပ်မွန်အိမ်ရာကို ပြောင်းရွေ့သွားကြတာပါပဲ။

Read More »

ချစ်တဲ့သူတွေအကြောင်း ပြောရအောင်(၂၆)

မာင့်ရဲ့ မျက်ဝန်းတွေမှာ ကြင်နာယုယခြင်းတွေ ရှိနေတယ်။ ကျွန်မကို နားလည်ဟန်ရှိတဲ့ အားပေးမဲ့ မျက်လုံးတွေပဲလို့ ငေးကြည့်ရင်း ရင်ထဲမှာ မြက်လာတယ်။ မောင်က အဲလို စဉ်းစားနေချိန်မှာ ကျွန်မက ဘာလုပ်နေခဲ့သလဲ ကိုယ့်ဖို့ကျတော့ သိလိုက်တာလို့ ကိုယ့်ကိုယ်ကို တွေးမိပြန်တယ်။ ကျွန်မက မောင့်အတွက် သိပ်ကောင်းတဲ့ မိန်းမတော့ မဟုတ်ဘူး မောင်ရဲ့။ ကျွန်မက အတ္တသိပ်ကြီးတယ်နော်။ မောင့်ကို ငဲ့ညှာလိုစိတ်ဖြင့် မင်္ဂလာဆောင်ရက်ရွေ့ဖို့ မပြောဖြစ်ခဲ့တာ တော်သေးတာပေါ့လို့ စိတ်ဒုံးဒုံးချယုံကြည်လိုက်မိတာကတော့ မင်္ဂလာဦးကာလတွေမှာပါပဲ။

Read More »

ချစ်တဲ့သူတွေအကြောင်း ပြောရအောင်(၂၅)

ကျွန်မဟာ တကယ်ပဲ မောင့်မေတ္တာနဲ့ မထိုက်တန်ဘူးထင်ပါရဲ့…။ မကြာခဏ မောင့်ကို ဒုက္ခပေးနေတဲ့သူ မဟုတ်လား။ ကျွန်မဟာ မောင့်ကို အေးချမ်းစေမဲ့ သူမျိုးမဟုတ်ဘူး။ ခုလည်း မတည်ငြိမ်နိုင်တဲ့ စိတ်နဲ့ ပူပင်မူတွေက ကျွန်မကိုတင် မကဘူး မောင့်ကိုပါ လောင်မြိုက်စေတော့မယ်။ စိတ်ထိခိုက်ရပါတယ်။ ——————————————————————————————— ကျွန်မလက်ထပ်တော့မယ်ဆိုတော့ မေမေနဲ့ ဖေဖေက မကန့်ကွက်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာတော့ အဖေ အကျဉ်းကျနေတဲ့အချိန်၊ အမေ အားငယ်နေချိန်မှာ ခုလို အိမ်ထောင်ပြုရတာကိုတော့ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ မောင်လေးအေးချမ်းဟိန် ကတော့ ပြောတယ်။ `နင့်အတွက် စိတ်ပူစရာမလိုတော့ဘူး၊ ကောင်းတယ်`တဲ့…။ သူ့ဆီကနေ အဲလို ကြားရတော့ ကျွန်မ အံ့သြသွားတယ်။ သူက တစ်ခါမှ အဲလိုမပြောခဲ့ဘူးဖူးလေ။ ဘာဖြစ်လို့လဲလို့ …

Read More »

ချစ်တဲ့ သူတွေအကြောင်းပြောရအောင်(၂၄)

အဲဒီခေတ်တုန်းကတော့စာပေစီစစ်ရေးနဲ့ ဆက်ဆံရတာ စိတ်ပျက်ပြီးတော့ မဂ္ဂဇင်းမထုတ်တော့ဘဲနဲ့ အခြားအလုပ်ပြောင်းကုန်တဲ့ စာနယ်ဇင်းသမားတွေလည်းအများကြီးပဲ။ သူတို့အနေနဲ့ စာနယ်ဇင်းလုပ်ငန်းက အသက်မွေးဝမ်းကျောင်းလုပ်ဖို့ မဖြစ်နိုင်တော့ဘူးဆိုပြီးတော့ အခြားအလုပ်တွေ ပြောင်းကုန်ကြတာပါ။ စာပေစီစစ်ရေးက ကျွန်မကို အယ်ဒီတာလုပ်ပိုင်ခွင့်ပျောက်ဆုံးပြီး မဂ္ဂဇင်း စီစဉ်သူအဖြစ်သာ ဖြစ်လာအောင် ဆောင်ရွက်ခဲ့ပြီးတဲ့ နောက်ပိုင်းကာလကတော့ ကျွန်မရဲ့ နာကျင်ကြေကွဲရသော နေ့ရက်များလို့သာ ခေါင်းစဉ်ပေးချင်တော့တယ်။

Read More »