Friday , September 22 2017
Home / သတင်း / ပါတီသတင်း (page 5)

ပါတီသတင်း

သဘာဝပတ်ဝန်းကျင်အရေး ပညာရှင်များ၏ဆွေးနွေးချက် NLD အစိုးရ၏ရှေ့လုပ်ငန်းစဉ်တွင် အသုံးချမည်

ခိုင်ခိုင်(မြစ်မခ) ရန်ကုန်၊ ဇန်န၀ါရီ(၁၄)ရက်။ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် နယ်ပယ်အသီးသီးမှ ပညာရှင်များ၏              ဆွေးနွေး အကြုံပြုချက်များကို ရှေ့လုပ်ငန်းစဉ်များတွင် ပြန်လည်အသုံးချသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ဗဟိုသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီမှ သိရှိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဗဟိုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီမှ ပြုလုပ်သည့် အတိုင်ပင်ခံ ပညာရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားအား ဇန်နဝါရီ(၁၄)ရက်တွင် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Read More »

အစိုးရဖွဲ့ခွင့်ရပါက ငြိမ်းချမ်းရေးလုပ်ငန်းများအား ဦးစားပေးလုပ်ဆောင်မည့် NLD ပါတီ

မင်းအံ့သွန်း၊ အေမီအောင် (မြစ်မခ) ရန်ကုန်၊ ဒီဇင်ဘာလ(၁၁)ရက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD)အနေဖြင့် အစိုးရဖွဲ့ခွင့်ရရှိပြီးပါက ငြိမ်းချမ်းရေးလုပ်ငန်းများကို ဦးစားပေး အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့မှ သိရှိရသည်။ “ငြိမ်းချမ်းရေးလို့ ပြောလို့ရှိရင် တိုင်းရင်းသားတွေနဲ့လည်း ညှိရမယ်။ တပ်မတော်နဲ့လည်း ညှိရမယ်။ လွှတ်တော် နဲ့လည်း ညှိရမှာပေါ့။ အားလုံးဘက်ပေါင်းစုံညှိရမှာပေါ့။ ပြင်ရမယ်ဆိုရင်လည်း အားလုံးက ပူးပေါင်းပြီးပြင်မယ်ဆို ရင်တော့ လျင်လျင်မြန်မြန်ရောက်နိုင်တာပေါ့”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တိုင်းရင်းသားအရေး ဆောင်ရွက်နေသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောသည်။

Read More »

ချင်းတိုင်းရင်းသားပါတီများနေ၍ ရွေးကောက်ပွဲရှုံးသည်ဟု ချင်းတိုင်းရင်းသားရေးရာဝန်ကြီး နိုထန်ကပ်ဆို

ကျော်သူစိုး (မြစ်မခ) ကလေးမြို့- နိုဝင်ဘာ (၁၉) ရက်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းတိုင်းရင်းသားပါတီများရှုံးနိမ့်ရခြင်းမှာ ချင်းတိုင်းရင်းသား ပါတီများ နေ၍ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး နိုထန်ကပ်က ပြောဆိုလိုက်သည်။ “အခုလိုရွေးကောက်ပွဲမှာ ချင်းတိုင်းရင်းသားပါတီငယ်တွေ ရှုံးနိမ့်ခဲ့ရတာဟာ ချင်းတိုင်းရင်းသား ပါတီတွေ (၁၀)ခု လောက်ပေါ်လာတော့ အင်အားပြန့်ကုန်တယ်။ နွားကွဲလို့ ကျားဆွဲခံရတဲ့အဖြစ်ပါ။ တိုင်းရင်းသား ဒေသတွေမှာ NLD လှိုင်းကြီးတိုက်ခတ်လာပြီး အနိုင်ယူတဲ့အခါ တစ်ခုတော့ကောင်းတယ်။ ဒီလှိုင်းကြီးကြောင့် ကျွန်တော်တို့ စုစည်းလာပါလိမ့်မယ်။ တစ်ပါတီတည်းစုစည်းပြီး စည်းစည်းလုံးလုံးနေမှ အကျိုးရှိမယ်ဆိုတာ သိလာကြပါလိမ့် မယ်လို့ အကောင်းဘက်ကမြင်ပါတယ်”ဟု ချင်းတိုးတက်ရေးပါတီမှ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုထန်ကပ်က ပြောသည်။

Read More »

အပြောင်းအလဲလိုချင်၍ တိုင်းရင်းသားနယ်မြေများ၌ပါ NLD အနိုင်ရရှိခဲ့

ဝင်းဇော်နိုင်(မြစ်မခ)   တိုင်းရင်းသားနယ်မြေအများစု၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အနိုင်ရရှိမှုသည် မြန်မာပြည်သူများ အနေဖြင့် အစိုးရအပြောင်းအလဲ လိုချင်သည့်အတွက် NLD ကို မဲထည့်ခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း တိုင်းရင်း သား ပါတီခေါင်းဆောင်များက သုံးသပ်ချက်အရ သိရှိရသည်။ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှမ်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အရေအတွက် နည်းခဲ့သော်လည်း ကျန်ပြည်နယ်များနှင့် တိုင်းဒေသကြီးများတွင် နေရာအားလုံးနီးပါး အပြတ်အသတ်အနိုင်ရရှိခဲ့သည်ဟု ရွေးကောက်ပွဲကော်မရှင် မှ လက်ရှိအချိန်အထိ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

Read More »

ရေးမြို့နယ် NLD ပါတီ၏ လှည့်လည်မဲဆွယ်ပွဲသို့ ပြည်သူများ ပူးပေါင်းပါဝင်

ဝင်းနိုင်သက် (မြစ်မခ) မွန်ပြည်နယ် ရေးမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ် လောင်းများ၏ နိုဝင်ဘာလ (၅) ရက်က ရေးမြို့အတွင်း လှည့်လည်မဲဆွယ်ပွဲသို့ ပြည်သူများ ပူးပေါင်းပါဝင် ခဲ့ကြောင်း သိရှိရသည်။ “ဆိုင်ကယ်စီးရေ(၁၀၀၀)ကျော်၊ ကားစီးရေ(၆၀)ကျော်တို့ ပါဝင်တယ်။ ဆိုင်ကယ်တွေကလှည့်ရင်းနဲ့ ပူးပေါင်း လိုက်ပါလာတာ။ စီးရေက ထောင်ကျော်သွားတာပေါ့။ လူအင်အားကတော့ တစ်သောင်းအထက်မှာ ရှိပါတယ်။” ဟု ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမြသန်းက ပြောသည်။

Read More »