Friday , September 29 2017
Home / သတင်း / ပါတီသတင်း (page 4)

ပါတီသတင်း

NLD ပါတီ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ ရွေးချယ်ခြင်းကို နှစ်လအတွင်း လုပ်ဆောင်မည်

ဇော်မင်း(မြစ်မခ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် လစ်လပ်ပျက်ကွက်နေသော အလုပ်အမှု ဆောင်အဖွဲ့ဝင်များပြန်လည်ရွေးချယ်ခြင်းကို နှစ်လအတွင်း ပြီးစီးအောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့မှ ဦးဥာဏ်ဝင်းက ပြောဆိုလိုက်သည်။ “တိုင်းနှင့်ပြည်နယ်တွေအတွက် လစ်လပ်နေရာတွေရွေးချယ်ဖို့ကာလကိုတော့ နှစ်လပေးထားပါတယ်။ ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ကတော့ ပြုပြင်ပြောင်းလဲမှုမရှိပါဘူး။ CEC မပါပါဘူး။ အဓိကတော့ အင်အားလျော့နေတာ ဖြည့်ဖို့ရယ်၊ နောက်တစ်ချက်က လွှတ်တော်ကိုယ်စားလှယ်များဟာ မိမိတို့သက်ဆိုင်ရာမြို့နယ်တွေမှာ ပါဝင်နိုင် ရေးဟာ ကျွန်တော်တို့ရည်ရွယ်ချက်ထဲမှာပါတယ်။”ဟု ဦးဥာဏ်ဝင်းကပြောသည်။

Read More »

တိုင်ကြားစာပို့ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်များကို လူတွေ့စစ်ဆေးနေ

အေမီအောင် (မြစ်မခ) ရန်ကုန်၊ မေလ (၁၁)ရက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)တိုင်ကြားရေးဌာနထံ တိုင်ကြားစာပို့ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုယ်စားလှယ်များကို လူတွေ့စစ်ဆေးကာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ အစီရင်ခံစာတင်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို)၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောဆိုလိုက်သည်။ “စစ်ဆေးနေတယ်။ လေးငါးခြောက်လောက်ရှိတယ်။ ဗဟိုတိုင်ကြားရေးဌာနဆီ တိုင်စာအပို့ခံရတဲ့သူတွေကို လူ တွေ့စစ်ဆေးတာ။ ဘယ်ပြည်နယ်၊ တိုင်းတွေပါလဲဆိုတာတော့ ပြောလို့မရဘူး။ ကာယကံရှင်တွေကကြိုပြောရင် တစ်မျိုးဖြစ်မှာစိုးလို့။”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)၏ အလုပ်အမှုဆောင်အဖွဲ့ဝင်၊ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကပြောသည်။

Read More »

ကရင်ပါတီ ၅ ပါတီ ပေါင်းစည်း၍ ပါတီသစ်တည်ထောင်ရန် မူဝါဒများ ရေးဆွဲသွားမည်

အေမီအောင် (မြစ်မခ) ရန်ကုန်၊ ဧပြီ(၁၉)ရက်။ ကရင်တိုင်းရင်းသားပါတီများ ပေါင်းစည်းကာ ထူထောင်မည့် ပါတီသစ်အတွက် အခြေခံစည်းမျဉ်းကို မေလကုန်တွင် အပြီးရေးဆွဲမည်ဟု ကရင်ပါတီများထံမှ သိရှိရသည်။ ကရင်ပါတီ ၅ ပါတီကို ပေါင်းစည်း၍ ပါတီသစ်တစ်ခုကို တည်ထောင်နိုင်ရန် လိုအပ်မည့် ဖွဲ့စည်းပုံများ၊ အခြေခံစည်းမျဥ်းများ၊ မူဝါဒများကို ၂၀၁၆ ခုနှစ် မေလကုန်၌ ဘားအံမြို့နယ်တွင် ကရင်ပါတီ (၅)ခုမှ  ခေါင်းဆောင်များတွေ့ဆုံကာ ရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

Read More »

ရခိုင်အမျိုးသားပါတီမှ လာမည့် အစိုးရသစ်အဖွဲ့တွင် လုံးဝမပါဝင်ရန် ညွှန်ကြားချက် ထုတ်ပြန်

ပန်လှအောင် (မြစ်မခ) မင်းပြား၊ ဇန်နဝါရီ(၂၂) ရက်။ ရခိုင်အမျိုးသားပါတီမှ မိမိတို့၏ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဗဟိုအလုပ် အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များအား လာမည့်အစိုးရအဖွဲ့အစည်းတွင် ၀င်ပါခြင်း မပြုရန် ဇန်န၀ါရီ(၂၀) ရက်နေ့က ညွန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း ရခိုင်အမျိုးသားပါတီဗဟိုရုံးမှ သိရှိရသည်။ ရခိုင်အမျိုးသားပါတီအနေဖြင့် လာမည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သစ်အား ဦးဆောင်ဖွဲ့စည်းခွင့်မရပါက အတိုက်အခံပါတီအဖြစ်ဖြင့်သာ ရပ်တည်မည်ဟု  ဇန်န၀ါရီ (၁၉) ရက်နေ့က သဘောထား ကြောငြာချက် ထုတ်ပြန်ပြီး နောက်တစ်ရက်တွင် ရခိုင်အမျိုးသားပါတီဗဟိုဌာနချုပ်မှ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Read More »

NLD ပါတီမှ အစိုးရအဖွဲ့စာရင်းများ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ဆုံးထား ထုတ်ပြန်မည်

ဝင်းဇော်နိုင် (မြစ်မခ) ရန်ကုန်၊ ဇန်နဝါရီ (၁၅) ရက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အစိုးရသစ် ဖွဲ့စည်းရေးအတွက် သမ္မတ၊ ဝန်ကြီးများ၏ အမည်စာရင်းများကို ဖေဖော်ဝါရီ(၁) ရက်နေ့ နောက်ဆုံးထားထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ “ဒီနေ့အထိတော့ အစိုးရဖွဲ့စည်းရေးကို တရားဝင်တော့ မထုတ်ပြန်သေးပါဘူး။ ကျွန်တော်တို့လည်း မသိရသေးဘူး။  ဒါပေမယ့် ဦးတင်ဦးပြောပုံအရတော့ အခုထွက်ပေါ်နေတဲ့အတိုင်း ဖေဖော်ဝါရီ ၁ ရက်နေ့ ဝန်းကျင်လောက်မှာတော့ အစိုးရအဖွဲ့စာရင်းတွေ ထွက်နိုင်ပါတယ်။ အဲဒီလောက် နောက်ဆုံးဖြစ်မှာပါ။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦးထံမှ သိရသည်။

Read More »