Friday , June 2 2017
Home / သတင်း / ပါတီသတင်း (page 3)

ပါတီသတင်း

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်သစ်အဖြစ် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပါဝင်လာ

အေမီအောင် (မြစ်မခ) ရန်ကုန်၊ အောက်တိုဘာ (၁၀)ရက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အသစ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလည်း ပါဝင်လာကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောက်တိုဘာ ၁၀ ရက်၊ ထုတ်ပြန် ချက်အရ သိရှိရသည်။

Read More »

၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရပါက USDP ဥက္ကဌသစ် ဦးသန်းဌေးအား သမ္မတ ဖြစ်လာရန် မျှော်မှန်းထား

ဝေဖြိုး(မြစ်မခ) နေပြည်တော် သြဂုတ်(၂၄)ရက်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရပါက လက်ရှိဥက္ကဌသစ် ဦးသန်းဌေးအား နိုင်ငံတော် သမ္မတ ဖြစ်လာရန် မျှော်မှန်းထားကြောင်း သိရှိရသည်။ ယင်းပြောကြားချက်ကို သြဂုတ်(၂၄)ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ (၂၀၁၆)ကို  နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

Read More »

ဂျာနယ်တစ်ခုတွင်ပါရှိသော အင်တာဗျုးအပေါ် ပန်းနဲ့ပေါက်သလိုပါပဲဟု ဦးဝင်းထိန်ပြန်လည်ဖြေရှင်း

ဇော်မင်း (မြစ်မခ) ရန်ကုန်၊ သြဂုတ် (၂၄) ရက်။ လူထုပုံရိပ်သတင်းဂျာနယ်မျက်နှာဖုံးတွင်ပါရှိသောေ-ာက်ရူးဆိုသည့် အသုံးအနှုန်းများ အကြိမ်ကြိမ် ထည့်သွင်း ဖြေဆိုခဲ့သည့် အင်တာဗျူးအား ဖော်ပြခဲ့မှုအပေါ် ပန်းနဲ့ ပေါက်ခံရသလိုပါပဲဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြန်လည်ပြောကြားခဲ့သည်။ ဦးဝင်းထိန်ကို ယခုအပတ်ထုတ် လူထုပုံရိပ်ဂျာနယ်၏ သတင်းထောက်မှ အစိုးရအဖွဲ့လူအပြောင်းအလဲနှင့် ဝန်ကြီးချုပ်အပြောင်းအလဲများ မေးမြန်းမှုအပေါ်ေ-ာက်ရူးဟူသော စကားရပ်ကို အကြိမ်ကြိမ်သုံးနှုန်းခဲ့ခြင်း အပေါ် သြဂုတ် ၂၄ ရက်တွင် မီဒီယာလောကနှင့် လူမှုကွန်ရက်စာမျက်နှာများ၌ ဝေဖန်မှုများရှိနေသည်။  

Read More »

ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ NCA တွင် လက်မှတ်ရေးထိုးရခြင်းနှင့် ၂၁ ရာစု ပင်လုံညီလာခံ တတ်ရောက် ဆွေးနွေးမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

ပန်လှအောင်(မြစ်မခ) မင်းပြား၊ သြဂုတ် (၂၃)ရက်။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးရခြင်းနှင့် ၂၁ ရာစု ပင်လုံညီလာခံတွင် တတ်ရောက် ဆွေးနွေးမည့် ကိစ္စရပ်များနှင့်ပတ်သတ်၍ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်အား သြဂုတ်လ ၂၃ ရက်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ “အဓိက အချက်က ပြည်သူတွေကို ကျွန်တော်တို့ ဘာလုပ်နေတယ်ဆိုတာကို ပြည်သူတွေကို လာရောက် အသိပေးရခြင်းဖြစ်ပါတယ်။ လာမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ ရခိုင်ပြည်သူတွေအတွက် ဘာတွေ ဆွေးနွေး တင်ပြမယ်ဆိုတာကို အသိပေးတာပါ။” ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ခိုင်မာယုက ပြောသည်။

Read More »

ပြည်ခိုင်ဖြိုးပါတီ၏ နည်းဗျူဟာများကို ပြောင်းလဲကျင့်သုံးသွားမည်ဟု ပါတီဥက္ကဌ ဦးသိန်းစိန် ပြောကြား

ချမ်းငြိမ်း (မြစ်မခ) ရန်ကုန်၊ သြဂုတ်လ(၂၂)ရက်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိးရေးပါတီ၏ မူဝါဒရည်မှန်းချက်နှင့် မဟာဗျူဟာပိုင်းကို ပြောင်းလဲကျင့်သုံးရန် မလိုသော်လည်း နည်းဗျူဟာများကို ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း ပါတီဥက္ကဌ ဦးသိန်းစိန်က ပြောကြားလိုက်သည်။ နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် သြဂုတ်လ(၂၂)ရက်က ကျင်းပသည့်  ဒုတိယအကြိမ် ပါတီညီလာခံ(၂၀၁၆) ပါတီဥက္ကဌ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

Read More »