Sunday , May 28 2017
Home / သတင်း / ပါတီသတင်း (page 21)

ပါတီသတင်း

မြန်မာ့အရေး၌ ငြိမ်းချမ်းရေးဦးစွာဖော်ဆောင်သင့်ဟု လူ့ဘောင်သစ်ပါတီ(ပြည်ပ)မှအကြံပြု

မြန်မာနိုင်ငံတွင် အခြေခံကျသည့် ပြောင်းလဲမှုမဖြစ်ပေါ်သေးချိန် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဦးစားပေးလုပ်ဆောင်သင့်ကြောင်း ပြည်တွင်းသို့ တစ်လတာလေ့လာရေးခရီးစဉ်အဖြစ် ရောက်ရှိနေ သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ပြည်ပ)မှ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ဆိုသည်။ “အခြေခံကျတဲ့ အပြောင်းလဲမှုတွေ မဖြစ်သေးဘူး ၊ လယ်သိမ်းယာသိမ်း ကိစ္စတွေ အလုပ်သမား တွေအတွက် အလုပ်သမားကာကွယ်ရေးဥပဒေတွေကို မကာကွယ်ပေးနိုင်တဲ့ကိစ္စက လုံးဝအားရ စရာမရှိပါဘူး ချုံ့ပြီးပြောရရင် အရေးတကြီးဆောင်ရွက်ရမယ့်ကိစ္စက ပြည်တွင်းငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။” ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ပြည်ပ)မှ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ပြောသည်။

Read More »

နယ်စပ်ဒေသများသို့ ကျပ်သိန်းတစ်ထောင်လှူမည့် ဒီချုပ်ပညာရေးကွန်ယက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်(၂)နှစ်ပြည့် ရန်ပုံငွေဂီတပွဲတော်မှ ရရှိငွေ ကျပ်သိန်း(၅၀၀၀)ကျပ်မှ ကျပ်သိန်း(၁၀၀၀)အား နယ်စပ်ဒေသများရှိ စာသင်ကျောင်းများသို့ သွားရောက်လှူဒါန်းရန် အစီအစဉ်ရှိကြောင်း ပညာရေးကွန်ယက်မှ သိရသည်။ ပညာရေးကွန်ယက်အနေဖြင့် သွားရောက်လှူဒါန်းမည့် ပြည်နယ်(၄)ခုမှာ ကရင် ၊ ရှမ်း ၊ ကချင် နှင့် ရခိုင်ဒေသများရှိ နယ်စပ်ဒေသများသို့ ဇန်န၀ါရီလ (၂၇)ရက်နေ့၌ သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

Read More »

နိုင်ငံရေးပါတီ ဆွေးနွေးချက်များအား အစိုးရထံ တင်ပြပေးမည်ဟု ဦးတင်အေးပြောကြား

နိုင်ငံရေးပါတီ(၅၂)ခုမှ တင်ပြဆွေးနွေးချက်များအား သက်ဆိုင်ရာအစိုးရထံသို့ တင်ပြပေးမည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးသည် ဒီဇင်ဘာ(၃)ရက်နေ့ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ဆွေးနွေးမှုအပြီး ပြောကြားခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ နှင့် နိုင်ငံရေးပါတီများသည် နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးချုပ်တွင် ဒီဇင်ဘာလ (၃)ရက်နေ့ နေ့လည် (၁)နာရီမှ ည (၈)နာရီကျော်အထိ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပါတီအချို့မှ တာဝန်ရှိသူများက ဆိုသည်။

Read More »

ဒီချုပ်နှင့်ဒီမိုကရက်တစ်ပါတီ လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပမည်

(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအား ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ဇန္န၀ါရီလ (၄)ရက် နံနက် ၁၁ နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ အခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ လွတ်လပ်ရေးနေ့ မိန့်ခွန်းပြောကြားမည်ဖြစ်သလို အခမ်းအနားအပြီး၌ ပျော်ပွဲရွှင်ပွဲအဖြစ် သီးလေသီးအဖွဲ့မှ အငြိမ့်ဖြင့် ဖျော်ဖြေမည်ဖြစ်သည်။ “အခမ်းအနားကို မနက် ၁၁ နာရီမှာ ကျင်းပမှာပါ။ အကိုတို့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောမယ်။ အခမ်းအနားပြီးရင်တော့ သီးလေးသီးအငြိမ့်နဲ့ ရုံးချုပ်မှာဖျော်ဖြေမှာပါ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုညီလာခံကော်မရှင်အဖွဲ့ဝင် ဦမျိုးညွန့်မှ ပြောသည်။

Read More »

သတင်းစာအဖြစ် မြင်တွေ့ရတော့မည့် ဒီလှိုင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပတ်စဉ်ထုတ်ဝေနေသည့် ပါတီအတွင်းလှုပ်ရှားမှုများပါဝင်သော ဒီလှိုင်းစာစောင်ကို ဒီလှိုင်းသတင်းစာအဖြစ် ပြောင်းလဲထုတ်ဝေရန် အစီအစဉ်ရှိသည်ဟု အန်အယ်လ်ဒီ အဖွဲ့ချုပ်မှ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။ ဒီလှိုင်းသတင်းစာအဖြစ်ထုတ်ဝေခြင်းကို ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လက်ခံသဘောတူပြီး ဖြစ်ကြောင်းနှင့် သတင်းစာအဖြစ်ပြောင်းလဲရခြင်းမှာ စာစောင်အဖြစ်ထုတ်ဝေရာ၌ ကန့်သတ်ချက်များ ရှိနေခြင်းကြောင့်ဖြစ်သည်ဟု ဒီလှိုင်းစာစောင်အကြံပေး ဦးဝင်းတင်က ဆိုသည်။

Read More »