Saturday , September 23 2017
Home / သတင်း / ပါတီသတင်း (page 20)

ပါတီသတင်း

နိုင်ငံလုံးဆိုင်ရာ ဗဟိုညီလာခံ ကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

မတ်လ(၉)ရက်နေ့တွင် ဒီချုပ်ပါတီမှ ကျင်းပမည့် နိုင်ငံလုံးဆိုင်ရာ ညီလာခံအတွက် ဗဟိုအလုပ်အမှု ဆောင်(၇)ဦးအား ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် သတ်မှတ်ပြီးဖြစ်ကြောင်း ညီလာခံကျင်းပရေး ဗဟိုကော်မရှင်၏ အစည်းအဝေးဆုံးဖြတ်ချက်အရ သိရှိရသည်။ အဆိုပါ ညီလာခံကျင်းပရေးဗဟိုကော်မရှင်၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်မေ၀င်းမြင့် ၊ မွန်ပြည်နယ် ဗဟို ညီလာခံကိုယ်စားလှယ်အဖြစ် ဦးဥာဏ်ဝင်း ၊ စစ်ကိုင်းတိုင်းဒေသကြီး ဗဟိုညီလာခံကိုယ်စားလှယ် အဖြစ် ဦးဟံသာမြင့် ၊ မန္တလေးတိုင်းဒေသကြီးဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ဦးအုန်းကြိုင် ၊ ဧရာဝတီတိုင်း ဒေသကြီး ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ဦးဝင်းမြင့် နှင့် ရှမ်းပြည်နယ် ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ဦးထွန်းထွန်းဟိန်တို့အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

Read More »

ဘိန်းကုန်ကြမ်းအဆင့်၌ပင် တားဆီးသင့်ဟု ချင်းတိုးတက်ရေးပါတီအကြံပြု

လက်ရှိချင်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ကုန်ကြမ်းအဆင့်သာထုတ်လုပ်နိုင် သေးသည့်အချိန်မျိုး၌ အချိန်မီကာကွယ်တားဆီးသင့်သည်ဟု ချင်းတိုးတက်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာ ကဆိုသည်။ “ဘိန်းချုက်ပြီးတော့မှ ဘိန်းဖြူအထိ ထုတ်လုပ်နိုင်တဲ့အဆင့်တော့မဟုတ်သေးဘူး။ အစ်ကိုတို့ လေ့လာရသလောက် ပြောရရင် ကုန်ကြမ်းအနေအထားလောက်ပဲ ထုတ်နိုင်တဲ့အဆင့်ရှိနေသေးတော့ တားဆီးဖို့အချိန်မီသေးတယ်လို့ ပြောလို့ရပါတယ်။ ဘိန်းကြောင့်ချင်းပြည်နယ်မှာ မျိုးနွယ်စုတွေ လူညွှန့်တုံးတဲ့အထိ ဖြစ်သွားနိုင်တဲ့အတွက် အကိုတို့နိုင်ငံရေးပါတီတွေအနေနဲ့ကော ပြည်သူတွေအနေနဲ့ပါ ဒီကိစ္စကို တော်တော်လေးစိုးရိမ်ကြပါတယ်။” ဟု ချင်း တိုးတက်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူအထွေထွေအတွင်းရေမှုး (၂) ဆလိုင်းပီတာ ကဆိုသည်။

Read More »

အငြင်းပွားမှုများကြားက ကျင်းပတော့မည့် နိုင်ငံလုံးဆိုင်ရာဒီချုပ်ညီလာခံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြန်မာနိုင်ငံလုံးဆိုင်ရာညီလာခံကို ဒီမိုကရေစီညီလာခံဖြစ်မြောက်ရေး နှင့်အညီ ကျင်းပသွားမည်ဟု ဒီချုပ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ဆိုသည်။ “အငြင်းပွားမှုမရှိတဲ့ ညီလာခံမျိုးလည်း ကျွန်တော်တို့ မလုပ်ချင်ဘူး ၊ အဲ့ဒါက ဒီမိုကရေစီမဟုတ်ဘူး။ ဗဟိုချုပ်ကိုင်မှုနဲ့ ညီလာခံ လုပ်သွားရင်တော့ အငြင်းပွားမှုမရှိဘူး ၊ တိုင်းပြည်အတွက်လည်း အကျိုး မရှိဘူး ၊ အနာဂတ်အတွက်လည်း အကျိုးမရှိဘူး ၊ အငြင်းဘယ်လောက်ပဲပွားပွား ဒီနည်းလမ်းနဲ့ပဲ ကျွန်တော်တို့ လုပ်သွားမှာပါ။” ဟု ဒီချုပ်ပါတီ ကော်မရှင်အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောသည်။

Read More »

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပမည်

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ သိသာထင်ရှားစွာ ပေါ်ထွက်လာခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဦးဆုံးအကြိမ် ညီလာခံကြီးကို မတ်လ ၈ ရက်မှ ၁၀ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း ဖေဖေါ်ဝါရီ ၁၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၈၈ ခုနှစ် အရေးအခင်းပြီးချိန်တွင် စတင်တည်ထောင်ခဲ့သော နိုင်ငံရေးပါတီကြီး ဖြစ်ပြီး ပထမဆုံးအကြိမ် ညီလာခံကို ၂၀၁၃ ခုနှစ် မတ်လတွင် စတင် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Read More »

နေရာရွှေ့ပြောင်းရေးအတွက် အများဆန္ဒအလေးထားသွားမည်ဟု ဦးဆန်းဆင့် ပြောကြား

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌအား လက်ရှိရာထူးတာဝန်တွင်ဆက်လက်ထမ်းဆောင်ပေးပါရန် ယမန်နေ့က ကျောင်းကုန်းနှင့်ကျုံပျော်မြို့နယ်မှ ဒေသခံတစ်ရာကျော်က ဇန်န၀ါရီ(၁၉)ရက်နေ့ နေ့လည်ပိုင်းက ပုသိမ်မြို့ရှိ တိုင်းလွှတ်တော်ရုံးတွင် လာရောက်တောင်းဆိုခဲ့ကြသည်။ “ဒု.ဗိုလ်ချုပ်ကြီးအငြိမ်းစားတစ်ယောက်အနေနဲ့ကျွန်တော်တို့ပြည်သူတွေအပေါ်မှာ တစ်သားတည်း သဘောထားပြီး အောက်ခြေကျေးရွာတောင်ခြေတွေအထိ ကိုယ်တိုင်ကွင်းဆင်းလေ့လာပေးတဲ့အထိ ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးခဲ့တဲ့သူ့ကို အစားထိုးလို့ မရပါဘူး၊ ဒါ့ကြောင့် ဒီလိုလာရောက်တောင်းဆို ကြတာပါ”ဟု ကျုံပျော်မြို့မှ လာရောက်တောင်းဆိုသူတစ်ဦးက ပြောသည်။

Read More »