Friday , September 22 2017
Home / သတင်း / ပါတီသတင်း (page 10)

ပါတီသတင်း

ဒေါ်အောင်ဆန်းစုကြည်မှ မဲဆွယ်စည်းရုံးရာတွင် လုံခြုံရေးအရ ကျည်ကာဝတ်ရန်အကြံပေးမှုကို ငြင်းပယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လုံခြုံရေးအရ ကျည်ကာဝတ်ရန် အကြံပေးသည်ကို ငြင်းပယ်လိုက်ပြီး လုံခြုံရေးအတွက် ဘတ်ဂျတ်သီးသန့်ထားရှိခြင်း လုပ်ဆောင်ထားခြင်း မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုအောင်နိုင်ရေးအဖွဲ့မှ သိရှိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်များသို့ မဲအသိပညာပေးဟောပြောပွဲများနှင့် ပါတီစည်းရုံးရေးလုပ်ငန်းများအတွက် သွားရောက်မည်ဖြစ်ရာ ၎င်း၏ လုံခြုံရေးအတွက် အကြံပေးသည်ကို ငြင်းလိုက်ခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့မှ ဦးဝင်းထိန်က ပြောသည်။

Read More »

NLD ပါတီဝင်များ အချင်းချင်းဒုက္ခရောက်အောင်ပြုလုပ်ပါက ပါတီမှထုတ်ပယ်မည်

အောင်ကျော်ဟိန်း(မြစ်မခ)   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အချင်းချင်းဒုက္ခရောက်အောင် ပြုလုပ်ပါက ပါတီမှထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ကျောက်ဖြူကုန်းကွင်းတွင် စက်တင်ဘာလ(၁၉) ရက်က မဲဆွယ်စည်းရုံးရေးဟောပြောပွဲတွင်ပြောကြားလိုက်ခြင်းဖြစ်သည်။

Read More »

တိုင်းဧရာဝန်ကြီးချုပ် NLD ပါတီကို အပုပ်ချပြီး ဌာနဆိုင်ရာအကြီးအကဲများကို မဲဆွယ်

မျိုးမင်းထွန်း – ဧရာဝတီတိုင်း (မြစ်မခ) ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ပုတ်ခတ်ကာ တိုင်းဒေသကြီးအတွင်းရှိ ဌာနအသီးသီးမှ အရာရှိကြီးများကို မဲဆွယ်စည်းရုံးခဲ့ကြောင်း သိရှိရသည်။ စက်တင်ဘာလ ၁၉ ရက်နေ့က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သော ရွေးကောက်ပွဲ လုံခြုံရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများတွေ့ဆုံပွဲတွင် ၀န်ကြီးချုပ်ဦးသိန်းအောင်က မဲဆွယ်ခဲ့ခြင်းဖြစ်သည်။

Read More »

ဂန့်ဂေါ ကပစနယ်မြေအတွင်း NLD မဲဆွယ်စည်းရုံးခွင့် စက်ရုံမှူး တားမြစ်

နေခြည်(မြစ်မခ)   မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကပစ (၂၃)နယ်မြေအတွင်းရှိ ကျေးရွာများသို့ မဲဆွယ်စည်းရုံး ရန် ပြောဆိုခဲ့သော်လည်း လက်ထောက်စက်ရုံမှူးမှ တားမြစ်ခဲ့သဖြင့် သက်ဆိုင်ရာ ကော်မရှင်အဆင့် ဆင့်ထံ ကန့်ကွက်တိုင်ကြားသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး NLD ပါတီအလုပ်အမှုဆောင် အဖွဲ့ထံမှ သိရသည်။ “တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စမှာ နိုင်ငံရေးပါတီတွေဟာ နိုင်ငံရဲ့အနှံ့အပြားမဲဆွယ်စည်းရုံးခွင့်ရှိရမယ် ဆိုတာဟာ တရားတဲ့အခွင့်အရေးတစ်ရပ်ပါ။ ဒီဖြစ်စဉ်မှာ ကပစ(၂၃)ပိုင်နယ်မြေဆိုပေမယ့် ပြည်သူ   လူထုတွေနေထိုင်တဲ့ ကျေးရွာတွေဆီကို သွားရောက်စည်းရုံးမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းအတွင်း မှာရှိတဲ့ ကျေးရွာတွေဖြစ်လို့ သွားလာမဲဆွယ်စည်းရုံးခွင့်ရှိပါတယ်။ ဒါကို စက်ရုံမှူးက တားမြစ်တယ် ဆိုတာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးအပေါ်မှာ ပူးပေါင်းပါဝင်မှုမရှိဘဲ မဲဆွယ်စည်းရုံးရေးကို ဟန့်တားနှောက်ယှက်တဲ့ သဘောဖြစ်နေလို့ ရွေးကောက်ပွဲဥပဒေနဲ့ လုံးဝဆန့်ကျင်နေတဲ့အတွက် လိုအပ်သလို …

Read More »

ဒေသခံများကန့်ကွက်၍ ကျောက်ဖြူနှင့်သံတွဲခရိုင်၌ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်များ အသစ်လဲလှယ်နေရ

အာရကန်ကိုကို (မြစ်မခ) ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်နှင့်သံတွဲခရိုင်အတွင်း ကျေးရွာအချို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ “ရခိုင်တိုင်းရင်းသားများ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ”ဟု ရေးသားထားသည့် ဆိုင်းဘုတ်ထူမှုအပေါ် ဒေသခံများမှကန့်ကွက်ခဲ့သည့်အတွက် အပိုစာသားပါ ဆိုင်းဘုတ်များကို စာသားဖြုတ်ခြင်း၊ ဆိုင်းဘုတ် အသစ်လဲလှယ်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။ အပိုစာသားပါဆိုင်းဘုတ်များကို ဖော်ဝါရီလနှင့် မတ်လတို့တွင် စိုက်ထူခဲ့ပြီး ပြန်လည်ပြုပြင်၊ အသစ် လဲလှယ်မှုကို သြဂုတ်လမှ စတင်ကာ လက်ရှိအချိန်ထိ ပြုလုပ်လျှက်ရှိခြင်းဖြစ်သည်။

Read More »