Friday , September 22 2017
Home / သတင်း / ပါတီသတင်း

ပါတီသတင်း

ကျိုင်းတုံမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင် အနိုင်ရရှိခဲ့သူကို NLD ကန့်ကွက်မည်

ဇော်မင်း (မြစ်မခ) ရန်ကုန်၊ ဧပြီ ၂၁ ရက်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ ကျိုင်းတုံမြို့နယ်အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဦးရှာမွေလရှဲန်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါမဲဆန္ဒနယ်တွင် USDP ပါတီမှ ဦးရှာမွေလရှဲန်က မဲအများဆုံးဖြင့်အနိုင်ရရှိခဲ့ခြင်းကို ဒုတိယမဲအများဆုံး ရရှိခဲ့သည့် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝဏ္ဏစိုးက ဧပြီလ နောက်ဆုံးအပါတ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

Read More »

ကျိုင်းတုံတွင် NLD မဲဆွယ်စည်းရုံးရေး မော်တော်ယာဉ်နှစ်စီး ဖျက်ဆီးခံရ

ထက်တိုင်းကျော် (မြစ်မခ) ကျိုင်းတုံ၊ မတ် (၃၁) ရက်။ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဲဆွယ်စည်းရုံးရေး မော်တော် ယာဉ်(၂)စီး ရှေ့လေကာမှန်များ ဖျက်ဆီးခံခဲ့ရကြောင်း တာချီလိတ်မဲဆန္ဒနယ်မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်ထံမှ သိရှိရသည်။

Read More »

ရခိုင်မျိုးချစ်ပါတီ (APP) က မြို့နယ်ကော်မတီနှင့် ကျေးရွာကော်မတီများ စတင် တိုးချဲ့ဖွဲ့စည်းနေ

ပန်လှအောင် (မြစ်မခ) မင်းပြား၊ ဖေဖော်ဝါရီ (၂၃)ရက်။ ရခိုင်ပြည်နယ်အခြေစိုက် ရခိုင်မျိုးချစ်ပါတီ(APP)က ရခိုင်ပြည်နယ်ရှိ မာန်အောင်မြို့နယ် အပါအ၀င် ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွအစရှိသည့် ပြည်နယ်တောင်ပိုင်း မြို့နယ်များတွင် မြို့နယ်ကော်မတီနှင့် ကျေးရွာ ကော်မတီများ စတင်တိုးချဲ့ဖွဲ့စည်းနေကြောင်း သိရှိရသည်။   

Read More »

ပြည်ခိုင်ဖြိုးပါတီမှာ ဖြူစင်ဖြောင့်မတ်သည့်ပါတီဖြစ်ပြီး ဥပဒေချိုးဖောက်မှုမရှိခဲ့ကြောင်း ပါတီအတွင်းရေးမှူး ပြော

မင်းအံ့သွန်း (မြစ်မခ) ရန်ကုန်၊ ဇန်နဝါရီ (၂၃) ရက်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ဖြူစင်ဖြောင့်မတ်သည့် ပါတီဖြစ်ပြီး ရွေးကောက်ပွဲဥပဒေများကို ချိုး ဖောက်ခဲ့ခြင်း မရှိကြောင်း ယင်းပါတီမှ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ပြောကြားလိုက်သည်။

Read More »

အမ်းမြို့နယ်မှ ကြားဖြတ်ရွေးကောက်ပွဲဝင်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီအနေဖြင့် အနိုင်ရလိုကြောင်း ပါတီ ဥက္ကဌ ဒေါက်တာအေးမောင် ပြောကြား

အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ ဇန်န၀ါရီ(၁၁)ရက်။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် လစ်လပ်နေသည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာ အတွက် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းမှာ ပါတီကိုယ်စားပြုကာ အနိုင်ရလိုကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောဆိုလိုက်သည်။

Read More »