Wednesday , November 29 2017
Home / သတင်း / လွှတ်တော်သတင်း (page 4)

လွှတ်တော်သတင်း

ဖားကန့်နယ်မြေအတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အစီရင်ခံစာကို အမျိုးသားလွှတ်တော်ဥက္ကဌထံ တင်ပြမည်

အေမီအောင် (မြစ်မခ) ရန်ကုန်၊ ဧပြီ (၁၈) ရက်။ ကချင်ပြည်နယ်၊ ဖားကန့်နယ်မြေအတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအခြေအနေမှန်များကို အမျိုးသားလွှတ် တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရာကော်မတီက ရေးသားထားသည့် အစီရင်ခံစာအား  ဧပြီလကုန်တွင် အမျိုးသားလွှတ်တော်ဥက္ကဌထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။  

Read More »

ရဲတပ်ဖွဲ့ကို တည့်မတ်ထိန်းကျောင်းနိုင်ရေးအဆို ပဲခူးတိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေး

မျိုးမြတ် (မြစ်မခ) ပဲခူး၊ မတ် (၂၄) ရက်။ ပဲခူးတိုင်းဒေသကြီးအတွင်း လောင်းကစား၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတို့ကို ဥပဒေနှင့်အညီ ကြပ် မတ်ထိန်းကွပ်နိုင်ရေးနှင့် ကျင့်ဝတ်စည်းကမ်းနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရဲတပ်ဖွဲ့ကို တည့်မတ်ထိန်းကျောင်းနိုင်ရေးအဆိုကို ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

Read More »

Lighting Festival ပွဲတော်သည် အခြေအနေအချိန်အခါအရ မသင့်တော်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဝေဖန်

စောခ(မြစ်မခ) ရန်ကုန်၊ မတ်လ(၂၃) ရက်။ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ရင်ပြင်အတွင်း ကျင်းပပြုလုပ်နေသည့် Lighting Festival ပွဲတော်သည် အခြေအနေ အချိန်အခါအရ မသင့်တော်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဝေဖန်ပြောဆို လိုက်သည်။

Read More »

ရန်ကုန်တိုင်းလွှတ်တော်တွင် ကိုယ်စားလှယ်များ မေးခွန်းမေးရန် အချိန်(၅)မိနစ်သာ ခွင့်ပြုမည်

  စောခ (မြစ်မခ) ရန်ကုန်၊ မတ်လ (၂၃) ရက်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မတ်လ (၂၃)ရက်မှ စတင်ကာ လွှတ်တော်ကိုယ်စားလှယ်များကို မေးခွန်း မေးမြန်းခွင့် အချိန်(၅)မိနစ်သာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဌ၏ ပြောကြားချက်အရ သိရှိရသည်။ “လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်းမေးတဲ့အခါ တိုတိုတုတ်တုတ်ပဲ မေးကြပါ။ ငါးမိနစ်ပြည့်တဲ့အခါ တစ်ခါတည်း အော်တို ဖြတ်ပါမယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်းက ပြောသည်။

Read More »

ကချင်ပြည်နယ်ကိုယ်စားပြု စိုက်ပျိုးရေးသုတေသနမျိုးသန့်ခြံတစ်ခု တည်ဆောက်နိုင်ရန်အဆို ကချင်ပြည်နယ် လွှတ်တော်တွင် မှတ်တမ်းတင်

အေမီအောင်(မြစ်မခ) ရန်ကုန်၊ မတ် (၂၂) ရက်။ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ကချင်ပြည်နယ် ကိုယ်စားပြု စိုက်ပျိုးရေး သုတေသန မျိုးသန့်ခြံ တစ်ခုတည်ဆောက်နိုင်ရန် အဆိုနှင့် ပက်သက်၍ လုပ်ငန်းအကောင်အထည်ဖော်ရန် စိုက်ပျိုးရေး ဦးစီးဌာနရုံး ချုပ်က စီမံခန့်ခွဲပြီးဆောင်ရွက်ရမည်ဖြစ်ရာ ပြည်ထောင်စုဝန်ကြီးထံ တင်ပြပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။  

Read More »