Saturday , January 13 2018
Home / သတင်း / လွှတ်တော်သတင်း (page 36)

လွှတ်တော်သတင်း

လူနာတင်ယာဉ်နှင့်ဆရာဝန်များ လွှတ်တော်အနီးတွင် အဆင့်သင့်ထားရှိ

ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမအကြိမ်ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် လွှတ်တော်တွင်း၌ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကွယ်လွန်ပြီးနောက် လွှတ်တော်အစည်းအဝေးခန်းမအနီးတွင် လူနာတင် ယာဉ်နှင့် ဆရာဝန်များအသင့်ထားရှိရေးအတွက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ “ခုနက မေးခွန်းကဏ္ဍမှာ ဦးခိုင်မောင်ရည်ပြောကြားသွားတဲ့ လွှတ်တော်အစည်းအဝေးခန်းမအနီးမှာ Ambulance ကားနဲ့ ဆရာဝန်များအသင့်ထားရှိရေးအတွက် လည်းဆောင်ရွက်ပြီးဖြစ်ပါတယ်။” ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကပြောသည်။

Read More »

ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပစဉ် ကိုယ်စားလှယ်တစ်ဦး သေဆုံး

 နိုဝင်ဘာလ(၁၄)ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(၂၂)ရက်မြောက်နေ့၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပန်ဘဲတန်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းမှာ လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်အတွင်း ရုတ်တရက်လဲကျပြီး သေဆုံးခဲ့သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းထံမှသိရသည်။ “ပန်းဘဲတန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဆန်း အစည်းအဝေးအတွင်း ရုတ်တရက် လဲကျ ။ ဝိုင်းဝန်းပြုစု သည့်ကြားကအသက်မကယ်နိုင်ဘဲ သေဆုံး ။” ဟု ၎င်း၏ လူမှုရေးစာမျက်နှာ၌ ဓါတ်ပုံနှင့်တကွဖော်ပြခဲ့သည်။

Read More »

မြန်မာကျပ်ငွေစက္ကူများ၌ ဗိုလ်ချုပ်ပုံပြန်လည်အသုံးပြုနိုင်ရေး ဆွေးနွေးမည်

မြန်မာနိုင်ငံဗဟိုဘဏ်မှ နောင်တွင် ထုတ်ဝေသုံးစွဲမည့် ငွေစက္ကူများပေါ်၌ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံများပုံနှိပ်သုံးစွဲနိုင်ရေး ပြည်ထောင်စုအစိုးရနှင့် ဆွေးနွေးညှိနှိုင်းဖော်ပြသွားမည်ဟု ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။ ငွေစက္ကူများပေါ်၌် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံများဖြင့် ပြန်လည်ထုတ်ဝေပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်း ကြောင်း အဆိုကို သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဦးသိန်းညွန့်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

Read More »

ဌာနဆိုင်ရာအုပ်ချုပ်ရေးများကို ကြပ်မတ်ရန်တင်သွင်းသည့်အဆို တိုင်းဧရာလွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအနေဖြင့် အောက်ခြေတွင် မပြောင်းလဲသေးသည့် ဋ္ဌာနဆိုင်ရာ အုပ်ချုပ်ရေးများကို ကြပ်မတ်ပေးရန် နိုဝင်ဘာ ၆ ရက်နေ့က စတင်ကျင်းပသော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အဋ္ဌမ ပုံမှန်အစည်းအဝေး၌ ငပုတောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ကအဆိုတင်သွင်း ခဲ့ကြောင်းသိရသည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရတို့၏ လမ်းညွှန်းချက်များ၊ မူဝါဒများကို အောက်ခြေ အဆင့်အုပ်ချုပ်ရေးအဖွဲ့ အချို့နှင့် ဋ္ဌာနဆိုင်ရာ အချို့မှ လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ကိစ္စရပ်များအား တိုင်းဒေသကြီးအစိုးရအနေဖြင့် ကြပ်မတ်ဆောင်ရွက်ပေးရေးအဆိုကို ငပုတောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

Read More »

အရက်ဆီတိုက်ရိုက်ရောင်းချခြင်းမပြုရန် ညှိနှိုင်းဆောင်ရွက်မည်

အသည်းရောဂါဖြစ်ပွား၍ အသက်အန္တရယ် ထိခိုက်စေနိုင်သည့် အရက်ဆီ(BEDC)များကို အများပြည်သူတို့ထံတိုက်ရိုက် ရောင်းချခြင်းမပြုရန် သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေး ရေးဦးစီးဌာနတို့မှ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်းအောင်က ပြည်သူ့ လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး၌ ပြောကြားခဲ့သည်။ “ပုဂ္ဂလိက အရက်ချက်စက်ရုံများကနေ အန္တရယ်ကင်းစွာ သောက်သုံးနိုင်တဲ့ အခြေအနေမဟုတ်တဲ့ အရက်ဆီတွေကို ပြည်သူ တွေဆီ ဖြန့်ဖြူးရောင်းချခြင်းမပြုဖို့ သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ စက်မှု့ဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်သွားမယ်” ဟု ဒုတိယ၀န်ကြီးက အဋ္ဌမပုံမှန်အစည်းအဝေး (၁၆)ရက် မြောက်နေ့၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

Read More »